အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Shoon Lae Lae Oo
လွန်ခဲ့သော ၄ နှစ် က · တန့်ဆည်

ပိုးသတ်ဆေး/မှိုသတ်ဆေး/ပေါင်းသတ်ဆေးအကြောင်းကို အခုမှစလေ့လာမှာမို့ ဘယ်လိုလေ့လာသင့်ပါသလဲရှင့်/ဆေး AI တွေအကြောင်းကို (ဥပမာ_ဒီပိုးကို ဒီဆေးAI သုံးသင့်တယ်)ဆိုတာမျိုးတွေ လေ့လာချင်ပါတယ်ရှင့်/စာအုပ်တွေညွှန်းပေးဖို့တောင်းဆိုပါတယ်ရှင်

စိုက်ပျိုး ဗဟုသုတ မြေပဲ ပိုးသတ်ဆေးအေအိုင်များ
1

ဖြေကြားချက် ၁ ခု

ဖုန်းမဏ်တိုး
ဖုန်းမဏ်တိုး အတည်ပြုပြီး 217,424 လွန်ခဲ့သော ၄ နှစ် က

အေအိုင်တွေနဲ့ပတ်သတ်လာရင် ကိုယ်တွေ့လေ့လာဖြစ်တဲ့ အတွေ့အကြုံကိုမျှဝေပေးပါမယ်၊ ကျွန်တော်စဖတ်ဖြစ်ခဲ့တာက ဆရာ ကံမြင့်ရဲ့ စပါးပေါင်းသတ်ဆေး စာအုပ်ပါ၊ အရမ်းသဘောကျပါတယ်၊ တစ်ခြား ဆေးအေအိုင် စာအုပ်တွေလဲ ဈေးကွက်ထဲမှာ ရှိပါတယ်၊ နောက်ပြီး မှိုသတ်ဆေးအနေနဲ့ ပိုးသတ်ဆေးကတော့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှာ လုပ်ခဲ့ဖူးတော့ သင်ခန်းစာတွေမှာပါခဲ့တယ် သို့ပေမယ့် ဆေး အေအိုင် အသစ်အသစ်တွေက ဈေးကွက်ထဲမှာ ပေါ်လာနေတော့ သင်ရိုးစာအုပ်ထဲက တစ်ချို့ အေအိုင်တွေနဲ့ မကိုက်နေတော့ပါ၊ တစ်ချို့ ဘီနိုမိုင်းတွေ ကာဘိုဖျူရမ် တွေ ဆိုလဲ ဘန်းတာတွေ သုံးဖို့ တားဖြစ်တာတွေရှိနေတော့၊ ကျောင်းစာအုပ်ထဲက ဆေးအေအိုင်တွေနဲ့ အပြင်လောကက ဈေးကွက်ထဲကဆေးအေအိုင်တွေမတူလာတာဖြစ်ခဲ့တယ်၊ အဲ့အချိန်မှာ ကျွန်တော်က ဒေသတစ်ခုကိုရောက်တိုင်း အဲ့ဒေသက စိုက်ဆေးဆိုင်တွေကို သွားခဲ့တယ် အပင်အားဆေးလေး မြေဩဇာ အထုတ်သေးလေး ဝယ်ပြီး သူတို့ဆိုင်မှာ ဘာဆေး အေအိုင်တင်လဲ မှတ်ရတယ်၊ ပြီးတော့ အဲ့အေအိုင် တစ်ခုခြင်းဆီရဲ့ လုပ်ဆောင်ချက်တွေကို reference ကျမ်းကိုးစာအုပ်တွေ၊ သုတေတန စာတမ်းတွေ၊ ဖတ်ပြီးပြန်ရှာရပါတယ်၊ ခုနောက်ပိုင်းမှာတော့ facebook တွေကနေခေတ်စားလာပြီဆိုတော့ စိုက်ဆေးကုန်မဏီ ရဲ့ facebook စာမျက်နှာတွေကို သွားရောက်ပါတယ်၊ ဆေးအမည်အလိုက်၊ နိုင်တဲ့ရောဂါ ပိုးအလိုက် တကယ်ကော အဲ့ အေအိုင်က အဲ့ ပိုးရောဂါ ပေါင်းကို နိုင်မနိုင်တွေ မှတ်ရပါတယ်၊ အဲ့လိုလေ့လာဖြစ်ခဲ့ပါတယ်၊ ဒါ့အပြင် အခုဆိုရင် ဆေးအေအိုင်ပိုင်းရေးတဲ့ ဆောင်းပါးတွေ၊ စာအုပ်တွေ ကို facebook တွေမှာ တွေ့မြင်နေရပြီဖြစ်လို့ အဆင်ပြေနေပါပြီ၊ အေအိုင် အကုန်တော့မဟုတ်သေးဖူးပေါ့၊ စုပြီး သေချာမှတ်ရင်တော့ အရမ်းအကျိုးရှိပါတယ်၊ သတင်းကောင်းလေးကတော့ ခုနောက်ပိုင်းမကြာခင်မှာ အခုအစိမ်းရောင်လမ်းကနေ အဲ့ဒီပြသနာ အတွက်ဖြေရှင်းပေးဖို့ အစီစဉ်ဆွဲ နေပါတယ်နော်၊ အဲ့ကြရင် အေအိုင်တွေကို တစ်စုတစ်စီးထဲ အကြိုက်လေ့လာ နိုင်ပါမယ်၊

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။