အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ကိုဖြိုးမင်းသူ
လွန်ခဲ့သော ၄ နှစ် က · ရေကြည်

ငါးအမိုင်နိုအက်စစ် လုပ်ထားတာ လောက်ကောင်တွေတက်လို့ ဘယ်လိုေြုာင့်ဖြစ်တယ်ဆိုတာရှင်းပြပေးပါခင်ဗျာ. ဘယ်လိုပြုပြင်ရမလဲခင်ဗျာ နည်းပေးလမ်းပြပေးပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
အပင်အာဟာရ စပါး

ဖြေကြားချက် ၅ ခု

နှင်းဖြူဖြူ
နှင်းဖြူဖြူ အတည်ပြုပြီး 161,188 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

၀၉.၇၉၂၅၀၈၁၀၁ ကို ဖုန်းဆက် ပြီး သိလိုတာကို မေးလို့ရပါတယ်

နှင်းဖြူဖြူ
နှင်းဖြူဖြူ အတည်ပြုပြီး 161,188 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

🦈🐟🐠ငါးအမိုင်နိုအက်စစ်🐠🐟🦈 ကျနော်ကိုယ်တိုင် လက်တွေ့ဖော်စပ် အသုံးပြုနေသော ငါးအမိုင်နိုအက်စစ် Fish Amino Acid(FAA) ဖော်စပ်အသုံးပြုနည်းပါဗျာ 👇👇လိုအပ်သောပစ္စည်းများ👇👇 ၁/ ငါး(သို့) ငါးစွန့်ပစ်ပစ္စည်းများတပိသာ ၂/ သကာရည်၊တင်းလဲရည်၊တပိသာ ၃/ EM ပြင်းတလီတာ ၄/ စဉ့်အိုး(သို့)ပလပ်စတစ်ပုံး (သုံးပိသာဆန့်) ၅/ သတင်းစာစက္ကူ ၆/ ကြွပ်ကြွပ်အိပ်အမဲ ၇/ ပီနံကြိုး ၈/ သစ်သားယောင်းမ(သို့)ဖိုင်ဖာပိုက်အတို ၉/အဝတ်ပါးစ 👇👇👇ဖော်စပ်ပုံ👇 သကာရည်အလွယ်မရလျှင် ထန်းလျက်၊သကြားညို တပိသာကို ရေနှစ်လီတာထည့်ကြိုပါ ပွက်ပွက်ဆူပြီး အတန်ကြာရင် အိုးကိုချကာ အအေးခံပါ ငါးတပိသာကို ရေစင်အောင်ဆေးပါ စဉ့်အိုးကိုလဲ ရေစင်အောင်ဆေးပြီး ငါးများကိုထည့်ပါ အအေးခံထားသော သကာရည်တပိသာကိုငါးထည့်ထားတဲ့ စဉ့်အိုးထဲလောင်းထည့်ပါ စဉ့်အိုးရဲ့သုံးပုံတပုံလေဟာနယ်ကျန်ပါစေ EMပြင်းတလီတာကို ရေနှစ်လီတာဖြင့်ရောစပ်ကာ လောင်းထည့်ပြီး ယောင်းမဖြင့် နှံ့စပ်အောင် ကြာကြာမွှေပေးပါ (အထူးသတိပြုရန်မှာ ယင်မနားအောင်ဂရုစိုက်ပါ) ပြီးရင် စဉ့်အိုးကို သတင်းစာစက္ကူဖြင့်အုပ်ပါ၊ ကြွပ်ကြွပ်အိပ်အမဲထပ်အုပ်ပြီး ပီနံကြိုးဖြင့် စီးပေးပါ ၊အပေါ်မှ သွပ်ပြား တင်ကာ အုတ်ခဲဖိထားပါ အရိပ်ရပြီး အေးသောနေရာမှာ ထားပေးပါ တရက် နှစ်ရက်ဆို ငါးပုပ်နံ့ထွက်လာပါမယ် ၇ ရက်ပြည့်လျှင် အိုးကိုဖွင့်ကာ နှံ့စပ်အောင်မွှေပေးပါ ပုပ်နံ့သက်သာလာပါမယ် မွှေပြီးရင် လုံအောင်ပြန်စီးပေးပါ နောက်ထပ် ၇ရက်တကြိမ် မွှေမွှေပေးပါ ၄၅ ရက်ဆိုရင် ငါးများကြေသွားပြီး အရည်ပျော်သွားပါပြီ အရည်ပျစ်နေက ရေနှစ်လီတာထပ်ရောမွှေကာ အဝတ်ပါးစဖြင့်စစ်ယူပါ စစ်ယူရရှိသော အရည်ဟာ မွှေးကြိုင်သင်းပျံ့နေသော ငါးအမိုင်နိုအက်စစ်ဖြစ်ပါပြီဗျာ စစ်ဖတ်များကို မြေဆွေးပုံ လုပ်ရာတွင်အသုံးပြုနိုင်ပါသည် (အပင်ခြေရင်းမပုံရပါ အပင်သေနိုင်သည်) ပုပ်နံ့နံ့နေရင် ငါးအမိုင်နိုမဖြစ်သေးပါ ပုပ်နံ့ထွက်နေရင် သကာရည်ထပ်ထည့်ပြီး မွှေကာ ၁၅ ရက် လောက်ထပ်ထားပေးပါ 👍👍👍အသုံးပြုပုံ👍👍👍 လေးဂါလံဆေးဖြန်းပုံးတပုံးလျှင် ဟင်းစားဇွန်း သုံးဇွန်း(30cc) နှုံးထည့်ဖြန်းပါ 👍👍👍သတိပြုရန်👍👍👍 ကိုယ်အသုံးပြုတဲ့ ပစ္စည်းအပေါ် မူတည်ပြီး အဟာရတန်ဘိုး ကွဲပြားနိုင်ပါသည် အဟာရတန်ဘိုးမတူလျှင် အသုံးပြုတဲ့ နှုံးထား ကွဲပြားနိုင်ပါသည် 👇👇👇👇👇👇👇👇👇👇👇👇👇👇👇 အောက်တွင် ပြုလုပ်ပုံအဆင့်ဆင့် ပုံများ ပါရှိပါသည် ဦးဝင်းနိူင် ကွမ်းစိုက်ပျိုးရေး မုံရွာ မြို့ Ph 09787938771 09450081032 မူရင်းတင်သူ လေးစားစွာ ခရက်ဒစ်ပါ ငါးကလီစာ အရေခွံ ခေါင်း အရိုး များကို အသုံးပြု၍လည်း လုပ်လို့ ရပါတယ်ရှင် Aye Aye Thike

နှင်းဖြူဖြူ
နှင်းဖြူဖြူ အတည်ပြုပြီး 161,188 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ဒီနည်းလေးကို သုံးပြီး ပြုလုပ်ကြည့်ပါလား

နှင်းဖြူဖြူ
နှင်းဖြူဖြူ အတည်ပြုပြီး 161,188 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ငါးအမိုင်နို စလုပ်ရင် ငါးကို ရေစင်အောင်ဆေးကြောပြီး ထည့်ရပါမယ်။ EM ထည့် မွှေ နေချိန်မှာ ယင်မနားရအောင် အထူးဂရုပြုရပါမယ်

S Su
S Su 1,627 လွန်ခဲ့သော ၄ နှစ် က

အချိုထပ်ပီးထည့်ပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။