ဖြေကြားချက် ၁ ခု
အီးအမ်အပြင်းကိုတော့အသုံးပြုလို့မရပါဘူး။ အသင့်သုံးအီးအမ်ဖျော်စပ်ပြီးမှ မြေမှာတိုက်ရိုက်အသုံးပြုရတာပါ။ အသင့်သုံးအီးအမ် ဖျော်စပ်ပုံအချိုးအစားက (EM3) အသင့်သုံးအီးအမ် EM2 အီးအမ်အပြင်း တစ်လီတာ၊ တင်လဲရေ/ ထန်းလျှက်အညိုကျိုရေ/ သကြားအညိုကျိုရေ/ သကာရေ ရရာတစ်လီတာ၊ ရေသန့် ၂၀ လီတာ အားလုံးကိုရောပြီး အေး၍ခြောက်သွေ့သော နေရာ၊ နေရောင်တိုက်ရိုက် မထိတွေသောနေရာတွင် ၇ ရက်တစ်ပတ်ထားပါ။ ရက်ပြည့်လျှင် အသုံးပြုနိုင်ပါသည်။ (Em3) အသင့်သုံးအီးအမ်ကို မြေပြင်ချိန် အနံဆိုးများနှင့် မွေးမြူရေးခြံ များ၊ အော်ဂဲနစ် စိုက်ပျိုးရေးဆေးများ အသုံးပြုရာတွင် မူလဆေးအစွမ်းထက်ရန် ရောစပ်အသုံး ပြု နိုင်ပါသည်။ အကျိုးပြုအဏုဇီဝပိုးမွှား(EM) အဆင့်ဆင့်ပွားနည်းများ ဒီဆောင်းပါးထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ အသင့်သုံးအီးအမ်ကို တစ်ဧကမှာ လီတာ ၂၀ နှုန်းထားဖြင့်ထည့်နိုင်ပါတယ်။ အဲ့ ၂၀ ကိုရေရောရပါတယ် အီးအမ် တစ်စမှာ ရေ (၅၀၀-၁၀၀၀) အထိ ရောစပ်ဖြန်းပေးရပါတယ်။
ဆက်စပ်မေးခွန်းများ
မူလemပြုလုပ်နည်လေ လင်ပါအုန် ဆရာသမာများ
ဖြေကြားချက် 1 ခု
EMဖေျာ်ရည် အလွယ်တကူ ပြုလုပ်နည်း သိချင်ပါသည်
ဖြေကြားချက် 2 ခု
အသင့်သုံး EM ပြုလုပ်နည်းများကို ရှင်းလင်းပေးပါခင်ဗျာ
ဖြေကြားချက် 1 ခု
ဆေးရွက်ကြီးဆပ်ပြာပိုးသတ်ဆေးကိုEM ဖျော်ရည်နဲ့ရောပက်လို့ရပါသလား
ဖြေကြားချက် 2 ခု
EM (Effective Microorganism)အပြင်းပြုလုပ်နည်းနှင့် သုံးစွဲပုံလေးသိချင်ပါတယ်ဗျ
ဖြေကြားချက် 4 ခု