အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၂ ခု

177 လွန်ခဲ့သော ၄ နှစ် က

ဘာဆေးသုံးရမလဲဗျ

270,769 လွန်ခဲ့သော ၄ နှစ် က

ရွက်ညိုုပြောက်ရောဂါဖြစ်မယ်ရှင့်။ ရောဂါကျ ပျိုးပင်ပေါ်တွင် သေးငယ်၍ အဝိုင်းပုံရှိပြီး ညိုဝါရောင်နှင့် အညိုရောင်ရှိသော အနာပြောက်များ ဖြစ်ပေါ်သည်။ အနာပြောက်သည် ပျိုးပင်ကို ရစ်ပတ်သွားကာ ပထမ အရွက်နှင့်ဒုတိယ အရွက်များကို တိုသွားစေသည်။ ပင်ပွားထွက်စ အချိန်တွင် ရောဂါပြောက်များကို အရွက်ပေါ်တွင် မြင်ရသည်။ အစတွင် သေးငယ်၍ အဝိုင်းပုံရှိသော အညိုရောင်၊ ခရမ်းညိုရောင် အပြောက်များအဖြစ် မြင်ရသည်။ ရင့်လာသော အပြောက်များသည် ပိုကြီးလာပြီး အဝိုင်းပုံ၊ ဘဲဥပုံများဖြစ်ကာ အပြောက် အလယ်တွင် အညိုဖျော့ရောင်၊ မီးခိုးရောင်တို့ ရှိပြီးဘေးအနားရစ်သည် မှိုမှ ထုတ်သော အဆိပ်ကြောင့် နီညိုရောင် ဖြစ်နေသည်။ ရောဂါဒါဏ် ခံနိုင်ရည်မဲ့သော စပါးမျိုးများတွင် ရောဂါပြောက်သည် (၅-၁၄) မီလီမီတာ အထိရှည်ပြီး အရွက် ညှိုးသွားစေသည်။ ခံနိုင်ရည်ရှိသော မျိုးများတွင် ပင်အပ်ခေါင်းခန့်သာရှိသည့် အညိုရောင် အပြောက် သေးလေးများ သာတွေ့ရသည်။စပါးရွက်ညိုပြောက်ရောဂါ ဒီဆောင်းပါးမှာအသေးစိတ်ဖတ်ကြည့်ပါရှင့်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။