အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
58
လွန်ခဲ့သော ၅ နှစ် က · သိန်းနီ

ဘာရောဂါဖြစ်လဲ ဖြေပေးပါ ဘာဆေးသုံးရမလဲ

ပိုးမွှားရောဂါ စပါး စပါးရွက်ညိုပြောက်ရောဂါ
Post image
1

ဖြေကြားချက် ၁ ခု

270,769 လွန်ခဲ့သော ၅ နှစ် က

ပုံတစ်ပုံတည်းနဲ့ခွဲခြားဖို့ရာခက်ပါတယ်။ စပါးရောဂါတွေရဲ့တစ်ချို့လက္ခဏာတွေက တူသယောင်ယောင်ရှိတဲ့အတွက် အောက်ကစာမှာပါတဲ့လက္ခဏာတွေနဲ့တူလားဆိုတာစစ်ဆေးကြည့်ပေးပါရှင့်။ အကြောင်းပြန်ပေးပါနော်။ ရောဂါ အမျိုးအမည် ခွဲခြားဖေါ်ထုတ်ခြင်း/ လက္ခံပင်ပြလက္ခဏာ ရောဂါကျ ပျိုးပင်ပေါ်တွင် သေးငယ်၍ အဝိုင်းပုံရှိပြီး ညိုဝါရောင်နှင့် အညိုရောင်ရှိသော အနာပြောက်များ ဖြစ်ပေါ်သည်။ အနာပြောက်သည် ပျိုးပင်ကို ရစ်ပတ်သွားကာ ပထမ အရွက်နှင့်ဒုတိယ အရွက်များကို တိုသွားစေသည်။ ပင်ပွားထွက်စ အချိန်တွင် ရောဂါပြောက်များကို အရွက်ပေါ်တွင် မြင်ရသည်။ အစတွင် သေးငယ်၍ အဝိုင်းပုံရှိသော အညိုရောင်၊ ခရမ်းညိုရောင် အပြောက်များအဖြစ် မြင်ရသည်။ ရင့်လာသော အပြောက်များသည် ပိုကြီးလာပြီး အဝိုင်းပုံ၊ ဘဲဥပုံများဖြစ်ကာ အပြောက် အလယ်တွင် အညိုဖျော့ရောင်၊ မီးခိုးရောင်တို့ ရှိပြီးဘေးအနားရစ်သည် မှိုမှ ထုတ်သော အဆိပ်ကြောင့် နီညိုရောင် ဖြစ်နေသည်။ ရောဂါဒါဏ် ခံနိုင်ရည်မဲ့သော စပါးမျိုးများတွင် ရောဂါပြောက်သည် (၅-၁၄) မီလီမီတာ အထိရှည်ပြီး အရွက် ညှိုးသွားစေသည်။ ခံနိုင်ရည်ရှိသော မျိုးများတွင် ပင်အပ်ခေါင်းခန့်သာရှိသည့် အညိုရောင် အပြောက် သေးလေးများ သာတွေ့ရသည်။ ရွက်ဖုံးများပေါ်ရှိ ရောဂါပြောက်များသည် အရွက်များပေါ်မှာ အတိုင်းဖြစ်သည်။ ရောဂါကျ အနှံကိုင်း များနှင့် အစေ့ခွံများပေါ်တွင် အညိုရင့်ရောင်၊ အမဲရောင် ဘဲဥပုံ အနာပြောက်များ ကိုတွေ့ရပြီး အစေ့ခွံ တစ်ခုလုံး အရောင် ပျက်နေတတ်သည်။ အတွင်း ဆန်စေ့တွင်လည်း ရောဂါ ဝင်ရောက် နိုင်သည်။ ပန်းပွင့်တွင်ရောဂါဝင်ရောက်လျှင် အဆန်တည်ခြင်းကို အပြည့်အဝ မဖြစ်စေပဲ ဆန်ရည် ဆန်သားလည်း ညံ့ဖျင်းစေသည်။ ရောဂါဖြစ်မှိုသည် ဆန်သား အတွင်းသို့လည်း ထိုးဖေါက်ဝင်ရောက်ကာ အညိုရောင် အပြောက်များနှင့် ဆန်သား အရောင်ပျက်မှု ဖြစ်စေသည်။ အချို့သော စပါးမျိုးများတွင် စပါးရွက်ညိုပြောက်သည် ကုပ်ကျိုး လက္ခဏာနှင့် မှားယွင်း တတ်သည်။ အဝိုင်းပုံ၊ ဘဲဥပုံ အညိုရောင် အပြောက်များ အလယ်တွင် မီးခိုးရောင်ရှိပြီး ဘေးအနားရစ် နီညိုရောင်ရှိခြင်းနှင့် ခွဲခြား နိုင်သည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။