လိုင်ချီးသီးကိုင်းကူးစိုက်မလို့ပါခင်ဗျ။ အသင့်သုံးသဘာဝမြေဩဇာ ဘယ်အမျိုးအစားအသုံးပြုပြီး ဘယ်လိုစိုက်ပျိုးနည်းက အကောင်းဆုံးဖြစ်မလဲဆိုတာ အကူအညီတောင်းချင်ပါတယ်ခင်ဗျ။ ကျေးဇူးတင်ပါတယ်ဗျ။
Go Gen Toneလိုက်ချီးစိုက်မည်.ဒေသကတောင်ပေါ်ဒေသအေးသောဆောင်းရာရှိသောဒေသဖြစ်ပြီးရေရလျှင်တစ်ပေခွဲပတ်လည်အနဲဆုံးရှိကျင်းတူးပါ၊အပေါ်ရံမြေကိုတစ်ဖက်မှာပုံပြီးအောက်ဖက်ကမြေကိုနောက်တဖက်မှာပုံပါကျင်းကိုပေါ်မြေနဲ.ပထမဖြေ.ပါနွားချေးမြေဆွေးဓာတ်စုံမြေသြဇာလက်တစ်ဆုတ်(နို.ဆီဘူးသုံးပုံတစ်ပုံ)ထည်.သမပါနောက်ကျန်မြေနဲ.ပြေ.ပါလေးငါးရက်ရေလောင်းနှပ်ထားပါ၊မြေသိပ်သွားရင်ဆွပြီးအပင်စိုက်ပါမြေဆိုင်ခဲမပြက်အောင်အိပ်ကိုခွဲပစိုက်ပြီးမြေသိပ်ရေလောင်ဒုတ်စီုက်ကြိုးချိထားပါနေပြင်းရင်အရိတ်လုတ်ပေးပါ
ဟုတ်ကဲ့ပါဗျ ကျွန်တော်ပြောချင်တာက လိုင်ချီးပင်က အပူပိုင်းဒေသမှာလည်း စိုက်ပျိုးလို့ရတယ်ဆိုတာ ပြောပြချင်တာပါ၊ ထိုင်းနိုင်ငံမှာ သွားရောက်လေ့လာခဲ့စဥ်က မြန်မာနိုင်ငံအပူပိုင်းဒေသမှာ လိုင်ချီးပင်ကို စိုက်ပျိုးခိုင်းပါတယ်၊ အပူပိုင်းဒေသမှာ သရက်ပင်စိုက်ကြလားမေးလို့ စိုက်ပျိုးကြကြောင်းပြောတော့ ဒီလိုင်ချီးပင်တွေဟာ သရက်ပင်ထက် အပူဒဏ် ရေဒဏ်ကို ခံနိုင်ကြောင်း၊ စိုက်ပျိုးသင့်ကြောင်းပြောပြလို့ စိုက်ပျိုးကြည့်ရာက အောင်မြင်တာ လက်တွေ့မို့လို့ လိုင်ချီးပင်စိုက်တာ အားပေးတာပါဗျ
ကျွန်တော့်ရဲ့ ပခုက္ကူခြံမှာ အခုလက်ရှိစိုက်ပျိုးထားပါတယ်၊ အပင် ၁၆၀ စိုက်ထားပါတယ်၊ အပင်တွေကို ကျွန်တော်ကိုယ်တိုင် ထိုင်းနိုင်ငံ ချင်းရိုင်ကနေ ဝယ်ယူခဲ့တာပါ ယိုးဒယားမျိုးအစစ်ပါ၊အဲဒီမှာ အပင်ဝယ်ယူရင်း အပင်စိုက်ပျိုးပြုစုနည်းလည်း လေ့လာခွင့်ရခဲ့ပါတယ်၊ အပင်တွေကို ဝယ်ယူပြီး ချက်ချင်းမစိုက်ပျိုးခိုင်းပါဘူး၊ မစိုက်ပျိုးခင် ကိုယ့်ရဲ့ရေမြေသဘာဝနဲ့ ကိုယ့်ရဲ့ခြံမှာအသုံးပြုသွားမယ့်ရေနဲ့အပင်တွေ အဆင်ပြေအောင် ပျိုးခြံလုပ်ပြီး ၁ / ၂လ ပြုစုထားခိုင်းပါတယ်၊ အဲဒီအတောအတွင်း ကိုယ်စိုက်ပျိုးမယ့်နေရာမှာ စိုက်ကျင်းတူးရပါတယ်၊ စိုက်ကျင်းကို အနည်းဆုံး ၂ပေပတ်လည်တူးရပါတယ်၊ ကျင်းတူးပြီးရင်တော့ ကျင်းထဲကို မြက်ခြောက်၊ သစ်ရွက်ခြောက်တွေထည့်ပြီး မီးရှို့ပေးရပါမယ်၊ နောက်တနေ့မှာတော့ စိုက်ကျင်းထဲကို ရေအပြည့်ထည့်ပေးပြီးနှပ်ထားရပါမယ်၊ ညနေပိုင်းမှာ စိုက်ကျင်းထဲကို မြေဆွေး ၁ပေ၊ ဖွဲပြာ၃လက်မ၊ စိုက်ကျင်းမြေ(သို့) ကိုယ်ကြိုက်နှစ်သက်တဲ့မြေ ၆လက်မ၊ ၁၅ပတ်လည် ထမင်းစားဇွန်း ၂ဇွန်း၊ နောက်ထပ်မြေဆွေးနဲ့ ကြိုက်နှစ်သက်တဲ့မြေ တို့ရောပြီး ၁ပေ ထည့်ရပါမယ်၊ အဲလိုထည့်လိုက်ရင် စိုက်ကျင်းက မို့မောက်နေတာ တွေ့ရပါလိမ့်မယ်၊ မို့မောက်နေတဲ့မြေကို ကန်တော့ပုံပြုလုပ်ပြီး ရေထည့်ပေးရပါ့မယ်၊ စိုက်ကျင်းအောက်ခြေထိ ရေဝင်ရောက်မှုရှိအောင် ဝါး(သို့) ခိုင်ခန့်တဲ့တုတ်ချောင်းနဲ့ အောက်ခြေကို ထိုးပေးရပါတယ်၊ အဲဒီလို ရေထည့်ပေးတာ အနည်းဆုံး ၂ပတ် စိုက်ကျင်းကို ရေထည့်ပေးပြီး နှပ်ထားရပါမယ်၊ ပျိုးပင်နဲ့ မိမိခြံကရေ အဆင်ပြေရင် ပျိုးပင်ကနေ အညွန့်လေးတွေထွက်လာပါလိမ့်မယ်၊ အဲဒီလို အညွန့်လေးတွေထွက်လာရင်တော့ စိုက်ကျင်းမှာ စိုက်လို့ရပါပီ၊ အပင်စိုက်ပြီးပါက တတ်နိုင်ရင် တနေ့တစ်ကြိမ် မတတ်နိုင်ရင် ၁ရက်ခြားရေလောင်းပေးရပါ့မယ်၊ မြေချစိုက်တာ ၆လပြည့်ရင်တော့ တစ်ပင်ကို ၁၅ပတ်လည် အများဆုံး ၂ဇွန်းထိ ကျွေးရပါမယ်၊ ရေကတော့ တစ်ပတ် တစ်ခါလောင်းရင် ရပါတယ်၊ လိုင်ချီးပင်ဟာ သရက်ပင်ထက် ရာသီဥတု ဒဏ်ခံနိုင်လို့ စိုက်ပျိုးသင့်တဲ့အပင်ဖြစ်ပါတယ်၊ တကယ်လို့ မိမိစိုက်ပျိုးတဲ့ပျိုးပင်က ကိုင်းကူးဆိုရင်တော့ ၂နှစ်လောက်ဆိုရင် အသီးယူလို့ရပါပြီ၊ အသီးယူတော့မယ်ဆိုရင် နှစ်စဥ်နှစ်တိုင်း ၅လပိုင်း ၆လပိုင်းမှာ အပင်ကို ကိုင်းကူးထားပါ၊ ၈လပိုင်းနောက်ဆုံးထားပြီး ကူးထားတဲ့ကိုင်းတွေကို ကိုင်းဖြတ်ပေးရပါမယ်၊ မိမိလည်း ကိုင်းကူးပင်လည်းရ ကိုင်းဖြတ်ပြီးသားလည်း ဖြစ်ပါတယ်၊ ကိုင်းဖြတ်ပြီးပါက အပင်ကို ရေလုံးဝမပေးရတော့ပါဘူး၊ မိုးရာသီမို့ မိုးရွာလည်း ဘာမှမဖြစ်ပါ၊ ရေလုံးဝလောင်းစရာမလိုပါဘူး၊ ၁၀လပိုင်းမှာ လိုင်ချီးပင်ကို တစ်ပင်လျှင် ၁၅ပတ်လည် နို့ဆီဗူး ၁ဗူးနှုန်းကျွေးရပါမယ်၊ အပင်ရဲ့ ဘေးပတ်လည် ၂ပေအကွာလောက်မှာ ၄နေရာလောက်ကို လက်သီးဆုပ်လောက် အဝကျယ်ထားပြီး ကျင်းတွေတူးပါ၊ တစ်ထွာ(သို့) တောင်ဆုပ်ခန့်တူးပြီး ၁၅ပတ်လည်ထည့်ပြီး မြေပြန်ဖို့ပေးရပါ့မယ်၊ ရေလုံးဝမလောင်းရပါဘူး၊ ၁လပိုင်း(သို့) ၂လပိုင်းမှာ ပန်းပွင့်ဖူးဝင်ပါတယ်၊ ပန်းဖူးပြပြီးဆိုတာနဲ့ ရေကို တတ်နိုင်ရင် နေ့တိုင်းပေးပါ၊ မတတ်နိုင်ရင် ၁ရက်ခြားပေးရပါမယ်၊ ရေပေးနိုင်ပါက ပန်းပွင့်လှပြီး အသီးတင်မှုကောင်းပါတယ်၊ အသီးလည်းကြီးပါတယ်၊ အဖူးအပွင့်အားကောင်းအောင် ရွက်ဖြန်းအားဆေးလည်း ဖြန်းလို့ရပါတယ်၊ အသီးများခူးဆွတ်ပြီးပါက အသီးကိုင်းများကို ကိုင်းကူးထားရပါ့မယ်၊ အခုပြောပြထားတာက ကျွန်တော်လက်တွေ့လုပ်ဆောင်နေတဲ့ အတွေ့အကြုံပဲဖြစ်ပါတယ်၊ ကျွန်တော်လည်း အပင်နဲ့ပတ်သက်ပြီး လေ့လာနေဆဲ မသိသေးသမျှ လုပ်ငန်းတူ စိုက်ပျိုးရေးလုပ်ကိုင်သူတွေဆီ မေးမြန်းနေဆဲပါ၊ ကိုင်းကူးပြီးသား ပျိုးပင်များကို ပျိုးအိတ်ထဲထည့် ပြီးရင် ပျိုးခြံမှာ စီစီရီရီထားပြီး ပျိုးအိတ်တွေကို မြေဖုံးမြုပ်ထားရပါမယ်၊ ၁နှစ်ပြည့်လို့ နောက်ရာသီ ကိုင်းတွေကူးရင်တော့ ပထမကိုင်းကူးပင်တွေက ၁နှစ်သားရှိပြီဖြစ်တဲ့အတွက် ပျိုးပင်ပြန်ရောင်းလို့ရပါပီ။ အဲဒါကတော့ ယိုးဒယားလိုင်ချီးပင် စတင်စိုက်ပျိုးချိန်မှ အသီးခူးဆွတ် ကိုင်းပြန်ကူးရောင်းချမှာ အစအဆုံးပါဗျ၊ ကျွန်တော်ရေးသားမှုနဲ့ပတ်သက်ပြီး လိုအပ်ချက်များရှိပါက အကြံဥာဏ်များပေးစေချင်ပါတယ်၊ ကျွန်တော်စိုက်ထားတဲ့ လိုင်ချီးပင်တွေကိုလည်း တင်ပေးလိုက်ပါတယ်
ကျင်းများကို သုံးပေပတ်လည်တူး၍ ကျင်းအတွင်းသို့ သစ်ရွက်မြေဆွေးနှင့် အပေါ်ယံမြေ ဆတူရော၍ ပြန်လည်ဖုံးထားပေးပါ။ စိုက်ပျိုးနည်းနဲ့ပေးရမယ့် မြေသြဇာအကြောင်းများကို လိုင်ချီးပင် စိုက်ပျိုးနည်း ဒီဆောင်းပါးမှာလေ့လာပါရှင့်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါးသက်သန်ဘယ်လောက်မှသီးအားပေးဝဲကြဲရမှာလည်
ဖြေကြားချက် 1 ခု
စမံု နမ်း ကျဲရင် ယခု 9 လပိုင်း ဘယ်နေ့ထိ ကျဲလို. ရပါသေးသလဲ ဗျ
ဖြေကြားချက် 4 ခု
မြေပဲစိုက်ခင်မှာ သီးညှပ်အဖြစ် ဆလပ် မုန့်ညှင်း စိုက်လို့ရလားဗျ။ အရင်နှစ်တွေကတော့ အရွက်စားမုန်လာ၊ ဥမုန်လာ ၊ ချဉ်...
ဖြေကြားချက် 2 ခု
အူပိုးဘယ်လိုသတ်မလဲ
ဖြေကြားချက် 2 ခု
ကျွန်တော့တို့ခုလာမဲ့ပဲရာသီချိန်မှာပဲဖျန်းဆေးစျေးနှုန်းများတက်နိုင်ခြေရှိမရှိခုချိန်ဆေးဝယ်လှောင်လို့အဆင်ပြေမပြေ...
ဖြေကြားချက် 6 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။