အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၅ နှစ် က · ပခုက္ကူ

အပင်တွေဘာဖြစ်သွားတာလည်းမသိဘူးဗျအောက်ရွက်၄ရွက်လောက်ကြွေသွားတယ်အရွက်တွေမှာလည်အပျောက်တွေနဲ့မှိုဆေးလည်းပတ်တယ်Cu ကာ...

အပင်တွေဘာဖြစ်သွားတာလည်းမသိဘူးဗျအောက်ရွက်၄ရွက်လောက်ကြွေသွားတယ်အရွက်တွေမှာလည်အပျောက်တွေနဲ့မှိုဆေးလည်းပတ်တယ်Cu ကာဆူမင် ပိုးသတ်သေးကတော့ ဆိုက်ပါ ပတိတယ် ထူးခြားမှုမရှိလို့ပါ

ပိုးမွှားရောဂါ ခရမ်းချဉ် ခရမ်းချဉ်စောပင်နာကျရောဂါ
Post image
Post image
Post image
Post image
Post image
+၁

ဖြေကြားချက် ၁ ခု

270,769 လွန်ခဲ့သော ၅ နှစ် က

စောပင်နာကျ ဖြစ်မယ်။ ပုံကတစ်ပုံပဲကောင်းကောင်းမြင်ရတဲ့အတွက် လက္ခဏာတွေစစ်ဆေးကြည့်ပါရှင့်။ စောပင်နာကျဆိုရင် (ရောဂါကျရောက်ပြီဆိုပါက သတိပြုမိစေသောပုံစံမှာ ခရမ်းချဉ်၏ ပင်စည်နှင့်ကပ်နေသော အရွက်များပေါ်တွင် မဲညိုရောင်အစက်အပြောက်များ စတင်ပေါ်ပေါက်လာပါသည်။ ရောဂါကြီးရင့်လာသည်နှင့်အမျှ အရွက်ပေါ်တွင်ရှိသော အစက်အပြောက်များ ကျယ်ပြန့်လာကာ ပုံသဏ္ဌာန်မမှန်သော ထောင့်များဖြစ်ပေါ်ကာ ကျယ်ပြန့်မှုရပ်တန့်ပြီး အတွင်းတွင်မဲနက်ကာ သိသာသော အရစ်ကွင်းများ ဖြစ်ပေါ်လာပါသည်။ ကျန်ရှိနေသောအရွက်၏ အစိတ်အပိုင်းများသည် အဝါပြောင်းကာ အရွက်အား‌ကြွေကျစေသည်။) ဒီလိုလက္ခဏာတွေတွေ့ရပါလိမ့်မယ်။ ခရမ်းချဉ်စိုက်ပျိုး၍ အထွက်နှုန်းတိုးစေဖို့ စောပင်နာကျရောဂါကာကွယ်စို့ ဒီဆောင်းပါးမှာ ကာကွယ်ကုသနည်းအပြည့်အစုံဖတ်ကြည့်ပါရှင့်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။