ရခိုင်မှာစပျစ်စိုက်လို့ရနိုင်မလား
စပျစ်သည် အပူအအေးကို များစွာဂရုမပြုချေ။ တစ်နှစ်တွင် မိုးရေချိန်လက်မ ၄၀ ထက်မပိုပဲ ရွာသွန်းသည့် ဒေသများတွင် အကျိုးဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်သည်။ အထူးသဖြင့် သီးပွင့်ချိန်တွင် မိုးရွာခြင်း၊ ဆီးနှင်းကျခြင်း၊ စွတ်စိုထိုင်းမှိုင်းခြင်းတို့ရှိလျှင် ပိုးမွှားရောဂါ ကျရောက်မှုများစေပြီး အပင်၊ အပွင့်၊ အသီးများကို ပျက်စီးစေပါ သည်။ စိုထိုင်းဆ (၇၀) ရာခိုင်နှုန်းထက်များပါက မစိုက်ပျိုးသင့်ပါ။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၄၅၀၀) အမြင့်ထိ စိုက်ပျိုးနိုင်ပါသည်။ စိမ့်စွဲနေသောမြေ၊ ဆားငန်မြေမှအပ မြေမရွေးစိုက်ပျိုးနိုင်ပါသည်။ အောက်မြေလွှာသည် သဲ၊ ကျောက်စရစ်၊ ထုံးကျောက် တစ်ခုခုရှိပြီး အပေါ်ယံမြေသားထူးသော သဲနုန်းမြေမျိုးသည် စပျစ်စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။
ဆက်စပ်မေးခွန်းများ
စပျစ်
ဖြေကြားချက် 2 ခု
စပျစ်သီး
ဖြေကြားချက် 1 ခု
စပျစ်အတွက်အသီးအဖွင့်အတွက်ဘယ်အညးဆေးလေးတွေသုံးသင့်လဲဗျာ ကွာကွယ်ဆေးအနေ န့ဲပါဆရာတို့
ဖြေကြားချက် 0 ခု
စပျစ်ပင်ဘယ်လိုစစိုက်ရလဲသိချင်လို့ပါ စိုက်ရင်ဘာတွေလိုအပ်တယ်ဆိုတာ
ဖြေကြားချက် 1 ခု
အိမ်လုပ်ဝိုင်လုပ်ဖို့အတွက် တစေးလိုလို့ပါ....တစေးကိုဘယ်ကဝယ်လို့ရနိုင်မလဲ....ဒါမှမဟုတ်ဘယ်လိုလုပ်လို့ရနိုင်မလဲ...
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။