ဖြေကြားချက် ၂ ခု
လောလောဆယ်မှာတော့ ဖိုးလမင်းအကောင်တွေတွေ့ရင် ကောက်ယူဖယ်ရှားဖျက်စီးတာမျိုးလုပ်ပေးပါ။
ဆရာကြီး ဆင်းသီဟ ရေးသားထားသော နှိမ်နင်းနည်းကို ဖော်ပြပေးလိုက်ပါတယ်။ မြေပဲနှုတ်သိမ်းပြီးသည်နှင့် စိုက်ခင်းကို ထယ်ရေးနက်နက်ထိုးပါ။ ထယ်ရေးနက်နက်ထိုးခြင်းဖြင့် မြေပေါ်သို့ပေါ်လာသော ဖိုးလမင်းများကို ငှက်များ စားသောက်စေရန်နှင့် ပိုးရုပ်ဖုံးများကိုလည်း ပျက်စီးစေရန် ဖြစ်ပါသည်။ ၂။ ဖိုးလမင်းဘဝမဖြစ်မီ ကျိုးကောင်ဘဝတွင် ကျရောက်ဖျက်ဆီးတတ်သော တမာပင်၊ ထနောင်းပင်များကို သင့်တော်သည့် ပိုးသတ်ဆေးဖြင့် ပက်ဖျန်းပါ။ ၃။ မြေပဲမျိုးစေ့ကို သင့်တော်ရာပိုးသတ်ဆေးရည်တွင် ရောမွှေခြင်း၊ စိုက်မြောင်းထဲသို့ သင့်တော်ရာပိုးသတ်ဆေး ထည့်ပေးခြင်းတို့ ပြုလုပ်ပါ။ ၄။ မြေပဲစိုက်ခင်းပတ်လည်တွင် အမြစ်ဖွာရှိသော နှံစားပြောင်း၊ ဆတ်တို့ကဲ့သို့ အပင်များစိုက်ထားပါ။ အကြောင်းမှာ ထိုအပင်တို့၏အမြစ်များကို ဖိုးလမင်း မကိုက်ဖြတ်နိုင်ပါ။ ထိုအမြစ်များအကြားတွင် ဖိုးလမင်းများ ခိုအောင်းနေသဖြင့် မြေပဲပင်များတွင် ကျရောက်မှုသက်သာစေရန် ဖြစ်ပါသည်။ ဖိုးလမင်းရဲ့ဘဝစက်ဝန်းနဲ့ပတ်သတ်ပြီး မြေပဲတွင်ကျရောက်ဖျက်ဆီးသော ဖိုးလမင်း ဒီဆောင်းပါးမှာလေ့လာပါ။ စာတန်းကိုနှိပ်ပြီးလေ့လာနိုင်ပါတယ်ရှင့်။
ဆက်စပ်မေးခွန်းများ
မြေပဲပင်တွေမှာ မြေတွင်ပင်စည်ပြတ်နေပါသည်။တချို့ မှိုပိုး(ခါးရိပြတ်ပိုး)တွေရသလို၊တချို့မြေပဲပင်တွေမှာ ပင်စည်...
ဖြေကြားချက် 1 ခု
ဒီလို ပင်စီစားပိုးတွေဘယ်လိုလုပ်မလဲဗျာ အပင်တွေကုန်ပြီး
ဖြေကြားချက် 1 ခု
မြေပဲပင်ရင်းမှာအဲဒီလိုလေးတွေဖြစ်ပြီးသေကုန်ပါတယ်ဘာဆေးသုံးသင့်ပါသလဲရှင့်
ဖြေကြားချက် 3 ခု
ကျွန်တော့်မြေပဲခင်းတစစ၀ါလာပီးအပင်တွေသေသေနေလို့ဘာဆေးဖြန်း၇မလဲဗျာပံုပါတင်ပေး လိုက်ပါတယ်
ဖြေကြားချက် 2 ခု
ဘာဆေးဖြန်းရမလဲ အကြံပေးကြပါဦး ခင်ဗျာ
ဖြေကြားချက် 2 ခု