ဖြေကြားချက် ၁ ခု
ပြောင်းက အစာအာဟာရအစားများတဲ့သီးနှံဖြစ်ပါတယ်။ တစ်မျိုးတည်းစိုက်ပျိုးတာထက် သီးလှည့်စိုက်ပျိုးတာက ပိုကောင်းပါတယ်။ စိုက်ပျိုးမြေမှာ သီးနှံတစ်မျိုးတည်းစိုက်ပျိုးမယ်ဆိုရင် မြေဆီလွှာလည်းပျက်ဆီးနိုင်သလို ပိုးမွှားရောဂါကျရောက်မှုလည်းများတဲ့အတွက် အထွက်နှုန်းလျော့တာမျိုးဖြစ်ပါတယ်။ ဒါကြောင့် ဒီ သီးနှံမျိုးစုံ စိုက်ပျိုးရေး (ပြောင်းဖူးနှင့် ပဲမျိုးစုံ) ဆောင်းပါးကို ညွှန်းချင်ပါတယ်။ ဖတ်ကြည့်ပါရှင့်။ ပြောင်း ကို သီးနှံမျိုးစုံစိုက်ပျိုးတဲ့နည်းစနစ်ကို ဖော်ပြပေးထားပါတယ်။ ပြောင်းကို မိုးရာသီ မိုးနှောင်းနဲ့ ဆောင်းရာသီတို့မှာ စိုက်ပျိုးလို့ရပါတယ်။
ဆက်စပ်မေးခွန်းများ