အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးခင်ရှိန်
လွန်ခဲ့သော ၅ နှစ် က · ဖျာပုံ

နွေစပါးစိုက်ပျိုးရေးအတွက် စပ်မျိုးကိုအသုံးပြုသော်တစ်ဧက မျိုးစပါးဘိုး ၇၀၀၀၀ကျပ်ကုန်ကျ ပါတယ်၊ နွေစပါးမှာ ဓာတုမြေသြဇာက အသုံးမပြုဘဲ စိုက်မရပါဘူး ဒါ့ ကြောင့် အရင်းငွေနည်းအောင် ကိုယ့်မျိုး ကိုယ်ထားစနစ် ကြိုတင် ပြင်ဆင်ရပါပြီ၊ ငါးအမိုင်နို ပြုလုပ်ထားပါတယ် စပါးပင်အားဖြန်းလျှင် အကျိုး ရှိပါသလားခင်ဗျာ။

Post image
Post image
Post image
Post image
4

ဖြေကြားချက် ၄ ခု

ဦးခင်ရှိန်
ဦးခင်ရှိန် 6,239 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါ

မိုးထက်
မိုးထက် 2,443 လွန်ခဲ့သော ၅ နှစ် က

ပဲဖတ်ကို အချဉ်ဖောက်ထားလိုက်။ မခံနိုင်လောက်အောင် ပုပ်နဲ့ထွက်နေပြီဆိုရင် တောင်တော်ကောင်းပြီ။ ပုလဲအစားထိုးပဲ။ ပုလဲထက်တောင် ပိုကောင်းသေးတယ်။ အဲဒီထဲကို နွားသေးပါထည့်ရောလိုက်။ အဆများရင် အပင်ပါလောင်တယ်။

Myint.  Maung Maung
Myint. Maung Maung 18,523 လွန်ခဲ့သော ၅ နှစ် က

ပဲဖတ်အချဉ်ဖေါက်ရည်။ ကြက်ဥဂျူလင်။ နွားသေးထပ်ရောပက်

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,835 လွန်ခဲ့သော ၅ နှစ် က

အကျိုးရှိပါတယ်။ ငါးအမိုင်နိုကို ပင်ပိုင်းကြီးထွားတဲ့အချိန် နဲ့ ပန်းပွင့်တဲ့ချိန်မှာလည်းအသုံးပြုကြပါတယ်။ ငါးအမိုင်နိုအက်ဆစ်၏ အကျိုးပြုပုံများ အကျိုးပြုပုံကို ဒီဆောင်းပါးမှာဖတ်ကြည့်ပါရှင့်။

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။