အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြင့်နောင်
လွန်ခဲ့သော ၈ နှစ် က · လွိုင်ကော်

ထောပတ်ပင်မှာ ကျရောက်တတ်တဲ့ ပိုးမွှားရောဂါတွေနဲ့ ကာကွယ်နည်းတွေပါသိချင်ပါတယ်ခင်ဗျာ။ စိုက်ပျိုးသင့်တဲ့ မြေဆီထိန်းပင် crop fertilizer နဲ့ အသီးအရည်အသွေး တိုးတက်အောင် နည်းစနစ်များပါသိချင်ပါတယ်

ပိုးမွှားရောဂါ ထောပတ်သီး
1

ဖြေကြားချက် ၁ ခု

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၈ နှစ် က

ထောပတ်ပင်မှာ အဓိကကျရောက်တတ်တဲ့ရောဂါပိုးမွှားတွေကတော့ (က) သီးထိုးယင် (Meditterranean Fruit Fly) သီးထိုးယင်သည် အလွန်ဆိုးရွားသော ဖျက်ပိုး ဖြစ်သည်။ အသီးကြီး ရင့်လာသောအခါ အသီးခွံလွန်စွာ မမာ၍ ထိုးဖောက်မှုကို ပြုလုပ်နိုင်သည်။ ငယ်ရွယ်စဉ် အခါကမူ အသီးခွံမာ၍ ထိုးဖောက် မရနိုင်သကဲ့သို့ ဥ ဥရန်လဲ အဆင်မပြေချေ။ ထို့ကြောင့် အချို့က ခူးဆွတ်ရန် အခွံအရမ်းမပျော့ချိန်တွင် တင်ကြို ခူးဆွတ်ခြင်းကို ပြုလုပ်ကြသည်။ (ခ) မီလီဂ်ပိုး (Mearly Bugs) စုပ်စားပိုး ဖြစ်ပြီး အချိုဓာတ် ကြိုက်နှစ်သက်သည်။ ပုရွက်ဆိတ်များနှင့် အတူတကွတွေ့ရလေ့ရှိပြီး ဓာတုဗေဒ ဆေးထက် သဘာဝ မိတ်ဆွေများဖြစ်သော ငှက်များကို မွေးမြူခြင်းက ပိုမို ထိရောက်သော နှိမ်နင်းမှုကို ရစေသည်။ (ဂ) အမြစ်ပုပ်ခြင်း (Root Rot) မြေဆောင်ရောဂါတမျိုးဖြစ်ပြီး ရေသွင်းရေထုတ် သင့်တင့်မှု မရှိပါက ဆုံးရှူံးမှု ကြီးမားသွားစေသော ရောဂါဖြစ်သည်။ အမြစ်ပုပ်ဆွေးခြင်းကို ဖြစ်စေပြီး ကြီးထွားမှုကို ရပ်တန့်စေသည်။ ကိုင်းဖြားခြောက်ခြင်းနှင့် အပင်ခြောက်သေခြင်းကို ဖြစ်ပေါ်စေသည်။ (ဃ) နေလောက်ကွက်များ (Sun Blotch)ဗိုင်းရပ်ကြောင့်ဖြစ်ပေါ်သည့် အရွက်ကြောပေါ် ရှိနေလောင်ကွက်များ၊ သက်နု ပင်စည်များနှင့် ကိုင်းများပေါ်တွင်နေလောင် သကဲ့သို့တွေ့ရသော အကွက်များ ဖြစ်သည်။ အပင်ကို လှုပ်ကြည့်ခြင်း၊ ကိုင်းများကို ခါကြည့်ခြင်းဖြင့် နေလောင်ခြင်း ဟုတ်၊မဟုတ် သိနိုင်ပြီး အင်းဆက်ကြောင့် ကူးစက်ခြင်း မဟုတ်ဘဲ ခြံလုပ်ငန်းသုံး ကိရိယာများမှ ကူးစက်တတ်သော ရောဂါ ဖြစ်သည်။ ကိုင်းကူးရာတွင်လည်း ဂရုစိုက်၍ ရွေးချယ်ခြင်းသည် ပိုမို ထိရောက်သော ကာကွယ်ခြင်း ဖြစ်သည်။ အပင် သုံးနှစ်သား အထိ ပိုက်စိမ်း အုပ်ပေးခြင်းက ကြိုတင် ကာကွယ်ခြင်း ဖြစ်ပြီး ကိုင်းချိူင်ပေးခြင်းနှင့် ဘေးကိုင်းထိပ်ဖျား တိခြင်းကို ပြုလုပ်ပေးသင့်သည်။ အခြားထောပတ်သီးစိုက်ပျိုးနည်းစနစ်များ/မြေဆီမြေသြဇာ/ခူးဆွတ်ခြင်းစသည့်အကြောင်းအရာအပြည့်အစုံကိုတော့အောက်ပါLinkတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/posts/cultivation-of-avocado

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။