ဖြေကြားချက် ၁ ခု
အပူပိုင်းဒေသများအတွက် ခြောက်သွေ့သည့်ရာသီ (ဆောင်းရာသီ) သည် ဖရဲစိုက်ပျိုးရန် အကောင်းဆုံးရာသီဥတု ဖြစ်ပါတယ်။ ဖရဲပင်သည် မိုးရာသီ (သို့မဟုတ်) နွေရာသီများ၌ အပူချိန် အရမ်းများခြင်း၊ အရမ်းစိုစွတ်ခြင်းစသည့် အခြေအနေများတွင် ကောင်းစွာမဖြစ်ထွန်းပါ။ မှိုရောဂါနှင့် ကျိုင်းကောင်များသည် ဖရဲပင်များကို အချိန်တိုအတွင်း ဖျက်ဆီးပစ်တတ်ပါတယ်။ အေးသောဒေသများ၌ နွေရာသီမှာစိုက်ကြပါတယ်။ ဖရဲစိုက်ပျိုးရန်နှင့် အသီးများမှည့်ရန် သင့်တော်သည့် အပူချိန်၊ နေရောင်ခြည်ရရှိမှု (နေသာသောရာသီဥတု) များကို အနည်းဆုံး သုံးလ ခန့်ရရှိရန် လိုပါတယ်။ စိုက်ပျိုးချိန်အတွင်း နေ့စဉ်ပျမ်းမျှအမြင့်ဆုံး အပူချိန်သည် အနည်း ဆုံး (၂၀-၂၅) ဒီဂရီစင်တီဂရိတ် (သို့မဟုတ်) (၇၀-၈၀) ဒီဂရီဖာရင်ဟိုက် ရှိသင့်ပါတယ်။ဖရဲမျိုးများစွာရှိသည့်အတွက် အကယ်၍ စိုက်ပျိုးချိန်နောက် ကျနေပါက သက်တမ်းတို (မြန်မြန်မှည့်သည့်) မျိုးကို ရွေးချယ်စိုက်ပျိုးနိုင်ပါတယ်။ နေရောင်ခြည်ကောင်းစွာ ရရှိသည့်နေရာတွင် စိုက်ပျိုးပါ။ သင့်အနေဖြင့် ရေနှင့်အဟာရ (ကောင်း မွန်သောမြေ) လည်း များစွာလိုအပ်ပါတယ်။ ဖရဲစိုက်ပျိုးရာတွင် မြေသားထုနက်သော၊ အဟာရပြည့်ဝသော၊ မွသောမြေကို လိုအပ်ပါ သည်။ သို့မှသာ ဘောင်တင် (မြေတောင်မြှောက်) ရာတွင် လွယ်ကူမည် ဖြစ်ပါသည်။ ဘောင်တင် ခြင်း (မြေတောင်မြှောက်) ဖြင့် အောက်ပါအကျိုး ကျေးဇူးများကို ရရှိနိုင်ပါသည်- - ဘောင်တင်ခြင်း (မြေတောင်မြှောက်)ပေးခြင်းဖြင့် ရေများလွတ်လပ်စွာ စီးဆင်းနိုင်ပါသည် (ဖရဲသည် အပင်ခြေ ရေဝပ်ခြင်းကို မကြိုက်ပါ)။ ရွှံ့စေးဆန်သောမြေများတွင် ဘောင်ကို မြင့်မြင့် တင်ပေးရန် လိုပါသည်။ - ဘောင်တင်ရာ၌ မြေဆွေးများထည့်သွင်းပေးခြင်းဖြင့် ဖရဲစိုက်ပျိုးရာတွင် မြေကို ပိုမိုကောင်းမွန် စေပါသည်။ ကျွန်တော့်အနေဖြင့် တစ်ခါတရံတွင် မြေဆွေးပုံနေရာ (မြေဆွေးအားလုံးနီးပါးကို အသုံးပြုပြီး ကျန်ခဲ့သောနေရာ) တွင် စိုက်ပျိုးတတ်ပါသည်။ သင့်အနေဖြင့် ဖရဲကို သေသေသပ် သပ်နှင့် အတန်းလိုက် စိုက်ပျိုးလိုလျှင်သော်လည်းကောင်း (သို့မဟုတ်) ဧရိယာကျယ်ကျယ်ဖြင့် စိုက်ပျိုးလိုလျှင်သော်လည်းကောင်း စီးပွားဖြစ် စိုက်ပျိုးသူများကဲ့သို့ ဘောင်များဖြင့် စိုက်ပျိုးပါ။ - ဘောင်များကို တစ်ဘောင်နှင့်တစ်ဘောင် ခြောက်ပေ၊ တစ်ပင်နှင့် တစ်ပင် (၃၀) စင်တီမီတာ ခန့် ထားရပါမည်။ စိုက်ပျိုးရာတွင် နှစ်ပင် သို့မဟုတ် သင်ကြိုက်သလောက် စိုက်နိုင်သည်။ ပြီးလျှင် အသန်မာဆုံးတစ်ပင်ကိုသာ ချန်ပါ။ ဖရဲစိုက်ပျိုးနည်းအပြည့်အစုံကိုတော့အောက်ပါLinkတွင်ဝင်ရောက်လေ့လာနိုင့်ပါတယ်။ https://greenwaymyanmar.com/posts/water-melon
ဆက်စပ်မေးခွန်းများ