ဖြေကြားချက် ၂ ခု
ကျေးဇူးပါ
၆။ ဘက်တီးရီးယားရွက်ပြောက်ရောဂါ/ဆီစွန်းရောဂါ/ရိုးမဲဆစ်ပြုတ်ရောဂါ (BACTERIAL LEAF SPOT) ဤရောဂါသည် Bacterium betle ကြောင့် ဖြစ်ပါသည်။ ကွမ်းပင်တွင် ကျရောက်လေ့ရှိသော ရောဂါဖြစ်သည်။ မှိုကြောင့်မဟုတ်ဘဲ ဘက်တီးရီးယားကြောင့် ဖြစ်သောရောဂါ ဖြစ်သည်။ ရိုးမဲဆစ်ပြုတ်ရောဂါဟု လူသိများသည်။ မြေစေး၍ရေဝပ်သောမြေမျိုးတွင် ဆိုးရွားစွာ ကျရောက်လေ့ ရှိသည်။ နိုက်ထရိုဂျင် လွန်ကဲသော ကွမ်းခြံများတွင် ဖြစ်လေ့ဖြစ်ထရှိသည်။ အပင်စိုက်ပျိုးချိန်မှ အရွက်ခူးချိန်အထိ ကျရောက် ပျက်စီးလေ့ရှိသည်။ ရောဂါကူးစပ်ပုံ ပင်ကြွင်းပင်ကျန်များမှတစ်ဆင့် ကူးစက်တတ်ကြသည်။ ရောဂါရ ပင်ကြွင်းပင်ကျန်များကို သယ်ယူထုတ်ပစ်သူများ ခြံအတွင်း ပြန်လည်ဝင်ရောက်ရာမှလည်း ကူးစက်တတ်သည်။ များသောအားဖြင့် ခြံများတွင် လုပ်ကိုင်တတ်သောသူများမှ ကူးစက်မှုများသည်။ မိုးရာသီတွင် မိုးရေထိမှန်၍ တစ်ရွက်မှ တစ်ရွက်၊ တစ်ပင်မှတစ်ပင်၊ တစ်ရုံမှ တစ်ရုံ ကူးစက်တတ်သည်။ ကာကွယ်နှိမ်နင်းပုံ ၁။ ရောဂါရ ပင်ကြွင်း၊ ပင်ကျန်များကို စုပုံမီးရှို့ခြင်း၊ မြေမြှုပ်ခြင်း ပြုလုပ်ပေးပါ။ ၂။ ခြံတွင်း သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပေးပါ။ ၃။ ကွမ်းပင်များ ရုံဖြစ်လာပါကလေဝင်လေထွက် ကောင်းအောင်ဆောင်ရွက်ပါ။ ၄။ ဘောင်ကြားရေသွင်းခြင်း၊ အစက်ချရေသွင်းခြင်းသည် ရေထမ်းပုံးနှင့် ရေပက်ဖျန်းခြင်းထက် ပို၍ ကောင်းသည်။ ၅။ မြေပြုပြင်စဉ်က ဘော်ဒိုးဆေး (၅း၅း၅၀) ကို ဖျန်းပုံးနှင့် လောင်းပေးခြင်း ပြုလုပ်ပေးပါ။ ၆။ ဘော်ဒိုးဆေး (၂း၂း၅၀) ကို အပင်တွင် ပက်ဖျန်းပေးပါ။ ကိုးကား- စိုက်ပျိုးရေး ဦးစီးဌာန တောင်သူများအတွက် အသုံးဝင်ပြီး ကုန်ကျစရိတ် သက်သာစေမည့် ဘော်ဒိုဆေးရည် ပြုလုပ်နည်း
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကွမ်းမဲရိုး အဆစ်ရောဂါကို ဘာဆေးသုံးရမလဲဗျာ
ဖြေကြားချက် 1 ခု
ကွမ်းပင်ဟာ နှိမ်ပြီး မိုရွှားရင် ဒါမှမဟုတ် မိုးရွှာထဲနှိမ်လိုက်ရင် ရိုးမဲ ဆစ်ပြုတ် ဆီစွန်း ဝင်တယ်ဆိုတာ ဟုတ်ပါသ...
ဖြေကြားချက် 4 ခု
ကျွန်တော်ကွမ်းသုံးလသားဘဲရှိတယ်ဆီစွန်းနဲ့ရိုးမဲပါးပါးလေးဝင်နေလိုဘာဆေးသုံးရမလဲဗျစိရင်ညွန်ပြပေးပါအုန်းဘော်ဒါတို့
ဖြေကြားချက် 3 ခု
ကွမ်းရိုးမဲရောဂါကိုကာကွယ်ဖို့အတွက် ထရိုင်ကိုဒါးမားကို သုံးလို့ရလားဗျ
ဖြေကြားချက် 4 ခု
ကွမ်းမှာရိုးမည်း၊သာဓကမျက်စေ့တွေတွေ့နေရလို့ဘာလုပ်ရမယ်ဆိုတာကျေးဇူးပြုပီးညွှန်ပြပေးပါခင်ဗျား။
ဖြေကြားချက် 3 ခု