ကျွဲကောအရွက်တွေ အဲလိုဖြစ်နေတယ် ဘာဆေးဖျန်းရမလဲဗျ ကူညီပြီးဖြေကြားပေးပါဦး
7. သဘာဝဆေးအနေနဲ့ကတော့ azadirachtin လို့ခေါ်တဲ့ ဓာတ်ပါတဲ့ တမာပိုးသတ်ဆေးကို သုံးပေးရပါမယ်။ သူက ပိုးတွေကို ပြေးစေတယ်၊ ပင်လုံးပြန့်ရော ထိသေ အာနိသင်ပါရှိတာမလို့ စားမိရင်လည်း မျိုးပွားမှုနဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေကို အဟန့်အတား ဖြစ်စေပါတယ်။ သူက ပတ်ဝန်းကျင် အတွက်လည်း အန္တရာယ်ဖြစ်မှု နည်းတာမလို့ ဓာတုဆေးဝါးတွေထက် ပို အသုံးပြုသင့်ပါတယ်။ 8. အဆိုးဆုံးအဆင့်မှာဆိုရင်တော့ ပင်လုံးပြန့် အာနိသင်ရှိတဲ့ ပိုးသတ်ဆေး တစ်မျိုးမျိုး သုံးပေးရပါမယ်။ ဒါပေမယ့် ပင်လုံးပြန့်မလို့ တစ်ပင်လုံးအနှံ့ အဆိပ်အာနိသင်တွေ ရှိနိုင်တာကြောင့် အကျိုးပြုပိုးတွေကို ဒုက္ခပေးနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ တစ်ချက် သတိထားရမှာကတော့ ရွက်ထွင်းပိုးတွေဟာ Broad spectrum(ထိတွေ့သမျှ ပိုး တော်တော်များများ အကုန်သေ) အာနိသင်ရှိတဲ့ Carbamates၊ Pyrethroid အစရှိတဲ့ ဆေးတွေကို ခံနိုင်ရည် ရှိနေတာပါ။ ဆေးပြင်းလို့ သေနိုင်တယ်ထင်ပြီး သွားသုံး လိုက်မယ်ဆိုရင်တော့ ရွက်ထွင်းပိုးတွေက မသေဘဲနဲ့ ရွက်ထွင်းပိုးကို နှိမ်နင်းပေးတဲ့ အကျိုးပြုပိုးတွေကိုသာ သေစေမှာ ဖြစ်ပါတယ်။ ဆရာမ ဆုမြတ်ခင်ရဲ့ ဆောင်းပါးထဲက ရေးသားဖော်ပြချက်ပါ။ အသေးစိတ်ဖတ်လိုပါက - “ရွက်ထွင်းပိုးကို သဘာဝနည်းတွေနဲ့ ဘယ်လို နှိမ်နင်းမလဲ”
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
သဘာဝပိုးသတ်ဆေး ဘာသုံးရမလဲခင်ဗျ
ဖြေကြားချက် 2 ခု
ပန်းမျိုးကောင်းလေများရှိကြရင်မျှပေးကြပါအုံး bro တို့
ဖြေကြားချက် 1 ခု
သဘာဝမြေဆွေး မြေဩဇာလုပ်နည်း သိချင်ပါတယ် ၊ ရှင်းလိုက်တဲ့ မြက်ပင် ပေါင်းပင်တွေကို အသုံးပြုတဲ့ နည်းလေးပါ ဆရာတို့
ဖြေကြားချက် 3 ခု
ကူညီပေးကြပါဦးဆရာကြီးတို့ရေ အရွက်ကဘာဖြစ်နေလဲမသိဘူး ဘာ သဘာဝပိုသတ်အသုံးပြုပြီးလုပ်ရမလဲဗျ ကူညီဖြေပေးကြပါဦး ကျေး...
ဖြေကြားချက် 1 ခု
Admin ခွင့်ပြုပါ ။ ကျွဲကောအရွက် ပုံထဲကအတိုင်းပိုးကျလို့ ဘာဆေးဖြန်းရင်အဆင်ပြေမလည်းခင်ဗျာ။ အဆင်ပြေမည့် ပိုးသတ်...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။