ခရမ်းချဥ်သီးမှာ ဖြစ်လေ့ရှိတဲ့ ပုံပါအတိုင်း အသီးမှာ အနာ ဖြစ်နေတာ ဘာရောဂါပါလဲ သိချင်ပါတယ်ဗျ
ဓာတ်ပုံက တစ်ပုံတည်းဆိုတော့ ပြောဖို့ ခက်နေတယ်ဗျ အသီးငယ်စဥ်က အကောင်ကိုက်ထားတာက တစ်ဆင့် နောက်ဆက်တွဲတွေဖြစ်လာတယ်ထင်တယ် ဗျ အခင်းထဲမှာ အရမ်းကြီးဆိုးဆိုးဝါးဝါး တော့မဖြစ်နိုင်ပါဘူး အနဲအပါးလောက်တော့ဖြစ်နိုင်ပါတယ်
ခရမ်းချဉ်မှာ catfaceလို့ခေါ်တဲ့ လက္ခဏာတစ်ခုရှိတယ်။ ရောဂါကြောင့်တော့မဟုတ်ဘူးဗျ။ ရာသီဥတုကြောင့်လည်း ဖြစ်တယ်။ လေ့လာကြည့်သလောက် ပန်းမပွင့်ခင် ၂ ပတ်လောက်မှာတုန်းက ညအပူချိန်ဆက်တိုက်ကျဆင်းနေတာမျိုး၊ ပန်းပါင့်ချိန်မှာ ညအပူချိန်က ၁၂ ဒီဂရီအောက် ကျနေတာမျိုး၊ နိုက်ထရိုဂျင် ပုလဲမြေသြဇာ များများကျွေးမိတာမျိုးနဲ့ ပေါင်းသတ်ဆေးဒဏ်တွေကြောင့် catface က ဖြစ်နိုင်ပါတယ်။ အသီးအရွယ်ကြီးတဲ့ ခရမ်းချဉ်မျိုးတွေမှာ ပိုဖြစ်နိုင်ခြေများပါတယ်။ ဒီရောဂါ/လက္ခဏာက သွင်ပြင်လက္ခဏာပြောင်းလဲခြင်းဖြစ်တာကြောင့် ဆေးတော့မရှိပါဘူး။ ပေါင်းသတ်ဆေး လျော့ပါ/ရှောင်ပါ။ အဟာရပြည့်ဝရင် အပင်က ရာသီဥတုဒဏ်ခံနိုင်ရည်မြင့်တာကြောင့် သဘာဝမြေသြဇာများများထည့်ပေးပါ။ အခြားသူတွေလည်း ဖြည့်စွက်ဖြေဆိုပေးဖို့ တောင်းဆိုပါတယ်ဗျ။
ဆက်စပ်မေးခွန်းများ
ဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 2 ခု
ခရမ်းချဉ် ပျိုးထောင်ပုံနှင့်ရက်စေ့ပြီး အပင်ရွေ့စိုက်သောအခါ စိုက်ပျိုးနည်းပြုစုယုယပုံ မြေသြဇာကျွေးပုံနည်းစနစ်...
ဖြေကြားချက် 2 ခု
ခရမ်းချဥ်ပင်များ အပင်အရွယ်အစားသေးပြီး မကြီးထွားလို့ ဘယ်လိုပြုပြင်ပေးရမလည်း အကြံပေးစေလိုပါသည်။
ဖြေကြားချက် 3 ခု
ခရမ်းချဉ်စိုက်ပြီး ၁လ ကျော်ပြီ။ ၁၅ ရက်တုန်းက ပုလဲကျွေးထားတယ်။ အခုဘာကျွေးရင် ကောင်းမလဲ။ မြေဩဇာဈေးကြီးလို့ ဘာအ...
ဖြေကြားချက် 1 ခု
ခရမ်းချဉ် ရောဂါကျရောက်နေလို့ ဘာ ရောဂါလဲ ဘာ ဆေးဖျန်းရမလဲ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။