အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
349
လွန်ခဲ့သော ၅ နှစ် က · ချမ်းအေးသာဇံ

အိမ်က ငြုပ်ပင်ထဲကိုထည့်ချင်လို့ အပင်မြေသြဇာလို့ မေးပြီးဝယ်ပါတယ်၊ ဆိုင်က ဘယ်အပင်ပဲဖြစ်ဖြစ်ထည့်လို့ ရတယ်လို့ပြော...

အိမ်က ငြုပ်ပင်ထဲကိုထည့်ချင်လို့ အပင်မြေသြဇာလို့ မေးပြီးဝယ်ပါတယ်၊ ဆိုင်က ဘယ်အပင်ပဲဖြစ်ဖြစ်ထည့်လို့ ရတယ်လို့ပြောပြီး ရောင်းပေးလိုက်ပါတယ်။ ပန်းရောင်နည်းနည်းသမ်းတဲ့ အစေ့လေးတွေပါ။ NPK ပဲလား၊ ဘာတွေပါသေးလဲ၊ အချိုးအစား ဘယ်လောက်လဲ အခုမှသိချင်မိလို့ ခန့်မှန်းခြေပဲဖြစ်ဖြစ် သိချင်လို့ပါ။ ဈေးကွက်ထဲက မြေသြဇာဆိုတော့ ပုံမြင်ရင် သိတဲ့လူက သိနိုင်တယ်ထင်လို့ မေးကြည့်တာပါခင်ဗျာ။

အပင်အာဟာရ ငရုတ်သီး ငရုတ်မြေသြဇာကျွေးနည်း
Post image

ဖြေကြားချက် ၃ ခု

270,769 လွန်ခဲ့သော ၅ နှစ် က

အချိုးအစားအနေနဲ့ ၁၅း၁၅း၁၅၊ ၁၅း၅း၅ အစရှိပြီးကွာပါသေးတယ်။ လူကြီးမင်းဝယ်လာတာက ဘယ်တံဆိပ်ထဲကလဲဆိုတာသိရမှ အချိုးအစားကြည့်လို့ရမှာပါရှင့်။ တစ်ချို့ဆို K မပါဝင်တဲ့အချိုးစားလဲရှိပါတယ်။

349 လွန်ခဲ့သော ၅ နှစ် က

အပင်အားဆေးလို့ပဲ သိပါတယ်၊ အချိုးအစား ခန့်မှန်းခြေများ မသိနိုင်ဘူးလားဗျာ။

270,769 လွန်ခဲ့သော ၅ နှစ် က

N,P,K ပါဝင်တဲ့ ကွန်ပေါင်းမြေသြဇာပါ။ အချိုးအစားကတော့ ဝယ်တဲ့အမျိုးအစားပေါ်မူတည်ပါလိမ့်မယ်။ N ကတော့အများဆုံးပေ့ါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။