အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1
လွန်ခဲ့သော ၅ နှစ် က · နတ်မောက်

ငါးအမိုင်နို နှမ်းသီးနှံအသုံးပြု ရပါသလား? သုံးစွဲရန် သီးနှံသက်တမ်းနှင့် အချိန်အခါ သုံးစွဲရန် အချိုးအဆနှင့်...

ငါးအမိုင်နို နှမ်းသီးနှံအသုံးပြု ရပါသလား? သုံးစွဲရန် သီးနှံသက်တမ်းနှင့် အချိန်အခါ သုံးစွဲရန် အချိုးအဆနှင့် နှန်းထား သိပါရစေခင်ဗျ

အပင်အာဟာရ နှမ်း ငါးအမိုင်နိုအက်စစ်

ဖြေကြားချက် ၁ ခု

270,769 လွန်ခဲ့သော ၅ နှစ် က

အသုံးပြုလို့ရပါတယ်။ ပင်ပိုင်းကြီးထွားချိန်တွေမှာအသုံးပြုလို့ရပါတယ်။ စိုက်ပြီး ၁ လလောက်ကစပြီးပါ။ နှုန်းထားအနေနဲ့ ၄ ဂါလံပုံးဆိုရင် ထမင်းစားဇွန်းနဲ့ ၄ ဇွန်းရောရပါတယ်။ တစ်ဧကဆိုရင် ၄ ပုံးလောက်ဖျန်းလို့ရတယ်လို့ သိရပါတယ်။ များသွားရင်လည်းဆေးလောင်တတ်တာမျိုးဖြစ်တတ်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ငါးအမိုင်နိုအက်ဆစ်ကိုစပါးခင်းမှာဖြန်းလို့ရပါသလား NPK ပါဝင်နုန်းနဲ့ဖြန်းရမယ့်အချိန်လေးရောမသိလို့ပါ သိရင်မျှဝေ...

ဖြေကြားချက် 1 ခု

ပဲပင်တွေက၂လသားအရွယ်ပါအပင်တွေကတအားကောင်းတယ်အပွင့် ပွင့်တာနည်းနေလို့ဘာဆေးလေးတွေအသုံးပြုရမလဲကျေးဇူးပြု၍အကြံလေးတွေ...

ဖြေကြားချက် 1 ခု

အစိမ်းရောင်လမ်းမှဆရာများခဗျာ ပဲတိစိမ်းကအပင်ကအနေတော်ပါခမျ ပန်းပွင့်နဲနေလို့ပါ ပန်းပွင့်ဝေဝေဆါဆာပွင့်အောင်ဆေး...

ဖြေကြားချက် 1 ခု

ငါးအမိုင်နိုအက်ဆစ်လုပ်တာက ငါးတစ်ပိသာ+သကြားတစ်ပိသာ ရေမထဲ့ရဘူးလားခင်ဗျဖြေကြားပေးပါ

ဖြေကြားချက် 2 ခု

ငါးအမိုင်နို ခရမ်းချဉ်ဖြန်းရင်ဘာဖြစ်မလဲဗျအဆင်ပြေလား

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။