အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၅ နှစ် က · ဆော

စီပီ ပြောင်ဖူး ပိုးကျ နေပါတယ်ဗျ ဘယ်ဆေးလေး ဖျန်းရ မယ်လဲ ဗျ

ပိုးမွှားရောဂါ ပြောင်း ပြောင်းငမြှောင်တောင်ပိုး
Post image
Post image
Post image
Post image
Post image
+၁
1

ဖြေကြားချက် ၁ ခု

270,769 လွန်ခဲ့သော ၅ နှစ် က

ငမြောင်တောင်ကျရောက်နေတယ်လို့ထင်ပါတယ်။ ပိုးလောက်ကောင်တွေတွေ့ရင် ဖယ်ရှားဖျက်ဆီးပစ်ပါ။ အခင်းပတ်ပတ်လည်ကပေါင်းမြက်များရှင်းပေးပါ။ ဘက်စုံကာကွယ်နှိမ်နင်းရေးနည်းလမ်းများ (၁) စိုက်ချိန်အား စောနိုင်သမျှစောစောစိုက်ပါ။ သီးလှည့်စိုက်ပျိုးပါ။ (၂) ဘဝစက်ဝန်းဆက်လက်ရှင်သန်နိုင်သဖြင့် ပိုးကျထားသော ပင်ကျွင်းပင်ကျန်များအား မီးရှို့ပါ။ စိုက်ခင်းပတ်ဝန်းကျင်ရှိပေါင်းမြတ်များအား ရှင်းလင်းပါ။ (၃) သက်တမ်းတူသောမျိုးစိတ်များအား စိုက်ချိန်တပြိုင်နက်တည်းစိုက်ပျိုးပါ။ (၄) လောက်ကောင်၊ ရုပ်ဖုံးများ မြေပေါ်ပြီးသေစေရန် ထယ်ထိုးထွန်မွှေနက်နက်ထွန်ပါ။ (၅) မိမိစိုက်ခင်းအား အပင်ငယ်စဉ်ကတည်းက ကင်းထောက်စစ်ဆေး၍ ဥမြုံများနှင့် လောက်ကောင် များ တွေ့ရှပါက ချက်ချင်း လက်ဖြင့်ကောက်ယူဖျက်စီးပါ။ (၆) မီးထောင်ချောက်များထွန်း၍ ဖလံများအား ဖမ်းယူဖျက်ဆီးပါ။ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ (၁) ငမြှောင်တောင် ဖျက်ပိုးကျရောက်မှု ဆက်လက်မဖြစ်ပေါ်စေရေးအတွက် တောင်သူများမှ မိမိ စိုက် ခင်းများတွင် အစုအဖွဲ့အလိုက် ဥမြုံများအား ရှာဖွေဖျက်ဆီးရန်နှင့် ပိုးသတ်ဆေးများအား စနစ် တကျ ပက်ဖျန်းကာကွယ်ခြင်း၊ (၂) ငမြှောင်တောင်ဖျက်ပိုးသည် ပြောင်းစိုက်ခြင်းများ၏မြေကြီးအတွင်း ရုပ်ဖုံးအဖြစ် ပြောင်းလဲ ခိုအောင်းလျက်ရှိရာ ၄င်းရုပ်ဖုံးများမှ ဖလံများအဖြစ် ပြန်လည်ပေါက်ဖွားလာပြီး ငမြှောင်တောင်ပိုး ကျရောက်မှု အစုအလိုက် အပြုံလိုက် ထပ်မံဖြစ်ပေါ်လာနိုင်ပါသဖြင့် လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းကာကွယ်နှိမ်နင်းခြင်း၊ (၃) ကုမ္ပဏီအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ နည်းပညာအသစ် Drone Sprayer များ အသုံးပြု၍ ငမြှောင်တောင်ဖျက်ပိုး၏ ဥမြုံများ၊ လောက်ကောင်များ၊ ရုပ်ဖုံးများနှင့် အကောင်ကြီးများ နှိမ်နင်း ခြင်း လုပ်ငန်းကို ပိုးမွှားကျရောက်မှုပြင်းထန်သည့် အစေ့ထုတ်ပြောင်းခင်းများတွင် အသုံးပြုနှိမ်နင်း ခြင်း၊ (၄) ဓါတုပိုးသတ်ဆေးများ ပတ်ဖျန်းရာတွင် အပင်ငယ်စဉ်အချိန်၌ အပင်(၅၀)တွင် (၁၀)ပင်နှင့်အထက်၊ အဖူးဝင်ပြီး အပင်မျိုးပွားချိန်၌ အပင်(၅၀)တွင် (၂၀)ပင်နှင့်အထက် ဖျက်ပိုးကျရောက်နေပါက မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားပြီး တရားဝင်ခွင့်ပြုထားသော ထိသေ၊ စားသေ ပိုးသတ်ဆေးများကို အညွှန်းပါအတိုင်းစနစ်တကျအသုံးပြုပေးပါ။ ပိုးများ ဆေးယဉ်ပါးခြင်းမှကာကွယ်နိုင်အောင်ပါ။ နည်းပညာအချက်လက်များကို Agri Digit New ဆောင်းပါးမှ ပြန်လည်ဖော်ပြပေးပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။