ဖြေကြားချက် ၁ ခု
စပါးခွံပေါင်းခံရည်အသုံးပြုပုံ (၁) ရေနှင့် (၅ မှ ၁၀) ဆအထိ ရောဖျန်းပါက အပင်ငယ်များကို သေစေသဖြင့် ပေါင်းသတ်ဆေးအဖြစ်အသုံးပြုနိုင်သည်။ (၂) ရေနှင့် အဆ (၅၀၀ - ၇၀၀) ထိရောဖျန်းပါက အမြစ်၊ အရွက်၊ အသီးများ အားကောင်းစေသည်။ (၃) အဝတ်ထူစကြိုးမျှင်ကို ပေါင်းခံရည်တွင်နှစ်စိမ်ပြီး လယ်ကွက်ထဲတွင် တုတ်ကိုင်းဖြင့် တွဲလောင်းဆွဲပေးထားပါက ဆစ်ပိုးဖလံများ မလာအောင် ဟန့်တားနိုင်သည်။ (၄) ရေအဆ ၁၀၀ နှင့်ရောဖျန်းပေးပါက စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါကို ကာကွယ်နိုင်သည်။ (၅) ပေါင်းခံရည် (၁၆) လီတာနှင့် ကြက်သွန်ဖြူ (၃၀ မှ ၆၀) ကျပ်သားခန့်ရောစပါပြီး သုံးလကြာထားပါ။ ၎င်းဆေးကို ရေအဆ (၁၀၀)မှ (၂၀၀) ရောစပ်ပြီးဖျန်းပါက ပျပိုးနှင့် မှိုရောဂါများကို ကာကွယ်နိုင်သည်။ (၆) ဖရဲနှင့် သခွားမွှေးများတွင် ကျရောက်သော စုပ်စားပိုးများအတွက် ရေလေးဂါလံတွင် စပါးခွံပေါင်းခံရည် (၂၀၀ မှ ၃၀၀) စီစီရောစပ် ပက်ဖျန်းနိုင်သည်။ ကိုးကား- ဘက်စုံပိုးမွှားရောဂါကာကွယ်ရေး တောင်သူလက်စွဲစာအုပ်
ဆက်စပ်မေးခွန်းများ
အပင်အတွက်အားဆေးဘာအကောင်းဆုံးဖစ်နိုင်ပါသလဲ
ဖြေကြားချက် 1 ခု
ပဲတီစိမ်းအတွက် အားဆေးမဝယ်ပဲ သဘာဝကိုယ်တိုင်လုပ်လို့ရတဲ့ နည်းလေးရှိပါသလားဗျာ
ဖြေကြားချက် 0 ခု
သဘာဝအပင်အားဆေးက ငါ အမိုင် နို တစ် မျိုး ပဲ ရှိတာ လားကျန် တဲ အပင်း အားဆေး လုပ် တဲ နည်း များ ရှိရင် အစိမ်း ရော...
ဖြေကြားချက် 2 ခု
အခု မြေသြဇာတွေ စျေးနှစ်ဆတက်လာပါတယ်။ဘယ်လိုဖြေရှင်းနိုင်မလဲခင်ဗျ။
ဖြေကြားချက် 2 ခု
သဘာဝအသီးအပွင့်အားဆေးဖော်စပ်နည်းလေးသိခြင်ပါတယ်ခင်ဗျာ
ဖြေကြားချက် 1 ခု