ကြက်လေတွေရေပေလိုရပြီးလာဗျ
ဘောင်ကတော်တော်ကြယ်တယ်နော်
ဘောင်က ဘယ်လောက်အကြယ်လဲဗျ
ရေသွင်းခြင်း မြေအမျိုးအစားနှင့် ရာသီဥတုပေါ် မူတည်၍ ရေသွင်းသည့် အကြိမ်တူမည် မဟုတ်ပေ။ ကြက်သွန်ခင်းသည် မစိုလွန်း၊ မခြောက်လွန်းသော အခြေအနေတွင် အမြဲရှိရန် လိုအပ်သည်။ ရေသွင်းချိန်ရောက် မရောက်ကို ကြက်သွန်ပင်များ၏ အခြေအနေကို ကြည့်၍ အကဲခတ်နိုင်သည်။ ရေကို မလိုပဲ ရေသွင်းက ရောဂါကျတတ်သည်။ ကြက်သွန်ရေငတ်ပါက အရွက်များ ပြာမှိုင်းပြီး နွမ်းခွေလာသည်။ ရေ လိုအပ်မှုများပါက ဥခွခြင်း၊ မရင့်မီ အနှံထွက်လာတတ်သည်။ မြေ အလွန်ခြောက်အောင်ထားပြီးမှ ရေသွင်းက ကြက်သွန်၏ အခွံ အက်ကွဲတတ်သည်။ သာမာန်အားဖြင့် တစ်ပတ်လျှင် တစ်ကြိမ် ရေပေးရသည်။ ရာသီဥတု ပူပြင်းပါက ၄-၅ ရက်ခြား တစ်ကြိမ်ခန့် ရေပေးသွင်းရန် လိုသည်။ အရွက်များ စတင် ကျလာချိန်တွင် ရေသွင်းခြင်းကို လုံးဝ ရပ်လိုက်ပြီး ကြက်သွန် အမြိတ်များကို လုံးဝ ရပ်လိုက်ပြီး ကြက်သွန် အမြိတ်များကို စုစည်း ချည်နှောင်ပေးခြင်း၊ ဆံမြိတ် ထုံးပေးခြင်းကို ပြုလုပ်ရမည်။ မတူးခင် ရေကို ၁၀ရက် ကြိုဖြတ် ထားရမည်။ ရေမဖြတ်ပါက အခွံပါးပြီး အထားမခံပါ။
ဆက်စပ်မေးခွန်းများ
ရွှေစိုက်ထားတာ၁၅ရက်ရှိသွားပြီဗျဆေးကြွေးနည်း၊ရေပေးနည်းလေးအလင်းပြပါအုံးဗျ
ဖြေကြားချက် 1 ခု
ကြက်သွန်နီတဧကအတွက် ရေအစက်ချစိုက်ဖို့အတွက်ဆို ပစ္စည်းနဲ့တပ်ဆင်ခဘယ်လောက် ကုန်ကြနိုင်လဲဗျာ့
ဖြေကြားချက် 0 ခု
ဘယ်လိုစိုက်ရမလဲ ရေလောင်းစရာလိုလာ?
ဖြေကြားချက် 1 ခု
ရွှေစိုက်တာ၇၈ရှိသွားပြီရေဖြန်းတဲ့နည်းပညါလေးသိရင်ဖြေပေးပါ
ဖြေကြားချက် 1 ခု
ရေသွင်းစိုက်ပျိုးလျှင် ရေစုပ်စက်မှရေထွက်အားဘယ်လောက်လိုအပ်ပါသလဲ။ ရေပိုက်အကျယ်ကကောဘယ်လောက်ရှိဖို့လိုအပ်ပါသလဲ။
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။