အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,664
လွန်ခဲ့သော ၅ နှစ် က · ဟိုပုံး

ဘာပိုးလဲဗျဘာဆေးသုံးရမလဲ

ပိုးမွှားရောဂါ ပန်းဂေါ်ဖီ
Post image
5

ဖြေကြားချက် ၅ ခု

534 လွန်ခဲ့သော ၄ နှစ် က

နံချပ်ကူ ဖြန်းမယ်ဆိုရင်တော့စားသုံးရမှာတောင့် ကြောက်လာပီ

4,664 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူး

270,769 လွန်ခဲ့သော ၅ နှစ် က

စိန်ကွက်ဖလံတွင် ကြီးထွားမှုအဆင့်လေးဆင့်ရှိပြီး သားလောင်းအဆင့်ကသာ သီးနှံပင်များကို တိုက်ခိုက်ဖျက်ဆီးသော ကြီးထွားမှုအဆင့်ပါ။ စိန်ကွက်ဖလံ၏ ဥမှပေါက်ခါစသားလောင်းများဟာ အရွက်များကိုထွင်း၍ စားတတ်ပြီး သားလောင်းအရွယ်အစားကြီးလာသောအခါ အရွက်၏ နေရာအနှံ့တွင် အခေါင်းပေါက်များဖြစ်ပေါ် လာသည်အထိ စားသောက်ဖျက်ဆီးပါတယ်။ စိန်ကွက်ဖလံသားလောင်းများ ဖျက်ဆီးစားသောက်ခြင်းကြောင့် အရွက်များတွင် ပြတင်းပေါက်များပုံစံ ဖြစ်ပေါ်လာခြင်းမှာ ၎င်းဖျက်ပိုး၏ ဖျက်ဆီးမှုလက္ခဏာပဲ ဖြစ်တယ်။ စိန်ကွက်ဖလံအမတစ်ကောင်ဟာ (၃-၇) ရက်အတွင်း ဥပေါင်း (၁၀၀-၁၅၀) အထိ ဥနိုင်ပါတယ်။ လုံးလုံးရှည်ရှည် ဥသေးသေးလေးတွေကို အရွက်အောက်မျက်နှာပြင်ဖက်မှာ တစ်လုံးချင်းစီသော်လည်းကောင်း နှစ်လုံး၊ သုံးလုံးစု၍သော်လည်းကောင်း ဥချတတ်ပါ တယ်။ ဥခါစအချိန်၌ ဥအရောင်မှာ အဖြူရောင်ဖြစ်ပြီး ဥသက်တမ်းရင့်လာလျှင် ဝါညိုရောင်ပြောင်းသွား၍ ဥ၏သက်တမ်းမှာ အပူချိန်ပေါ်မူတည်၍ (၃-၈) ရက်ရှိပါတယ်။ သားလောင်းအဆင့်လေးဆင့်ရှိပြီး ဥမှပေါက်ခါစသားလောင်းမှာ မီးခိုးစိမ်းရောင်ရှိ၍ သားလောင်းအရွယ်အစားကြီးလာချိန်တွင် အစိမ်းရင့်ရောင်သို့ ပြောင်းလဲသွားပါတယ်။ အရွယ်ရောက်ပြီးသားလောင်း၏ ခန္ဓာကိုယ်အရှည်မှာ ၁၂ မီလီမီတာ ရှည်လျားပြီး သက်တမ်းမှာ (၁၄-၂၈) ရက်ဖြစ်တယ်။ သားလောင်းသည် အမျှင်များဖြင့် ရုပ်ဖုံးအိမ်ကို ပြုလုပ်၍ ရုပ်ဖုံးအဆင့်ကို ရုပ်ဖုံးအိမ်အတွင်းသာ ပြီးမြောက်စေပါတယ်။ ရုပ်ဖုံးမှာ အစိမ်းရင့်ရောင် သို့မဟုတ် အညိုဖျော့ရောင် ဖြစ်ပါတယ်။ အရှည်မှာ ၁၀ မီလီမီတာရှိ၍ များသောအားဖြင့် ရုပ်ဖုံးအိမ်ကို အရွက်၏ မျက်နှာပြင်အောက်တွင်သာ ကပ်တွယ်ထားပါတယ်။ ရုပ်ဖုံးသက်တမ်းမှာ (၅-၁၀) ရက်အထိ ဖြစ်ပါတယ်။ စိန်ကွက်ဖလံသက်ကြီးကောင်မှာ အညိုရင့်ရောင်ဖြစ်ပြီး ကျောဘက်တွင် စိန်ပုံစံ အကွက်ငယ်သုံးခု ပါပါတယ်။ အရွယ်အစားမှာ ၁၀ မီလီမီတာရှည်၍ အတောင်ဖြန့်ပါက ၁၃ မီလီမီတာ အကျယ်ရှိပါတယ်။ စိန်ကွက်ဖလံ၏ ဘဝစက်ဝန်းမှာ အပူချိန်ပေါ်မူတည် ၍ တစ်လနီးပါးကြာ၍ ညထွက်သတ္တဝါ အမျိုးအစားဖြစ်ပါတယ်။ ပန်းပွင့်ချိန်တွင် ဆိုးဆိုးရွားရွား ကျရောက်တတ်ပါတယ်။ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းစဉ် စိုက်ကွင်းသို့နေ့စဉ် သွားရောက်စစ်ဆေးပါ။ ရာသီဥတုအေးသောအချိန်များတွင် သီးနှံများကို စိုက်ပျိုးပါ။ အဝါရောင်စေးကပ် ထောင်ချောက်များကို ကွင်းအတွင်းထားပေးပါ။ သီးလှည့်စိုက်ပျိုးပေးပါ။ ဂေါ်ဖီရွက် (သို့မဟုတ်) မုန်ညှင်းဖြူ စသောအပင်များကို စိုက်ကွင်းဘောင်ပတ်လည်တွင် ထောင်ချောက်သီးနှံအဖြစ် စိုက်ပျိုးပါ။ စိုက်ကွင်းကို အစက်ချရေသွင်းနည်းစနစ်မဟုတ်ဘဲ ရေဖျန်းပိုက်ခေါင်းများ အသုံးပြု၍ ရေသွင်းပေးပါ။ တတ်နိုင်ပါက ဖန်လုံအိမ် (သို့မဟုတ်) ပိုက်များကာမိုး၍ သီးနှံကို စိုက်ပျိုးပါ။ ဖျက်ပိုးအရေအတွက်နည်းနေချိန်တွင် သားလောင်းများကို လက်ဖြင့်ကောက်ယူပါ။ စိုက်ကွင်းပတ်ဝန်းကျင်ရှိ မုန်ညှင်းမုန်လာမျိုးနွယ်ဝင် ပေါင်းပင်များကို ရှင်းလင်းပါ။ ဓာတုပိုးသတ်ဆေးသုံးပါက ဆေးတစ်မျိုးတည်းကိုသာ မသုံးပါနှင့်။ တမာ၊ ငရုတ် စသောအပင်များမှ ထုတ်လုပ်ရရှိသည့် ပိုးသတ်ဆေးများကို အသုံးပြုပါ။ (အစိမ်းရောင်လမ်းထဲက "ဂေါ်ဖီအထွက်နှုန်းထိခိုက်စေနိုင်သော စိန်ကွက်ဖလံ" ဆောင်းပါးမှ ဖော်ပြပါသည်။

270,769 လွန်ခဲ့သော ၅ နှစ် က

စိန်ကွက်ဖလံပိုးကျနေပါတယ်။ ပိုးလောက်ကောင်တွေကို လက်နဲ့လည်းဖယ်ရှားဖျက်ဆီးပေးပါ။ ဘေးနားမှာပေါင်းပင်၊ မုန်ညင်းမုန်လာမျိုးရင်းဝင်ပေါင်းပင်များကို ရှင်းလင်းပေးပါ။ အဝါရောင်ကော်ထောင်ချောက်တွေထားပေးရင်ကောင်းပါတယ်။​အကောင်ကြီးတွေအနေနဲ့လည်း နှိမ်နင်းနိုင်ပါတယ်။

4,207 လွန်ခဲ့သော ၅ နှစ် က

နံချပ်ကူ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။