အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မောင်မြန်မာ
လွန်ခဲ့သော ၈ နှစ် က · စလင်း

နို့စားနွား မွေးချင်တယ်ဘယ်မျိုးသင့်တော်မလဲ ဈေးအများကြီးမတတ်နိုင်လို့ပည

မွေးမြူနည်း နွား
2

ဖြေကြားချက် ၂ ခု

မောင်မြန်မာ
မောင်မြန်မာ 176 လွန်ခဲ့သော ၈ နှစ် က

ကျေးဇူးတင်ပါတယ် ခင်ဗျာ

MDEP
MDEP 2,381 လွန်ခဲ့သော ၈ နှစ် က

လက်ရှိမြန်မာနိုင်ငံမှာ နို့စားနွားမွေးမြူ နေမှုအခြေအနေကတော့ ဒေသနွား/ဖရီရှန်စပ်နွားများကို ဖရီရှန် (သို့) ဂျာစီ စသည့်မျိုးစစ်မျိုးရည်ခဲချောင်းများအသုံးပြု သားစပ်မွေးမြူလျက်ရှိပါတယ်။ ဖရီရှန်နွားမျိုးမှာ ဂျာစီနွားများထက်ထွက်နှုန်းကောင်းမွန်ပါတယ်။ ဂျာစီနွားမျိုးကတော့ ဖရီရှန်နွားမျိုးထက် အပူဒဏ်ခံနိုင်ခြင်း နို့တွင်အဆီပါဝင်မှုများခြင်း ကိုယ်ခန္ဓာ အနည်းငယ်သေးခြင်း စတဲ့ကွာခြားချက်တွေရှိပါတယ်။ ဒါကြောင့် မွေးမြူရာမှာ လက်ရှိနို့စားနွားမွေးမြူ ရေးအခြေအနေအရ (နို့ကို ပမာဏဖြင့်ရောင်းခြင်းဝယ်ခြင်းမှာ နို့တွင်းအစိုင်ခဲပါဝင်မှုဖြင့် ဈေးမသတ်မှတ်ခြင်း) ဖရီရှန်ကိုမွေးသင့်သလို မိမိမွေးမြူမှုစနစ်နှင့် ရာသီဥတုအရ အကြမ်းခံနိုင်ပြီး အကောင်သေးခြင်းကြောင့် အစာစားနည်းသော ဂျာစီမျိုးများလည်းမွေးမြူသင့်ပါတယ်။ မွေးမြူမှုစနစ်/နေရာဒေသ/ဈေးကွက်လိုအပ်ချက် စတာတွေကို စဉ်းစားခြင့်ချိန်မွေးမြူ သင့်ပါကြောင်း အကြံပြု တင်ပြအပ်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။