ဖြေကြားချက် ၂ ခု
တော်တော်လေးများနေတယ်ဘာသုံးရမလဲပြောကြပါ
စိုက်ပျိုးနည်းအကြောင်းကိုဖော်ပြလိုက်ပါတယ် မြေအမျိုးအစား နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေ၊ ကိုင်းကျွန်းမြေများတွင် စိုက်ပျိုးနိုင်ပြီး (၆ မှ ၆.၅)အတွင်းရှိ မြေများတွင် အထူးဖြစ်ထွန်းသည်။ မြေပြင်ခြင်း တစ်ဧကလျှင် နွားချေး(၅-၁၀)စီးခန့်ချပါ။ ကျောက်မှုန့် မြေသြဇာ(အိတ်ဝက်)ကို မြေခံတွင် ထည့်သွင်း ထားပေးပါ။ (တစ်ဧကလျှင်တစ်အိတ်နှုန်း) မျိုးရွေးချယ်ခြင်း ဒေသနှင့် ကိုက်ညီသည့် အထွက်ကောင်း မျိုးများကို ရွေးချယ် အသုံးပြု၍ စိုက်ပျိုးသင့်သည်။ တစ်ဧကအတွက် မျိုးစေ့နှုန်းမှာ အစေ့ ၁.၅တင်း၊ အတောင့် ၆တင်း အသုံးပြုပါ။ အပင်ပေါက်နှုန်း (၈၀%) အထက်ရှိသော မျိုးစေ့များကို အသုံးပြုပါ။ အစေ့သေးလွန်း၊ ကြီးလွန်းသော မျိုးစေ့များ အသုံးမပြုသင့်ပါ။ စိုက်ပျိုးခြင်း စိုက်ပျိူးခါနီးတွင် မြေပဲမျိူးစေ့ကို လူးနယ်ဆေးလူးပါ။ လူးနယ်မည့် မြေပဲမျိုးစေ့ကို တောင်း(သို့မဟုတ်) သံပုံး တွင်ထည့်၍ ထမင်းရည်အေးအေးကို စိုစွတ်ရုံ ထည့်၍ လူးနယ်ပါ။ နှံ့စပ်သွားလျှင် လူးနယ်ဆေးကို ဖြူးထည့်၊ လူးနယ်ပြီး မျိုးစေ့ကို လေသလပ် အခြောက်ခံပြီးမှ စိုက်ပျိုးရန်။ မျိုးစေ့ကို မစိုက်ပျိုးမီ ၁နာရီမှ၂နာရီအတွင်း ကြိုတင်၍ လူးနယ် ထားရန်။ တစ်ဧကအတွက် လူးနယ် ဆေးလူးထားသော မျိူးစေ့ (၁တင်း-၁တင်းခွဲ)ကို အတန်း အကွာအဝေး (၁၄)လက်မခြားဖြင့် ကြွက်မြီးတန်း ချပါ။ စိုက်ကြောင်း အတိမ်အနက် (၁.၅လက်မ-၂လက်မ အတွင်း) အစိုဓါတ်မိအောင် စိုက်ပါ။ တစ်ဧကကို အပင်ဦးရေ (၁) သိန်းကျော်ဝင် ဆန့်အောင် စိုက်ပျိုးပါ။ သဘာဝမြေသြဇာများကို (၇-၁၀) အိတ်ကို စိုက်ကြောင်းထဲသို့ ထည့်ပေးပါ။ အကယ်၍ ဓာတ်မြေသြဇာ အသုံးပြုလိုပါက တစ်ဧကလျှင် ပုလဲ(၂၈-၅၆ပေါင် သို့ ၈ပြည်- ၁၅ပြည်)၊ တီစူပါ (၈၄-၁၁၂ပေါင် သို့ ၂၃ပြည်-၃၁ပြည်)၊ ပိုတက် (၃၈ ပေါင် သို့ ၂၃ ပြည်) ကို စိုက်ကြောင်းအတွင်း လိုက်ဖြူးထည့်ပေးပါ (သို့မဟုတ်) ကွန်ပေါင်း မြေသြဇာတစ်အိတ်ကို ထည့်ပေးပါ။စိုက်ပြီး (၂၀)ရက်သား ခန့်တွင် ကြားတစ်ကြိမ် တိုက်ပါ။ ဒုတိယအကြိမ် ကြားတိုက်ခြင်းကို စိုက်ပြီး ( ၃၀ ) ရက်သားခန့်တွင် ပြုလုပ်ပါ။ မြေပဲစိုက်ပျိုးနည်းအပြည့်အစုံကိုတော့ အောက်ပါLinkကိုနှိပ်ပြီးတော့လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/posts/cultivation-of-groundnut
ဆက်စပ်မေးခွန်းများ
မြေပဲမစိုက်ခင်ဘာလုပ်သင့်လဲဗျ
ဖြေကြားချက် 1 ခု
မြေပဲစိုကါသင့်တဲ့မြေဆီလွှာအမျိုးအစား
ဖြေကြားချက် 1 ခု
ကျွန်တော်မြေပဲခင်းလေးကျဲတဲ့အချိန်မှစပြီးတစ်လတိတိပြည့်သွားပါဘီလိုအပ်ချက်လေးများကိုညွှန်ပြပေးစေချင်ပါသည်။
ဖြေကြားချက် 1 ခု
မြေပဲ GAP အချက် တွေ သိလိုပါတယ်
ဖြေကြားချက် 2 ခု
မြေပဲကိုကျနော်တို့ဒေသမှာ မိုးမြေပဲဆိုရင်ရှေ့နောက်အတန်းစိုက်ပါတယ် ဆောင်းမြေပဲကို တောင်မြောက်စိုက်ပါတယ် ယခုမေး...
ဖြေကြားချက် 2 ခု