ဖြေကြားချက် ၁ ခု
ကြက်သွန်တွင် ပေါင်းသတ်ဆေးမသုံးသင့်ပါ။ ပေါင်းလိုက်လွယ်ကူစေရန် အတန်းလိုက် ပျိုးထောင်သင့်သည်။ ပျိုးမထောင်မီ မျိုးစေ့များကို မျိုးစေ့လူးနယ်ဆေးဖြင့် လူးနယ်၍ (၁၀)မိနစ်ခန့် အရိပ်အောက်တွင် အခြောက်ခံပြီးမှ ပျိုးထောင်ပါ။ အပင်ပေါက်နှုန်းကောင်းမွန်ပြီး အပင်ကြီးထွားသန်မာတုတ်ခိုင်ကာ စုပ်စားပိုးများ၊ မြေအောင်းပိုးများ၊ ပင်ဖြတ်ပိုးများ၊ ခါးရိရောဂါများကို ကြိုတင်ကာကွယ်နိုင်ပါ သည်။ ကြက်သွန်ကို အောင်မြင်စွာ စိုက်ပျိုးနိုင်ရန်အတွက် ပေါင်းကိုနိုင်ရန် အရေးကြီးသည်။ ကြက်သွန်သည် ပေါင်းနှင့် မယှဉ်ပြိုင်နိုင်ပေ။ ပေါင်းလိုက်ရာ၌ အပင်ကလေးများကို မထိခိုက်ရန် သတိပြုရသည်။ ကြက်သွန်၏အမြစ်သည် မြေ၏အပေါ်ယံအပိုင်းတွင်သာ ရှိနေသောကြောင့် အမြစ်မထိခိုက်စေရန် သတိပြုရမည်။ အရွက်များစတင်ကျချိန်တွင် ပေါင်းလိုက်ရန် မလိုတော့ချေ။ ရွှေ့ပြောင်းစိုက်ပြီး တစ်လအကြာတွင် ဒုတိယအကြိမ် ယူရီးယား ဓာတ်မြေသြဇာကို အတန်းကြားတွင် ချပေးပါ။ မြေအလွန်ကြပ်နေက နွားချေး၊ မြေဆွေး ထပ်မံထည့်ပေးပါ။
ဆက်စပ်မေးခွန်းများ
ကြက်သွန်နီပျိုးခင်းလုပ်မလို့ပါစနစ်တကျပျိုးနည်းပေါင်းသတ်ဆေးဘာသုံးရမလဲဆိုတာဖြေပေးပါ
ဖြေကြားချက် 1 ခု
ကြက်သွန်နီပျိုး ယခုပုံပါမြေကပ်ပေါင်းရှင်းဖို့ ဘာပေါင်းသက်ဆေးသုံးရမလဲ
ဖြေကြားချက် 5 ခု
ဆရာသမားတို့ခဗျ ကြက်သွန်နီပျိုးထောင်တဲ့နေရာမှာပေါင်းပင်များမပေါက်အောင်ဘလိုဆေးမျိုးသုံးရမလဲ ပျိုးပငိလဲအထိခိုက်မ...
ဖြေကြားချက် 2 ခု
ကြက်သွန်ခင်းပေါင်းမျက်များဘယ်ဆေးဖျန်းရပါ့မလဲ
ဖြေကြားချက် 1 ခု
ကြက်သွန်နီ ရက်၄၀ပြည့်လို့ရှိရင် ပေါင်းသတ်ဆေး ပက်လို့ရသေးလား
ဖြေကြားချက် 0 ခု