အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
704
လွန်ခဲ့သော ၅ နှစ် က · ဘိုကလေး

စပါးကိုဘော်ဒိုးတေးဖျန်ရလား

ပိုးမွှားရောဂါ စပါး စပါးပင်နှင့်အာဟာရ

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 6,743 လွန်ခဲ့သော ၅ နှစ် က

စပါးမှာလည်း ဘော်ဒိုဆေးရည်ဖျန်းနိုင်ပါသည်။ စပါးဂုတ်ကျိုးရောဂါ၊ စပါးရွက်ညိုပြောက်ရောဂါများတွင် သုံးလေ့ရှိပါတယ်။ ဒုတ္ထာ၊မဖေါက်ထုံး၊ရေ တို့ကိုအသုံးပြု၍ ဘော်ဒိုဆေးရည် ပြုလုပ်သုံးစွဲခြင်း ဖြစ်ပါတယ်။ ဘော်ဒိုဆေးရည်သည် စိုက်ပျိုးသည့်သီးနှံခံနိုင်မှုအပေါ်မူတည်၍ အချိုးကို အမျိုးမျိုး ဖျော်စပ်အသုံးပြုလေ့ရှိပါတယ်။ ဒုတ္ထာ၊မဖေါက်ထုံး၊ရေတို့ကို ၂:၂:၅၀၊ ၄:၄:၅၀၊ ၅:၅:၅၀၊ ၁:၁:၁၀၀ စသည်ဖြင့် ဖျော်စပ်အသုံးပြုကြရာ ဖျော်စပ်ရာတွင်လည်း သံပုံး၊သွပ်ပုံး၊ ကြေးပုံး စသည်တို့သည် ဓါတ်ပြုမှုဖြစ်ပွားနိုင်သဖြင့် ဆေးရည်အားအာနိသင် နည်းသွားနိုင်သောကြောင့် ဆေးရည်ဖျော်စပ်ရာတွင် မြေ၊ စဉ့်၊ ကြွေ၊ ပလပ်စတစ်၊ သစ်သားစည်ပိုင်းများကို အသုံးပြုရပါမယ်။ ဒုတ္ထာနှင့် ရေအား သပ်သပ် ပုံးတစ်ပုံး၊ မဖေါက်ထုံးနှင့်ရေအား သပ်သပ်ပုံးတစ်ပုံး ဖျော်စပ်ပြီး နောက်ထပ်ပုံး တစ်ပုံးထဲတွင် ထိုပုံးနှစ်ပုံးမှ ဆေးရည်များကိုလောင်းထည့်ကာ ရေထပ်ထည့်ပြီး မွှေပေးရပါမည်။ (သုံးစွဲမည့်ရေသုံးပုံပုံ တစ်ပုံခန့်စီသုံးစွဲရန်) ထုံးနှင့် ဒုတ္ထာသည် ရေတွင် ပျော်ဝင်မှုနှေးပြီး၊ အနည်ထိုင်စေတတ်သောကြောင့် မကြာခဏမွှေပေးရပါမယ်။ ဒုတ္ထာ (ကော့ပါးဆာလဖိတ်)တွင် ကော့ပါးက မှိုကိုသတ်နိုင်စွမ်းရှိတာကြောင့် ဆေးထိရောက်မှုရှိစေရန် ဒုတ္ထာ ၊ကော့ပါး ပါတာကိုသုံးသင့်ပါတယ်။ အရေးကြီးတဲ့အချက်တစ်ချက်ကတော့ ဖျော်စပ်ပြီး(၂၄)နာရီ အတွင်းအသုံးပြုရန်လိုအပ်ပါတယ်။ နောက်နေ့တွင်မှ ဖျန်းပါက အာနိသင်နည်းပါးစေမယ်။ ထို့ကြောင့်နေ့ချင်းပြီး သုံးနိုင်သလောက်သာဖျော်စပ် သုံးသင့်ပါတယ်။ မိုးတွင်း၌ ဘော်ဒိုဆေးရည် တွယ်ကပ်မှုအားကောင်းစေရန်အတွက် ကော်ရည်ထည့်ဖျော်၍ သုံးနိုင်ပါတယ်။ ဘော်ဒိုဆေးရည်ကို ပက်ဖျန်းမယ်ဆိုပါက အခြားဆေးများကဲ့သို့ ရေရောရန်မလိုပဲ ဖျော်ပြီးဆေးရည်အတိုင်းသာ သုံးစွဲနိုင်ပါတယ်။ ရွက်ပြောက်နှင့်မှိုရောဂါ တော်တော်များများကိုသုံးစွဲနိုင်ကြောင်း၊ အပင်အရွယ်အစား၊ အစိပ်အကြဲနှင့် အသက်အရွယ်အလိုက် တစ်ဧကလျှင် ဂါလံ(၅၀)မှ(၁၀၀)အထိ ပက်ဖျန်းနိုင်ကြောင်းနှင့် ပူနွေးစွတ်စို ထိုင်းမှိုင်းသောရာသီဥတုတွင်ပက်ဖျန်းပါက ပုံမှန်ထက် အကြိမ်များများ ပက်ဖျန်းရပါမယ်၊ ဆေးဖျန်းရာမှာသတိပြုရန်ကတော့ -မိုးရွာနေချိန်မဖျန်းရပါ။ -ဆေးဖျန်းပြီး မိုးရွာလျှင်လည်းထပ်ဖျန်းရပါမယ်။ -နေပူပြင်းလွန်းလျှင်လဲမဖြန်းရပါ။ -အပင်ရေငတ်၍ ညှိုးနွမ်းနေချိန်တွင်လည်းမဖျန်းရပါ။ -ဆက်တိုက်သုံးမည်ဆိုရင်တော့ အန္တရာယ်ရှိလာနိုင်ပါတယ်။ -မည့်သည့်နည်းစနစ်မဆို အကောင်းအဆိုး၊ အကျိုးအပြစ်တွေကဒွန်တွဲရှိလာနိုင်တာမို့ စဉ်းစားဆင်ခြင်ပြီး သုံးစွဲစေချင်ပါတယ်။ စပါးသီးနှံတွင်သာမက အခြားဟင်းသီးဟင်းရွက်နှင့်ဥယျာဉ်ခြံသီးနှံများတွင်လည်း သုံးစွဲနိုင်ကြောင်းတွေ့ရှိရပါတယ်။ ဘော်ဒိုဆေးရည်ကို နှစ်ရှည်ပင်များ မှိုရောဂါကာကွယ်နိုင်ရန် ပင်စည်၌သုတ်လိမ်းခြင်း၊ စိုက်ခင်းပျိုးခင်း မြေရှိ သီးနှံမစိုက်ပျိုးမီ ပက်ဖျန်းခြင်းဖြင့် မြေဆောင်မှိုရောဂါများကို ကြိုတင်ကာကွယ်နိုင်ကြောင်းလည်း လေ့လာသိရှိရပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။