ဘော်ဒိုးမစ်ချာဆေးရည်ကို ပိုးမွှားရောဂါအတွက် မတ်ပဲပန်း မပွင့်ခင် ကြိုတင်ကာကွယ်ဖျန်းရင်း ရပါသလားခဗျား လင်းပေးပါ...
ဘော်ဒိုးမစ်ချာဆေးရည်ကို ပိုးမွှားရောဂါအတွက် မတ်ပဲပန်း မပွင့်ခင် ကြိုတင်ကာကွယ်ဖျန်းရင်း ရပါသလားခဗျား လင်းပေးပါဦး ဆရာတို့
ဘော်ဒိုးမစ်ချာဆေးရည်ကို ပိုးမွှားရောဂါအတွက် မတ်ပဲပန်း မပွင့်ခင် ကြိုတင်ကာကွယ်ဖျန်းရင်း ရပါသလားခဗျား လင်းပေးပါဦး ဆရာတို့
ခုလိုဖြေကြားပေးတာကျေးဇူအထူးတင်ပါတယ်ခင်ဗျာ ၄ ဂါလံဆေးပုံဆို ၁၀ စီစီ ဇွန်နဲ ဘယ်နှယ်စီ ထည့်ရပါသလည်း ပေါင်နဲ နားမလည်းလို့ပါ ကျေးဇူပြု၍အလင်းပြပေးပါခင်ဗျာ🙏🙏
ဘော်ဒိုမစ်ချာကို သီးနှံများတွင် သင့်တင့်သည့်နှုန်းထားအတိုင်းသုံးစွဲလျှင် အပင်များအတွက် အကျိုးရှိပါသည်။ ဘော်ဒိုမစ်ချာ ဆေးရည်ကို ဖျော်စပ်ရာတွင် သတ္တုပုံးများကို အသုံးမပြုရ။ ဓာတ်ပြုပြီးစားလောင်သည်။ ဖျော်စပ်ပြီးဆေးကို သိုလှောင်မထားရ။ ဖျော်စပ်ပြီးပြီးချင်း အသုံးပြုရသည်။ ပက်ဖျန်းစဉ်ကာလ၌ပင် အနည်ထိုင်မသွားစေရန် မကြာခဏလှုပ်ပေးနေရသည်။ ဤမှိုသတ်ဆေးမှာ သီးနှံပင်များကို ရောဂါဖြစ်စေသော မှိုများကိုသာမက ရေညှိ (Algae) နှင့် အင်းဆက်ပိုးများကိုပါ အထိုက်အလျောက်ကာကွယ်ပေးနိုင်သည်။ သီးနှံပင်များတွင် အသုံးပြုရာ၌ ရောဂါလက္ခဏာမပေါ်ပေါက်မီ အသုံးပြုသင့်သည်။ (၇)ရက် သို့မဟုတ် (၁၀)ရက် တစ်ကြိမ် ပက်ဖျန်းသင့်သည်။ သီးနှံပင်များသို့ ရောဂါပိုးများမဝင်ရောက်နိုင်ရန် အကာအကွယ်အလွှာအဖြစ် အသုံးပြုရသောကြောင့် အပင်များကိုပက်ဖျန်းရာတွင် မျက်နှာပြင်အားလုံးကို ဖုံးလွှမ်းသွားရန်လိုအပ်သည်။ မုန်လာဥမျိုးနွယ်များဖြစ်သော ဂေါ်ဖီ၊ မုန်လာ၊ ပန်းဂေါ်ဖီ၊ နိုကို၊ ကိုက်လန် စသော အပင်များနှင့် အခြားကြေးနီ အဆိပ်သင့်တတ်သော သီးနှံပင်မျိုးတွင် အသုံးမပြုသင့်ပါ။ အခြားမှိုသတ်ဆေး၊ ပိုးသတ်ဆေးများစွာတို့နှင့် ရောစပ်အသုံးမပြုသင့်ပါ။ ဆေးဖျန်းကိရိယာများတွင် ကြာရှည်စွာမထားရပါ။ စားလောင်ပိတ်ဆို့စေနိုင်သည့် အသုံးပြုပြီးပြီးချင်း ရေဖြင့် ကောင်းစွာဆေးကြောရန်လိုအပ်သည်။ ငါးများ၊ ပျားများကို အဆိပ်သင့်စေနိုင်သည်။ ကြေးနီ ဓာတ်ချို့တဲ့သော မြေများတွင် ကြေးနီလိုအာဟာရတစ်မျိုးအဖြစ် ထောက်ပံ့နိုင်သည်။ ဤမှိုသတ်ဆေးသည် အပင်များပေါ်တွင် အချိန်ကာလကြာရှည်စွာ မြဲကျန်နိုင်သည်။ ရာသီဥတုအမျိုးမျိုးတွင်ကြာရှည်ခံနိုင်သည့် သီးနှံပင်အတော်များများကို အဆိပ်သင့်စေနိုင်သည်။ အသီးများအရောင်လွင့်ပြီး အရွက်များလောင်ကျွမ်းနိုင်သည်။
ဆက်စပ်မေးခွန်းများ
မတ်ပဲကို အပင်ပေါက်ပီး ဘယ်လောက်အကြာမှဆေးဖျန်းပေးရမလဲဗျ မသိလို့ပါ ဖြေပေးခဲ့ပါဗျ
ဖြေကြားချက် 2 ခု
မတ်ပဲအပင်တစ်လသားရှိပြီအပင်ကငယ်နေသေးတယ် ဆေးသုံးလို့ရမရ ရရင်ဘာဆေးသုံးရင်အဆင်ပြေနိူင်ဆုံးလဲ အစိုဓတ်အနည်းငယ်ရှိ
ဖြေကြားချက် 1 ခု
မတ်ပဲရွက်ဖျန်းအားဆေးဘာဆေးတွေသုံးရမလဲလမ်းညွန်ပေးပါအုံးခင်ဗျ
ဖြေကြားချက် 1 ခု
မတ်ပဲ/ပဲတီစိမ်း ရက်၂၀သါးအရွယ်မှာ ပုလဲဓာတ်မြေသြဇာကိုရေဖျော်ပီးဖျန်းလို့ရပါသလားခင်ဗျ
ဖြေကြားချက် 3 ခု
မတ်ပဲ 15ရက်သားမှစတင်၍ ပိုးသတ်ဆေးအမျိုးအစားများနှင့်ဆေးအညွှန်းအသုံးပြုပုံများကိုသိပါရစေ ဆရာတို့ခမျာ
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။