အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Old Question
Old Question 7,291
လွန်ခဲ့သော ၈ နှစ် က · သန်လျှင်

အရင်သုံးလေးနှစ်က ကွမ်းစိုက်ဖူးပါတယ်။အတော်ရောင်းချလို့ရတဲ့အရွယ်ကျမှ ဆစ်မဲပိုးကြောင့် အကုန်ကုန်သွားပါတယ်။တရွာလုံးဖြစ်တာပါ။ခုအဲ့နေရာမှာထပ်စိုက်ချင်လို့မြေကိုဘယ်လိုပြင်ဆင်သင့်ပါလဲ။ မြေနဲ့ပတ်သက်ပီး တော့လည်း ကျွန်မတို့ဘိုးဘွားတွေက မုန့်ဖိုလုပ်ငန်းလုပ်ခဲ့ကြပါတယ်။အဲ့ဒါကြောင့် ဖွဲပြာများတဲ့မြေအဖြစ်နှစ်အတော်ကြာဖြစ်ခဲ့ပါတယ်။ခုတော့အဲ့လိုမလုပ်တာ နှစ်ဆယ်နဲ့ချီနေပါပီ။အဲ့လိုမြေဆိုရင်ကော ဘယ်လိုပြုပြင် သင့်ပါသလဲ။

ပိုးမွှားရောဂါ ကွမ်း

ဖြေကြားချက် ၁ ခု

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၈ နှစ် က

နွားထယ်ဖြင့် ထယ်ထိုးခြင်း ထွန်မွှေခြင်းများဖြင့်မြေကို စတင်ပြုပြင်သည့် စိုက်ကွက်မြေသည် သဲလွန်ဆန်မြေဖြစ်ပါက လယ်မြေ သို့မဟုတ် စနယ်မြေများ ထည့်ပေးကြပါတယ်။ထို့နောက် မဖေါက် ထုံးတစ်တင်း၊ ဆေးရွက်ကြီး အမှုန့်တစ်တင်းခွဲအိတ် (၃) အိတ်(ဆေးရွက်ကြီးမှုန့်ရှိပါက)၊ နွားချေးတင်း (၆၀) နှင့် တီဆူပါ ဓာတ်မြေသြဇာ (၅၀) ကီလို ဝင် အိတ်ကိုနေရာအနှံ ဖြူးထည့်ပေးပါ။ ထည့်ပြီးပါက ပေါက်ပြားဖြင့် ရောမွှေသမပြီး ရေဖျန်းကာ (၄-၅) ရက်ကြာ နှပ်ထားပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။