အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
348
လွန်ခဲ့သော ၅ နှစ် က · ကသာ

မုရင်စပါးမျိုး ဆားရည်ဖြင့်မျိုး ဘယ်လိုစိမ်သလဲးဗျ

စိုက်ပျိုးနည်း စပါး စပါးစိုက်ပျိုးနည်း

ဖြေကြားချက် ၂ ခု

348 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါ

အတည်ပြုပြီး 323,968 လွန်ခဲ့သော ၅ နှစ် က

ဆားရည်စိမ်နည်း အဆင့်ဆင့် - ဆားရည်စိမ်ရန် စည်ပိုင်းပြတ် တစ်ခုထဲသို့ ရေ (၁၀) ဂါလံ ထည့်ပြီး အိမ်သုံးဆား (၅) ပိဿာနှုန်း ထည့်ပြီး သမ အောင် မွှေပေးပါ။ ဆားဖျော်ရည် အလောတော် ဖြစ်မဖြစ်သိရှိနိုင်ရန် ထမင်းလုံးစေ့ (သို့မဟုတ်) ကြက်ဥကို ၎င်း ဖျော်ရည်တွင် ထည့်ပါက ထမင်းလုံးစေ့(သို့) ကြက်ဥသည် ဆားရည်မျက်နှာပြင်ပေါ်တွင် ပေါလောပေါ်လာသည်။ ၎င်းအနေအထားရှိသော ဆားဖျော်ရည်သည် မျိုးစပါးဆားရည်စိမ်ရန် အကောင်းဆုံးဖြစ်သည်။ - အထက်ပါဆားရည်တွင် မျိုးစပါး(၈)ပြီထည့်၍ နှံ့စပ်အောင် မွှေပေးပါ။ အဖျင်းအမှော် စပါးစေ့ စသည်များ ဆားရည်မျက်နှာပြင်ပေါ်တွင် တက်လာလိမ့်မည်။ ၎င်းအဖျင်းအမှော်များကို ဆန်ကာဖြင့် ဆယ်၍ ဖယ်ထုတ်ပါ။ - အထက်ပါနည်းအတိုင်း တစ်ဧက စိုက်ပျိုးရန် မျိုးစပါး တစ်တင်းခွဲကို တစ်ကြိမ်လျှင်(၈) ပြီနှုန်းဖြင့် (၃) ကြိမ် ခွဲ ၍ စိမ်နိုင်ပါသည်။ အသေးစိတ်ဖတ်ရန် - စပါးမျိုးစေ့ ဆားရည်စိမ် စိုက်ပျိုးခြင်း

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။