အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,018
လွန်ခဲ့သော ၅ နှစ် က · ဝေါ

ဆရာတို့ဆရာမတို့ ခင်ဗျာ ဒီနှစ်စပါးတွေမှာ မှိုသီးတွေအရမ်းပါလို့ စပါးမှိုသီးရောဂါကို ကြိုတင်ကာကွယ်ဖို့အတွက် ဘာတွေ...

ဆရာတို့ဆရာမတို့ ခင်ဗျာ ဒီနှစ်စပါးတွေမှာ မှိုသီးတွေအရမ်းပါလို့ စပါးမှိုသီးရောဂါကို ကြိုတင်ကာကွယ်ဖို့အတွက် ဘာတွေကြိုတင်လုပ်ဆောင်သင့်ပါသလဲခင်ဗျာ ကျေးဇူးအထူးတင်ပါတယ်

ပိုးမွှားရောဂါ စပါး စပါးမှိုသီးရောဂါ
6

ဖြေကြားချက် ၆ ခု

82,997 လွန်ခဲ့သော ၅ နှစ် က

မျိုးစေ့အညှောင့်ပေါက်မှု ကျဆင်းစေနိုင်တဲ့ စပါးမှိုသီးရောဂါ ဆောင်းပါးလေးထဲ ဝင်ရောက်လေ့လာနိုင်ပါတယ်။

4,018 လွန်ခဲ့သော ၅ နှစ် က

ဖြေကြားပေးတာကို အထူးကျေးဇူးတင်ပါတယ်ဆရာမခင်ဗျာ

4,018 လွန်ခဲ့သော ၅ နှစ် က

ကျွန်တော်တို့ဘက်ရဲ့အားနည်းချက်ဘဲ ပြောရမှာဘဲ စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဆက်သွယ်လုပ်ကိုင်တဲ့သူလဲ ဘယ်သူမှမရှိပါဘူး

1,455 လွန်ခဲ့သော ၅ နှစ် က

ရတော့ရပါတယ်ရှင့်၊ဆားရေစိမ်နည်းကတော့ ကုန်ကျစရိတ်နည်းပြီး၊လူကိုအန္တရာယ်ဖြစ်စေမှုနည်းပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနနှင့်ဆက်သွယ်ပြီး မျိုးသန့် RS,CSတို့ကို စိုက်ပျိုးတာ အကောင်းဆုံးပါရှင့်

4,018 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးအထူးတင်ပါတယ်ဆရာမ ကျွန်တော်တို့ဘက် စပါးကသူများဆီက ဝယ်ကျဲရတော့ လူးနယ်ဆေးသုံးတာတို့ အနှံမထွက်ခင် မှိုသတ်ဆေးဖြန်းတာတို့နဲ့ရော ကာကွယ်လို့ရပါသလားဆရာမ ကျေးဇူးအရမ်းတင်ပါတယ်ဆရာမ

1,455 လွန်ခဲ့သော ၅ နှစ် က

၁။အဲဒီစပါးကိုမျိုးအဖြစ်ပြန်မသုံးပါနဲ့။ ၂။နောက်နှစ် စပါးပျိုးထောင်မည်ဆိုပါက မိမိသုံးမည့် စပါး မျိုးကို နေလှန်း၊သန့်စင်ပါ။ ၃။မျိုးစပါးကို ဆားရေစိမ်ပါ အဖျင်းအမှော်များကိုဖယ်ထုတ်ပါ။ ၄။ ဆားအငံဓါတ်များကုန်တဲ့ထိ ရေကောင်းဖြင့် ပြန်ဆေးပါ။ ၅။ပြီးမှ မျိုးစိမ်ပါ။ (မျိုးကောင်း/သန့်ကို စိုက်ပျိုးရေးဦးစီးဌာန နှင့်ချိတ်ဆက်ပြီ၀ယ်ပါ၊ ဆားရေစိမ်နည်းကိုလည်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရဲ့အကူအညီယူ ပြီးဆောင်ရွက်ပါရှင့်။)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။