ပဲတီးစိမ်းကို ပွင့်ထွေးပိုး နဲ့လှေပိုးကြနေတာနဲသီးတောင့်ထွက်ခါစမှာအသီးခြောက်နေတာဗျာ ဆေးနာမည် ဘာဖျန်းရမလဲ
ပဲတောင့်ထိုးပိုး/ပင့်ထွေးရွက်ထွေးပိုး အဖူးအပွင့်ဝင်ချိန်မှ အသီးသီးချိန်ထိ ကျရောက်တတ်သည်။ အရွက်၊ အဖူး၊ အပွင့်၊ အသီးတို့ကို ပါးစပ်မှထွက်သော ချည်မျှင်ဖြင့် လုံးထွေးရစ်ပတ်စားသောက်ဖျက်ဆီးသည်။ အသုံးပြုရမည့်ဆေး- အော်ပတီမာ၊ စတား၊ ဗိုက်တာရှီစ်း၊ ကွန်ဖီးဒင့်၊ ဆလက်ပလပ်၊ ပရီဆိုက်။ လှေးပိုး လှေးပိုးမှာ စုပ်စားပိုးဖြစ်၍ ပန်းပွင့်စ၊ အဖူးဝင်စ၊ အဖူးပန်းပွင့်ထဲဝင်ရာမှ ပိုးကျသည်။ ရွက်နုကို စစ်ဆေးရသည်။ အရွက်၊ အညွှန့်၊ အဖူး၊ အပွင့်များမှ သစ်ရည်ကိုစုပ်စားသဖြင့် အရွက်နှင့် အညွှန့်များမှာ တွန့်လိမ်ပြီး အညိုရောင်ပြောင်းသွားသည်။ အပွင့်တွင်ကျပါက အပွင့်ကန်းခြင်းနှင့် အသီးတင်နည်းခြင်းကို ဖြစ်ပေါ်စေသည်။ သီးနုတွင် အဝါကွက်ငယ်များဖြစ်ပြီး အသီးတွင် အမာရွတ်ငယ်များတွေ့ရတတ်သည်။ အသုံးပြုရမည့်ဆေး- ဗိုက်တိုအိတ်၊ ဂိမ်း၊ အော်ပတီမာ၊ ကွန်ဖီးဒင့်။ ပိုးတွေနဲ့ ကာကွယ်နည်းတွေအတွက် - ပဲတီစိမ်းတွင် ကျရောက်ဖျက်ဆီးလေ့ရှိသော ဖျက်ပိုးများ
ဆက်စပ်မေးခွန်းများ
ပွင့်ထွေးရွက်ထွေးကာကွယ်ချင်တာဘာဆေးသုံးရမလဲဗျ
ဖြေကြားချက် 4 ခု
ပွင့်ထွေ ရွက်ထွေ ပိုကိုဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 3 ခု
ပဲခင်းမှာပွင့်ပိုး လှေးပိုးတွေကြနေတယ် ဘယ်ပိုးသတ်ဆေးသုံးရင်သင့်တော်မလဲ ဘယ်ချိန်ဆေးဖျန်းရင်ပိုထိရောက်မလဲခင်ဗျ
ဖြေကြားချက် 4 ခု
ပဲတီစိမ်းပန်းစပွင့်ချိန်းကနေရိပ်သိမ်းချိန်အထိပွင့်ထွေးပိုးသတ်ဆေးဘယ်နဲ့ကြိမ်းဖျန်းရင်ပိုးကင်နိုင်တာလဲ
ဖြေကြားချက် 1 ခု
ပဲတီစိမ်း ပွင့်ထွေးပိုး မဝင်ရောက်နိုင်အောင် ကာကွယ် နိုမ်နင်း ပြုစုနည်းလေး အလင်းပြပေး ကြပါဦး ဆရာသမားအပေါင်းတို။...
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။