အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သူရိန်
လွန်ခဲ့သော ၅ နှစ် က · ချမ်းအေးသာဇံ

ပန်းမာလကာ စိုက်ပျိုးနည်း အဖြေရှာ ======================== ညီမတော်သူ၏ ဖိတ်ခေါ်မှုအရ သူ၏မာလကာစိုက်ခင်းသို့ ရောက်ခဲ့သည်။ ယနေ့စိုက်ပျိုးရေးကဏ္ဍတွင် ခေတ်စားနေသော ပန်းမာလကာပင်များကို စိုက်ပျိုးထားသည်။ အပင် ၄၀၀ လောက် စိုက်ပျိုးထားပြီးဖြစ်သည်။ ယမန်နှစ် မိုးဦးကျမှစပြီး ခုနှစ်လ ရှစ်လလောက် ပင်သက်ရလျှင်ပင် အသီးကို ခူးဆွတ်ရောင်းချနိုင်သည်ဟု ပြောပါသည်။ ဝင်ငွေလည်း အထိုက်အလျောက် ရရှိနေပေပြီ။ "ပန်းမာလာကာပင်တွေက တော်တော်သီးတာပဲ။ ဝင်ငွေအခြေအနေက ဘယ်လိုရှိလဲ" "သုံးရက်ကို တစ်ခါခူးလျှင် နှစ်သောင်းလောက်တော့ရတယ်။ တစ်လလုံးဆို သုံးသိန်းကျပ်လောက်ရတယ်။ စသီးကတည်းကဆို ခြောက်သိန်းလောက်တော့ ပြန်ရပြီ။ အစ်ကိုကြီးကို မာလကာသီးကျွေးရဦးမယ်။ ပြန်ရင်လည်း ထည့်ပေးလိုက်မယ်" အကြီးဆုံး မာလကာသီးတစ်လုံးကို ဓားနှင့်ခွဲစိတ်ကာ ကျွေးပါသည်။ အသီး၏ အသားများသည် အနည်းငယ်ပျော့နေသည်။ ကျွတ်ဆတ်ဆတ်မရှိသဖြင့် အရသာသိပ်မရှိလှပေ။ အပင်များတွင် အသီးများသည် ကြီးကြီးလတ်လတ်ငယ်ငယ် အရွယ်စုံလင်လှသည်။ အကိုင်းများကျိုးသည်အထိ အသီးများလှပေသည်။ နွေ ရာသီအပူရှိန်ကြောင့် အသီးများသည် နွမ်းမှည့်မှည့်နေသည်ကိုပင် တွေ့ရသည်။ အပင်တန်းကြားတွင် မြောင်းရှည်များ တူးထားကာ ရေဝပ်ကျင်းစနစ်ဖြင့် ရေပေးထားပါသည်။ ရေပြတ်လျှင် အပင်များ ညှိုးကျသည်ဟုလည်း ပြောပါသည်။ "အပင်တွေက မြေထုပ်ကိုင်းစည်းတွေဆိုတော့ မြန်မြန်သီးပါတယ်။ ဒါပေမဲ့ ရေပေးရတာ အတော်စရိတ်ကုန်တယ်။ ရေဝအောင် မပေးပြန်ရင်လည်း အပင်တွေ သေတဲ့အထိ ဆုံးရှုံးရတယ်" "ကဲ ဒီလိုဆိုရင် ဒီကိစ္စကို စဉ်းစားကြည့်ရမယ်။ မင်းတို့တွေ ငယ်ငယ်က မာလကာသီးကို ဘယ်လိုစိုက်ကြသလဲ။ အစေ့ကနေ စိုက်တယ်။ မာလကာပင်ရေလောင်းတယ်ဆိုတာ ထုံးစံမရှိဘူး။ ဘာကြောင့်လဲ။ အပင်က ရေသောက်မြစ်မရှိတော့ မြေအောက်ကို နှစ်ပေခွဲ သုံးပေလောက်ဆင်းပြီး အစိုဓာတ်ကို စုပ်ယူနိုင်လို့ပဲ။ အဲဒီ တော့ အပင်ကို ရေလောင်းစရာမလိုဘူး။ အသီးတွေလည်း ပုံမှန်သီးနေတယ်။ အဲဒီအတွေ့အကြုံကို ယူပြီး စိုက်ပျိုးရေးကို ပြုပြင်ရမယ်" "ဒီလိုဆို အစေ့ကို ပျိုးပြီး စိုက်ရမယ်လို့ ဆိုလိုတာလား" "ဟုတ်တာပေါ့ကွယ်" "ခုလို ခုနှစ်လရှစ်လလောက်နဲ့ အသီးပေါ်ပါ့မလား" "အဲဒီလိုတော့ မရဘူး။ ဒါပေမဲ့ ပင်သက်တစ်နှစ်ခွဲ၊ နှစ်နှစ်အတွင်းမှာ အသီးငှက်စာဆော်ပြီး နှစ်နှစ်ကျော်ရင်တော့ ခုလို အသီးလှိုင်လှိုင်သီးပါတယ်" "အပင်တွေက မြင့်နေတော့ အသီးကို စက္ကူအိတ်စွပ်ရတာ အခက်အခဲရှိမှာပေါ့" "အဲဒါလည်း လွယ်ပါတယ်။ အပင်တစ်ပေလောက်အရှည်ကစပြီး အရွက်လေးရွက်ချန်ပြီး အပင်ကိုင်းတွေကို အကြိမ်ကြိမ်ဖြတ်လိုက်ရင် ခု ညီမလေးတို့အပင်မျိုး အပင်ပုလေးတွေ ဖြစ်လာတာပေါ့" "ရေပေးပုံလေးပြောပါဦး" "မင်းတို့ ခုလို မြောင်းတွေ တူးပြီး ရေဝပ်ကျင်းပေးရတာ ကုန်ကျစရိတ်များလှပါတယ်။ မင်းတို့အပင်ရဲ့ အရွက် အကိုင်း ပင်စည်တွေကိုကော ရေလောင်းပေးရဲ့လား" "ဘယ်လောင်းပေးမလဲ၊ အောက်ရေသာ လွှတ်ပေးတာ" "အပင်အပေါ်ပိုင်း အရွက်အကိုင်း၊ အပင်တွေကိုလည်း ရေဖျန်းပေးရမယ်။ အရွက်အကိုင်း၊ အပင်တွေမှာရှိတဲ့ အာဟာရစုပ်ယူတဲ့ အပေါက်တွေပွင့်ပြီး အာဟာရစားနိုင်တာပေါ့။ အစေ့ကထုတ်တဲ့အတွက် ရေဝပ်ကျင်းစနစ်မသုံးဘဲ ပိုက်လုံးသေးသေးတွေ နဲ့ အပင်ရင်းကို အစက်ချစနစ်သုံးပြီး ရေပေးရမယ်။ အစက်ချစနစ် (Dropping System)က ရေကုန်သက်သာတယ်။ ရေသိုလှောင်ကန်ထဲမှာ အပင်အာဟာရတွေဖျော်ပြီး ရေနဲ့လွှတ်လို့ ရသေးတယ်။ လူရဲ့ လုပ်အားလည်း ချွေတာနိုင်တာပေါ့" "ခုတော့ ရေမောင်းရတာ မပြတ်ပါဘူး။ မိုးရာသီမှာသာ သက်သာတယ်။ အစ်ကိုကြီးပြောတဲ့ အစေ့ကိုမျိုးစိုက်တဲ့စနစ်က တော်တော်ကောင်းတာပဲ" "အကျိုးရှိတာ တစ်ခုထပ်ပြောရဦးမယ်။ ပင်သက်လည်း ၁၀၊ ၁၅ နှစ် ရှည်သေးတယ်။ အသီးအရည်အသွေးလည်း ကောင်းတယ်။ အပင်က ရောဂါပိုးမွှားဒဏ်ခံနိုင်တယ်။ ကီလိုမာလကာ၊ ပန်းမာလကာ၊ ပတ္တမြားမာလကာမျိုးတွေကို စိုက်နေကြတာမှာ ခုလို အစေ့စိုက်စနစ်ကို ပြောင်းလဲလာကြပြီကွယ့်။ ဒို့ငယ်ငယ်က မာလကာကို မြေထုပ်စည်းစိုက်တာ။ ရေလောင်းရတာ ဘယ်မှာရှိလို့လဲ။ အဲဒီတော့ မူလအခြေခံအချက်အလက်တွေနဲ့ ပေါင်းစပ်ပြီး လုပ်ဆောင်လျှင် များစွာအကျိုးရှိလာနိုင်ပါတယ်" "အစ်ကိုကြီးလာမှပဲ မာလကာစိုက်ပျိုးရေးဗဟုသုတတွေ အများကြီး ရပါတယ်" "နောက်တစ်ခေါက်လာရင် အသီးကိုအိတ်စွပ်ပုံစွပ်နည်း လက်တွေ့လုပ်ပြမယ်။ ဒီနေ့တော့ အချိန်မရလို့ပါ" "ဒီလိုဆိုရင် နောက်များမကြာခင်မှာ အစ်ကိုကြီးခြံထဲကို ခဏခဏလာခဲ့ပါ။ အကြံကောင်းဉာဏ်ကောင်းလည်း ပေးပါ။ အစ်ကိုကြီးပြန်ရင် မိသားစုတွေအတွက် မာလကာသီးတွေ လက်ဆောင်ပေးလိုက်ပါဦးမယ်" အပင်ပေါင်း ၄၀၀ ခန့် စိုက်ပျိုးထားသော အသီးတွေဝေနေသည့် ပန်းမာလကာခြံကြီးကို တွေ့မြင်ရသဖြင့် စိတ်ထဲတွင် ပျော်ရွှင်မိပါသည်။ နောင်ရက်များတွင် ပြန်လည်လာရောက် အကြံဉာဏ်‌များပးပါဦးမည်။ စာရေးသူကိုယ်တိုင်လည်း ကျယ်ဝန်းနက်နဲလှသော စိုက်ပျိုးရေးနည်းပညာများကို ဆက်လက်လေ့လာရမည်ကို စဉ်းစားရင် ပန်းမာလကာခြံကြီးကို ကျောခိုင်းကာ ပြန်ခဲ့ပါတော့သည်။ အိမ်မဲဦးစိန်ဝင်း ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၃) https://dkyjournal.blogspot.com/2020/09/blog-post_26.html

စိုက်ပျိုးနည်း ပန်းသီး

ဖြေကြားချက် ၀ ခု

ဖြေဆိုထားခြင်း မရှိသေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။