အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
khaing zaw
khaing zaw 2,331
လွန်ခဲ့သော ၅ နှစ် က · ဘိုကလေး

ကွမ်းအညွှန့်ကိုယာကွမ်းစိုက်နဲ့အသားတက်များအောင်ဘယ်လိုဘယ်နားဖြတ်ရလဲဖြေကြပေးကြပါနော်

စိုက်ပျိုးနည်း ကွမ်း
3

ဖြေကြားချက် ၃ ခု

အောင်ကိုဝင်း
အောင်ကိုဝင်း 348 လွန်ခဲ့သော ၅ နှစ် က

ကွမ်းပင် အကိုင်းများများထွက်ဖို့ဆိုရင် အဖူးအညွန့်လေးတွေကိုဖျက်ပေးယုံနဲ့အဆင်ပြေပါတယ် ကွမ်းပင်ကိုမြေဆီတွေအရမ်းမကြွေးပါနဲ့ မြေဆီအရမ်းကြွေးလွန်းရင် ရောတွေဝင်တက်ပါတယ်မြေဆီအစားကို မြေဆွေး(ခေါ်)မြေသဲအဆွေးကို​ထည့်ပေးရင်ရပါတယ် အရွက်အသားတက်ဖို့ကတော့ အားဆေးဖျန်းပေးပါ

ထွန်းတင့်
ထွန်းတင့် 236 လွန်ခဲ့သော ၅ နှစ် က

ေမြဆီများများေကြွးရင် ေယာဂါဝင်လာတယ် ဥပမှာ ဆီဇွန်း တောကျတဲ့ပွောကျ အခွားမှိုယောဂါတှေပေါ့

မဆုမြတ်ခင်
မဆုမြတ်ခင် 100,154 လွန်ခဲ့သော ၅ နှစ် က

ခေါင်ညွှန့်ဖြတ်ပါ။ ခေါင်ညွှန့်ကို တစ်တောင့်ထွာလောက် ဖြတ်ပေးတာက ပျိုးညွှန့်အဖြစ်လည်းပြန်ရသလို ကိုင်းတွေလည်း ပွားစေပါတယ်။ မဖြတ်ချင်လည်း မဖြတ်ဘဲထားလို့ရပါတယ်။ ကိုင်းများများတက်ဖို့ သားတက်များများရဖို့ကတော့ မြေဆီများများ ကျွေးနိုင်မကျွေးနိုင်နဲ့ ဆိုင်ပါတယ်။ မြေဆီနိုင်နိုင်ကျွေးပေးနိုင်ရင် ပင်ခြေကနေ အညွှန့်ကိုင်းအသစ်တွေထပ်ထွက်ပြီး ဘေးတက်တွေလည်းများများထွက်ပါတယ်။ ပြီးတော့ လှီနေတဲ့ ကိုင်းတွေ ကွမ်းဖူးမအောင်တဲ့ ကိုင်းတွေ အရွက်ရင့်တွေကိုလည်း ဖြတ်ပေးဖယ်ပေးရပါမယ်။ ကွမ်းကကိုယ့်ပြုစုပုံပေါ်မူတည်ပြီး ကောင်းတာမကောင်းတာက ဆိုင်တာမလို့ သေချာ မြေဆီကျွေး ဂရုစိုက်ပေးဖို့ လိုပါတယ်။ ပြီးတော့ မြေကျပ်နေလို့မရပါဘူး မြေသြဇာကျွေးရင်း ပေါင်းမြက်ရှင်း မြေဆွ ပေးရပါမယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။