ဖြေကြားချက် ၁ ခု
၁. ဂျပိုးနက်၏ ဒဏ်ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပါ။ ၂. စပါးခင်းတွင် ပေါင်းမြက် ကင်းစင်ရန် နှင့် စပါးခင်း အား နွေထယ်ရေးခံပါ။ ၃. ပိုးများ၏ဘဝစက်ဝန်းကို ဖျက်ဆီးရန်အတွက် တူညီတဲ့ ရင့်မှည့်ချိန်ရှိသော စပါးမျိုးများကို တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးပါ။ ၄. ဥ ဥနိုင်သော အရွယ်ရောက် ပိုးကောင်များကို လျော့ချနိုင်ရန်အတွက် မာကျူရီ မီးသီးဖြင့် အလင်းထောင်ခြောက်များကို လပြည့်ရက် မတိုင်မှီ (၅) ရက်မှစတင်ပြီး လပြည့်ပြီးနောက် ပိုင်း (၅)ရက်ထိ အလင်းထောင်ခြောက်များကို ထွန်းညှိပါ။ ၅. ဇီဝနည်းအရ - ဘဲ လွှတ်ကျောင်းခြင်း၊ ဖားများ စပါးခင်းအတွင်းရှိစေခြင်း၊ မိတ်ဆွေပိုး များဖြစ်သည့် သားရဲကောင် ပင့်ကူ၊ ပုရစ်၊ ကျိုင်းကောင်၊ အနီရောင်ပုရွက်ဆိတ်များ ရှိစေခြင်း အားဖြင့် ထိန်းချုပ်နိုင်ပါသည်။ ၆. ရေသွင်းခြင်းဖြင့် ပိုးကျရောက်မှုလျော့ချနိုင်သည်မှာ ပိုးကျရောက်မှုစတင် တွေ့ရှိချိန်တွင် စပါးခင်းအား ၂-၃ ရက်အထိ ရေလွှမ်း ထားခြင်းဖြင့် ဖျက်ပိုးများ ရေပေါ်သို့ ရောက်ရှိ သေဆုံးသွားမည်။ရေလွှမ်းထားခြင်းဖြင့် ဖျက်ပိုးဥအများအပြားကို ဖျက်ဆီးနိုင်မည်။ ဖျက်ပိုးဥ များသည် ရေထဲတွင် ၂၄ နာရီကြာ နစ်မြုပ်ပါက ဥမှ အကောင်မပေါက် နိုင်ဘဲ သေဆုံးသွားမည်။ရိတ်သိမ်းပြီးချိန်တွင် နွေထယ်ရေးခံခြင်းဖြင့် ကျန်ရစ် ဖျက်ပိုးများ၏ ဘဝစက်ဝန်းအား ဖျက်ဆီး ဖယ်ရှားရမည်။ ၇။ ပိုးသတ်ဆေးသုံးစွဲ၍ကာကွယ်နှိမ်နင်းပါက- ထိသေစားသေ ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေးကို သုံးစွဲပါ။ အခဲထက် အရည်နှင့် အမှုန့်ကို သုံးစွဲပါ။ ဆေးဖြန်းပါက အပင်ကိုသာမက အပင်ခြေနှင့် အပင်အနီး မြက်ပင် ပေါင်းပင်များကိုပါ ဖြန်းရန်လိုအပ်သည်။ ai – lambda-cyhalothrin နှင့် imidacloprid ကို တွဲ ၍ ဖြန်းပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘာပိုးလဲဗျ ဒီပိုးကိုဘာဆေးဖျန်းရမလဲဗျ
ဖြေကြားချက် 1 ခု
စပါးစုတ်ဂျပိုးစားသောက်ပုံသိပါရစေခင်ဗျား
ဖြေကြားချက် 2 ခု
ကျွန်နော့် မှာစပါးပိုးကျနေတယ်လောင်မီးပိုး
ဖြေကြားချက် 1 ခု
စပါးတွေ ပိုးကျနေတာ ဘယ်လိုလုပ်မှာလဲ ငမြောင်တောင် ပိုး
ဖြေကြားချက် 2 ခု
ဆစ်ပိုးကျနေသောစပါးကိုဘယ်လိုလုပ်မလဲ .ရေကြာင့်လား လေကြောင့်လာ.းမြေကြောင့်လား
ဖြေကြားချက် 2 ခု