အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၂ ခု

ayethandasoe
ayethandasoe 31,851 လွန်ခဲ့သော ၈ နှစ် က

စပါးခင်း ရေသွင်းရလွယ်ကူတဲ့အခင်း ဒါမှမဟုတ် ရေရှိတဲ့အခင်းဆိုရင် ငမြောင်တောင်ကို ထိန်းချုပ်ပြီးသားပါ။ ရေသွင်းရန်ခက်ခဲတဲ့ စပါးခင်းတွေမှာ ညနေခင်း ပိုးသတ်ဆေးဖြန်းပါ။ ဆေးဖြန်းတဲ့အခါ ထိသေနဲ့အဆိပ်ငွေ့အာနိသင်ရှိတဲ့ပိုးသတ်ဆေးကို သုံးပြီး မြေပြင်ကိုပါ ဖြန်းပါ။

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၈ နှစ် က

-ပေါင်းမြက်များကို ရှင်းလင်းပါ။ -ကန်သင်းဘောင်များကို ခိုင်ခံ့အောင်ပြုလုပ်ပါ။ -သီးလှည့်စိုက်ပါ။ -ထယ်ရေးနက်နက်ထိုးပြီးရိုးပြတ်များကို မီးရှို့ပါ။ -ငါးမြောင်တောင်ကျရောက်နေသော စိုက်ခင်းထဲသို့ရေသွင်းပါ။ -အကောင်ဥတွေ့လို့ တစ်ပင်တွင်အကောင်ဦးရေတွေ့ပါက တစ်ပတ်အတွင်း အညွှန်းပါဆေးဖြန်းပါ၊ ငမြောင်တောင်သည် ညနေစောင်းအချိန်တွင်သာထွက်၍အပင်များကို ကိုက်ဖြတ်စားသောက်တတ်သဖြင့် ဆေးကို ညနေစောင်းတွင် စပါးရွက်အောက်မျက်နှာပြင်ကို ရောက်အောင်ဖြန်းပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။