အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၂ ခု

မဆုမြတ်ခင်
မဆုမြတ်ခင် 100,154 လွန်ခဲ့သော ၆ နှစ် က

စပါးမှာက အဆင့်သုံးဆင့်ရှိပါတယ် အနည်းဆုံး တစ်ဆင့်စီကို ၃၀စီလောက်ကြာတတ်ပါတယ် ၃ဆင့်ဆိုတော့ ရက်၉၀လောက်ပါ အဲ့ထက် သက်တမ်းပိုတိုတဲ့ စပါးမျိုးတော့ မကြားဖူးသေးပါ အဲ့ထက်သက်တမ်းလျော့ရင်လည်း မနိုင်ဝန်ကို ထမ်းနေရသလို ဖြစ်နေမှာပါ သူရဲ့ ကြီးထွားမှုအဆင့်တွေ မျိုးပွားမှုအဆင့်တွေ ရင့်မှည့်မှု အဆင့်တွေ မပြည့်ဝဘဲ ဖြစ်သွားမှာပါ အနည်းဆုံး မျိုးပွားမှုအဆင့်နဲ့ ရင့်မှည့်မှုအဆင့်တင် ၆၀မှ ၆၅ရက်လောက် ကြာတာမလို့ ၄၅ရက်စပါးဆိုတာ ဘယ်လိုမှ မရှိနိုင်ပါဘူးရှင့်

U Zaw Ye Thu
U Zaw Ye Thu 82,997 လွန်ခဲ့သော ၆ နှစ် က

အထွက်ကောင်းစပါးမျိုးများ၏ သက်တမ်းမှာ ရက် ၆၀ ၊ ရက် ၉၀ ၊ ရက်၁၀၀ ၊ ရက် ၁၂၀ ရှိပါတယ်။ စိုက်ပျိုးရာသီ မှာ ပိုးမွှားရောဂါ ၊ မြေသြဇာလိုအပ်ချက်တွေ ရှိပါက ပြုပြင်ထိန်းသိမ်းပြိး အထွက် နှုန်း ထိခိုက်မှု လျော့ချနိုင်ရန် ရက် ၉၀၊ ရက် ၁၀၀ စပါးများကို သာ စိုက်ပျိုးသင့်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။