ဘာလို့အပ်နေတာလဲ မသိလိုပါ ပျိုခင်မှ နုတဲဆိုက်တာပါ ပျိုးထောင်တဲ့ အသက် ရက် စုစုပေါင်း 60 ကျော်နေပါပြီခဗျ
အပင်ရဲ့အနေအထားအရ ယူရီးယားမြေသြဇာ (နိုက်ထရိုဂျင်) မြေသြဇာ မကျွေးရသေးရင် ထည့်စေချင်ပါတယ်။ ယူရီးယားမြေသြဇာ ကို တစ်ခါးတည်း အများကြီး မသုံးစေချင်ပါဘူးဗျ။ လိုတာထက်ပိုသွားရင် ပိုးမွှားတွေကျရောက်နိုင်ပါတယ်။) နိုက်တြိုဂျင် စီမံခန့်ခွဲမှု နိုက်တြိုဂျင်သည် အပင်ကြီးထွားမှုအတွက် အဓိကလိုအပ်သော ဒြပ်စင်တစ်ခု ဖြစ်ပါ သည်။ စပါးပင်များသည် ယင်းတို့၏ လိုအပ်သော နိုက်တြိုဂျင်အများစုကို ဇီဝပစ္စည်း များနှင့် မြေဆီလွှာမှ ရယူနိုင်ပါသည်။ သို့ရာတွင် သဘာဝအရင်းအမြစ်မှ ဖြစ်ပေါ်ရရှိ သည့် နိုက်တြိုဂျင် အထောက်အပံ့သည် တစ်ခါတစ်ရံတွင် စပါးအထွက်နှုန်း မြင့်မားမှု အတွက် လုံလောက်ပါသည်။ မြေဩဇာများမှ ရသည့် ဖြည့်စွက်ပေးသော နိုက်တြိုဂျင် သည် ရေတော် မိုးတော် မိုးစပါးစိုက်ခင်းများနှင့် ရေသွင်းစိုက်ခင်းများမှ အကျိုးအမြတ်နှင့် မြင့်မားသော အထွက်နှုန်း တို့အတွက် မဖြစ်မနေ အဓိကကျပါသည်။ စပါးပင်၏ နိုက်တြိုဂျင် လိုအပ်မှုသည် ကြီးထွားမှုအဆင့်နှင့် ဆက်စပ်နေပါသည်။ စပါးပင်သည် ပြည့်ဝသော စပါးနှံ အရေအတွက် ရရှိရန်နှင့် ပင်ပွားဖြစ်ပေါ်သည့် အစောပိုင်းနှင့် အလယ်ပိုင်း အဆင့်များတွင် နိုက်တြိုဂျင်ဓာတ်ကို လိုအပ်ပါသည်။ အနှံဖြစ်စအချိန်တွင် စုပ်ယူရရှိသော နိုက်တြိုဂျင်သည် စပါးနှံရှိ ပန်းပွင့်၊ ပန်းခိုင် အရေအတွက်ကို တိုးပွားစေပါသည်။ ရင့်မှည့်ချိန်တွင် စုပ်ယူရရှိသော နိုက်တြိုဂျင် သည် နေရောင်ခြည်ရရှိမှု လုံလောက်ပါက အစေ့အဆန် တည်မှုကို တိုးပွားစေ ပါသည်။ အကျိုးရလာဒ်ကောင်း အတွက် လယ်သမားများသည် ပင်ပွားထွက်သည့် ကာလ၊ အနှံဖြစ်မှု စတင်သည့်ကာလနှင့် အစေ့အဆန် ဖြစ်တည်သည့် ကာလများ တွင် အပင်မှ လိုအပ်သော နိုက်တြိုဂျင်ကို ထိထိမိမိ ရရှိစေရန် နိုက်တြိုဂျင် ဓာတ် မြေဩဇာကို အကြိမ်များစွာခွဲ၍ ထည့်သွင်း ပေးသင့်ပါသည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါးပင်တွေကအရွက်တွေဝါပြီးမြေသြဇာပတ်လဲမတတ်ဘူးဖြစ်နေတယ်ဗျဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 2 ခု
လကြီးမြေသြဇာနဲ့ ပုလဲ ရေားပြီး စပါခင်ထဲပက်ရင်ကောင်းလားဗျ
ဖြေကြားချက် 1 ခု
၁၅ပတ်လည်နဲ့၁၆ပတ်လည် ဘယ်မြေသြဇာကိုသုံးရင်ပိုကောင်းလည် ဘယ်မြေဆီကိုသုံးသင်ပါသလဲ ခမျာ
ဖြေကြားချက် 4 ခု
ကျွန်တော့်စပါးခင်းအဲလိုတွေဖြစ်နေတယ်ဗျဘာဆေးလုပ်ရမလဲဆရာများဖြေပေးကြပါအုံးဗျာ
ဖြေကြားချက် 1 ခု
စပါးပင်အခြေအနေအရ လိုအပ်ချက်များ လမ်းညွှန်ပါအုံးဗျာ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။