ဖြေကြားချက် ၅ ခု
သစ်မွှေးကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း လယ်မြေတွင် စိုက်ပျိုး၍မရပါ။ သစ်မွှေးစိုက်ပျိုးလျှင် ၁။ ရေရရှိရမည်။ ၂။အရိပ်ရရှိရမည်။ ၃။ရေမဝပ်စေရပါ။ ထိုအချက် ၃ချက်နှင့် ညီလျှင် စိုက်ပျိုးနိုင်ပါသည်။ စတင်စိုက်ပျိုးချိန်မှ ၂နှစ်သား အထိ အရိပ်ကောင်းစွာ ရရှိရန်လိုအပ်ပါသည်။ ၂နှစ်ကျော်ပါက အရိပ်ပေးရန် မလိုတော့ပါ။ ရာဘာ သီဟိုဠ် သရက်ပင်များကြား၌ ပင်ကြား စိုက်ပျိုးနိုင်ပါသည်။ သစ်မွှေး စိုက်ပျိုးပါက ၁.၅ ၁ပေခွဲ ပတ်လည် နှင့် ၁ပေခွဲ အနက် ကျင်းတူးပြီး စိုက်ကျင်း အတွင်း N:P:K ၁၅း၁၅း၁၅ (သို့) ၁၆း၁၆း၁၆ ၁ဗူး၊ နွားချေး ၁ပြည်၊ ကြက်ချေး ဗူးတဝက်၊ မြေဆွေး ၂ပြည် ထည့်၍ စိုက်ပျိုးနိုင်သည်။ အပင် တစ်ပင်နှင့် တစ်ပင် ၄ပေ ၆ပေ ၈ပေ ၁၀ ပေ ခြား စိုက်ပျိုးနိုင်သည်။ ၄-၅ပေခြား စိုက်ပျိုးခြင်းဖြင့် အရိပ် ရေ ၁၂လ ပတ်လုံးပေးနိုင်ပါသည်။ စိုက်ပျိုးပြီး ၄ – ၅ နှစ်ကြာပါက လုံးပတ် ၁၈လက်မ ရှိလျှင် မှိုစတင်သွင်း၍ အဆီ အခဲ ရယူထုတ်လုပ်နိုင်ပါပြီ။ မှိုသွင်းခြင်း လုပ်ငန်းအား ဆောင်ရွက်သည့် ကုမ္ပဏီ အဖွဲ့အစည်းများ ပြည်တွင်း ပြည်ပ တွင် များစွာ ရှိနေသည့် အတွက် စိတ်ကြိုက် ရွေးချယ် ထုတ်လုပ်နိုင်ပါသည်။ ကိုးကား - မန္တလေး ဂေဇက်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
သစ်ကတိုးပင်ကမြန်မာပြည်ဘယ်အရပ်ဒေသမှာပေါက်ရောက်ပါသလဲ မွန်ပြည်နယ်မှာ စိုက်ပျိုးလို့ရနိုင်ပါသလား ကျေးဇူးပြု၍ဖြေ...
ဖြေကြားချက် 2 ခု
နံ့သာဖြ ူကိုပျိုးနေတဲ့အချိန်ဘာဆေးသုံးရမလဲ
ဖြေကြားချက် 0 ခု
မနှစိမိုးကစိုက်ထာူတာ ပင်အရင်းနားက ကျိုးပြီး သေသွားတယ်.နေပူလို့လည်းသေတယ်.အပင်၁၂၀၀ စိုက်တာ ၄၀၀လောက်ပဲရှင်တယ်ခင်...
ဖြေကြားချက် 0 ခု
ဆေးကလမ ပင် စိုက်ဖို့ ဘာတေလိုအပ်လဲဗျာ အကြိုးမြတ်ကဘလိုတေရနိုင်လဲ သိခြင်လို့ပါ
ဖြေကြားချက် 1 ခု
သစ်မွှေး အစေးခံပုံလေးတွေ မျှဝေပေးစေချင်ပါတယ် ဆရာတို့
ဖြေကြားချက် 0 ခု