စီးပွားဖြစ်မဟုတ်ပါခင်ဗျ။အိမ်တွင်ခြံစိုက်စားတာပါ။ အသီးလေးတွေအကင်းမှာတင် အပေါက်ကလေးတွေဖြစ်ပြီး ကြာရင်ပုပ်ပုပ်သွားတယ်ခင်ဗျ။အပွင့်တွေကတော့တအားပွင့်ပြီး အသီးကလုံးဝမတင်လို့ပါ။အဲ့ဒါဘယ်လိုဆေးမျိုးသုံးရမလဲအစ်ကိုဆရာတို့။
သီးထိုးယင်ထောင်ချောက် ဘယ်လိုလုပ်ကြမလဲ ထောင်ချောက်ပြုလုပ်နည်းပါ လေ့လာနိုင်ပါတယ်။
အသီးတွေမကြီးခင်ပုပ်ပြီး ပုပ်တဲ့နေရာမှာလည်း အစေးလိုမျိုးတွေထွက်တယ်ဆိုရင်တော့ သီးထိုးယင်ပါပဲ။ အရွက်ရဲ့အောက်မျက်နှာပြင်တွေမှာဆိုရင် အရွယ်ရောက်အကောင်တွေရှိနေတတ်ပါတယ်။ ပိုးကျနေတဲ့အသီးတွေ၊ အောက်တွေမှာကြွေကျနေတဲ့အသီးတွေကို ယူပြီး ဖယ်ရှားပစ်ပါ။ပိုးတွေမခိုအောင်းနိင်အောင် မြေကြီးထဲနက်နက်မြှုပ်ပစ်ပါ။ အိမ်မှာခြံစိုက်စားတာဆိုတော့ ဓာတုဆေးမသုံးချင်ရင်တော့ ထောင်ချောက်တွေပြုလုပ်ပြီးဖမ်းပေးပါ။ အခုရာသီသိမ်းပြီးရင်တော့ မြေကြီးကိုထယ်ထိုးပြီး ရုပ်ဖုံးများကိုနေပြပါ။ မိုးတွင်းကာလမှာ ပေါက်ဖွားမှုနှုန်းကောင်းလို့ စိုက်ချိန်ပြောင်းစိုက်တာတွေလုပ်ဆောင်နိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ကျောက်ဖရုံအပင်ပေ့က် အရွက်ရှစ်ရွက်ပါ မိုးကအပင်ပေါက်ပြီးတည်းကမရွာပ့ဘူး ရေးဘယ်လိုပေးသင့်ပ့သလဲ မြေသြဇာရောကျွေးသင့်...
ဖြေကြားချက် 0 ခု
ပုံမှာဝိုင်းထားတဲ့အပင်လေးက ကျောက်ဖရုံပင်လားသိချင်ပါတယ်ရှင့် ဟုတ်တယ်ဆိုရင်ဘယ်လိုပြုစုရလဲရှင်
ဖြေကြားချက် 1 ခု
ပေ30ပတ်လည်စိုက်ပျိုးထားသောသရက်ခြံထဲတွင် ကျောက်ဖရုံသီးကို 15ပေခြားကျင်းတူးပြီးစိုက်ထားပါသည် စိုက်ပျိုးနည်းထဲမှာ...
ဖြေကြားချက် 2 ခု
ကျောက်ဖရုံဘယ်စိုက်ပျိုးရသလဲ
ဖြေကြားချက် 1 ခု
အ စေ့ကြွက်မစားသည့်နည်း ပေး ပါအုးံ။
ဖြေကြားချက် 0 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။