ဖြေကြားချက် ၂ ခု
Thanks ပါညီမ?
အပင်ကို ပိုးမွှားမကျအောင်လည်းထိန်းသိမ်းနိုင်ပြီး စိုက်ပျိုးရာသီအလိုက် ရေပေးမှုကောင်းကောင်းနဲ့ အာဟာရဓာတ်များလိုအပ်ချိန်တွင်စနစ်တကျကျွေးဖို့လိုပါမယ်။ နှမ်းကို ပုံမှန်အားဖြင့် ပင်ပိုင်းကြီးထွားချိန်နောက်ဆုံးဆင့် တစ်လသားအချိန်မှာ ပုလဲ ကျွေးပြီး၊ ပန်းစပွင့်ချိန်မှ သီးကင်းဝင်ချိန်ထိ ပုလဲ+လက်ချား ကိုအနည်ဆုံး ၂ ကြိမ် ၇ရက်ခြားတစ်ကြိမ်ကျွေးရပါတယ်။ လက်ချားက သီးပွင့်အားကောင်းစေပါတယ်။ နှုန်းထားအနေနဲ့ ဆေးဖျန်းပုံးတစ်ပုံးကို ပုလဲ ၁၆ ဇွန်း+ လက်ချား ၄ ဇွန်းပါ။ စိုက်နည်းစနစ်တွေကိုလည်း ရာသီအလိုက် အစိမ်းရောင်လမ်းရဲ့ စိုက်ပျိုးနည်းကဏ္ဍမှာ နှမ်းကိုရွေးပြီး လေ့လာနိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အဲ့အဆင့်ဘဲရှိသေးတာ ပိုးသတ်ဆေးဖြန်းစရာလိုသေးလား ဆီစုပ်ပိုးရော ဖြန်းစရာလိုသေးလားဗျ ကျေးဇူးပြု၍ဖြေပေးသွားပါအုံးဗျ
ဖြေကြားချက် 2 ခု
ပုလဲ လက်ချားကို မိုးမရွာပဲ ဖျန်းလို့ရပါသလားဆရာ
ဖြေကြားချက် 1 ခု
နှမ်းကိုဘယ်အချိန်တွေမှာအာဟာရပေးရမလဲ
ဖြေကြားချက် 6 ခု
နမ်းနက် စမုံ လေ ပေါင်းသတ်ဆေးဖျန်းပီး ဘယ်အချိန်မှာမြေသြဇာထည့်ပီး ဘယ်အချိန်မျိုးတွေမှာ အပင်တန်ဆေးတို့ ပိုးသတ်ဆေး...
ဖြေကြားချက် 1 ခု
ဘရဆေးဆိုင်က ယမ်းစိမ်းက နှမ်းအပွင့်အသီးဝင်နေချိန်ဖြန်းသင့်မဖြန်းသင့်အကျန်လေးပေးပါအုံဆရာတို့နားမလည်လို့ပါ
ဖြေကြားချက် 0 ခု