ဖြေကြားချက် ၂ ခု
ကျေးဇူးပါ
စပါးသက်တမ်းရက် (၄၀)မတိုင်င်ပိူးသတ်ဆေးဖျန်းခြင်းကို ရှောင်ရှားရပါမယ်။အကယ်၍ပိုးကျရောက်မှု့ ရှိပါက ပိုးသတ်ဆေးဖျန်းခြင်းထက် အခြားနည်းလမ်းများကိုအသုံးပြုရပါတယ်။လယ်မြေအနေအထားနဲ့ လိုက်လုပ်နိုင်မှုအပေါ်မူတည်ပြီး လုပ်ဆောင်သင့်တဲ့အချက်တွေ များစွာရှိပေမယ့် လွယ်ကူ၊ ရိုးရှင်းပြီး အရေးကြီးတဲ့အချက် (၅)ချက်ကို မျှဝေလိုက်ပါတယ်။ ၁။ မျိုးကောင်း၊ မျိုးသန့်တွေကို အသုံးပြုပါ။ အစေ့အဆန်ပြည့်ဖြိုးတဲ့ မျိုးစေ့တွေကိုပဲ ဆားရည်နဲ့ရွေးပြီးစိုက်ပျိုးပါ။ ၂။ လယ်မြေတွေကို စနစ်တကျ ပြင်ပါ။ သမန်းညှက်၊ သမန်းပြင် ညီညာရန်ဆောင်ရွက်ပါ။ လယ်မြေညီညာခြင်းဖြင့် ရေထိန်းသိမ်းခြင်းကို စနစ်တကျ လုပ်ဆောင်နိုင်တဲ့အတွက် ပိုး၊ရောဂါတွေ ကျရောက်မှုကို ကာကွယ်နိုင်ပါတယ်။ ကျရောက်လာလျှင်လည်း လွယ်လွယ်ကူကူ နှိမ်နှင်းနိုင်ပါတယ်။ ၃။ ရေသွင်း၊ ရေထုတ် မကြာခဏ လုပ်ရပါမယ်။ စပါးပင်တွေဟာ ရေနဲ့စိုက်တဲ့ အပင်ဖြစ်ပေမယ့် ရေအမြဲ ရှိနေလို့မကောင်းပါဘူး။ ရေဝပ်နေလို့ မရပါဘူး။ ရေဝပ်ခြင်းဖြင့် စပါးပင်များ အမြစ်မကောင်းခြင်း၊ အာဟာရဓါတ်ကောင်းစွာ မစားနိုင်ခြင်းတို့ကြောင့် အပင်ကို အားနည်းစေပါတယ်။ ထို့ထက် ကြာရှည်စွာ ရေဝပ်နေပါက ဓါတ်လျှော့ဖြစ်စဉ်တွေကြောင့် စပါးပင်ကိုပင် ပြန်ပြီး ဒုက္ခဖြစ်စေပါတယ်။ ၄။ မိမိလယ်ထဲကို ပုံမှန် ကွင်းလှည့်စစ်ဆေးပါ။ ၅။ အရေးကြီးတဲ့ တစ်ချက်က…ဘက်စုံမျှတဲ့ အာဟာရ ကျွေးပါ။ ပုလဲဓါတ်မြေသြဇာတစ်မျီုးတည်း မဟုတ်ဘဲ တီစူပါ၊ ပိုတက်ဓါတ်မြေသြဇာတွေအပြင် ကယ်လစီယမ်နဲ့ ဆာလဖာဓါတ်တွေပါတဲ့ ကျောက်မှုန်ပါ အသုံးပြုသင့်ပါတယ်။ ဒါမှမဟုတ် နှစ်စဉ် မိမိလယ်မြေထဲကို ထုံးထည့်သင့်ပါတယ်။ အစာလည်း ဆေးပါ။ ဒီအချက် (၅)ချက်ကို စနစ်တကျ လုပ်ဆောင်ခြင်းဖြင့် ပိုး၊ ရောဂါတွေ ကြိုတင်ကာကွယ်ပါ။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းပါတယ်။ အောင်ကိုဝင်း IFDC Myanmar
ဆက်စပ်မေးခွန်းများ
ကျွန်တော့လယ်ထဲမှာ ပိုးကောင်တွေကျနေပါတယ်ခင်ဗျား စပါးပင်ကို ဒုက္ခပေးနိုင်ပါသလား ဖျက်ပို့ဆိုရင်လည်း မည်သည့် ဆေးအ...
ဖြေကြားချက် 5 ခု
နှံကောင်တွေကိုက်လို့စပါးပင်တွေကိုဘယ်ဆေးတွေဖျန်းရင်သေနိုင်ပါသလဲ။
ဖြေကြားချက် 1 ခု
စပါးပင်တွေကဝါနေပါတယ်။အမဲရောက်အစက်အပြောက်တွေကိုပင်စည်မှာယောအရွက်ပေါ်မှာပါတွေ့နေရတယိဗျ။ရွက်ဖျားတွေအရင်ဝါပးေ...
ဖြေကြားချက် 4 ခု
စိုက်ပျိုးရေး ပညာရှင်များခင်ဗျား။ ကျောင်းသင်ခန်းစာထဲမှာ ထည့်သင်ပေးချင်လို့ပါ။ ဖျက်ပိုးများ၏ပုံများနှင့်အတူ...
ဖြေကြားချက် 6 ခု
စပါးပင် အဖျားလေးတွေ သံချေးရောင်ဖြစ်ပြီးအရွက်ကလုံးနေတယ် ဘာဖြစ်တာလဲခင်ဗျာ
ဖြေကြားချက် 3 ခု