စပါးဂုတ်ကျိုးရောဂါကျနေပါတယ် ပြန်လည်ကောငါးနိုင်မည့်နည်းလမ်းရှင်းပြစေချင်တယ်
စပါးပြန်စိုက်ရင် ရောဂါထပ်ဖြစ်နိုင်လို့ စိုက်ချိန်မှစတင်၍ကြိုတင်ကာကွယ်ထားသင့်ပါတယ်။ သီးလှည့်စိုက်ပေးတါကတော့အကောင်းဆုံးဗျ။
ရက်90စပါးပြန်စိုက်မယ်ဆိုရင်ရောအဆင်ပြေနိုင်မလား
ကျေးဇူးတင်ပါတယ်
စပါးဂုတ်ကျိုးရောဂါ(မှိုရောဂါ)ဖြစ်သည့်အတွက် ရေ၊လေ ၊ကပ်ပါး စသည့်တို့နှင့် အလွယ်တကူ ကူးဆက်ပြန့်ပွားလွယ်တယ်ဗျ။ ကျရောက်မှု့ပြင်းထန်နေသည့်အတွက် ကုသရန်ခက်ခဲသွားပြီဗျ။ ပုလဲမြေသြဇာ ကိုလုံးဝမကျွေးဘဲ ကောက်ရိုးပြာ ၇ တင်း ၈တင်းလောက် ပက်ပြီး တစ်ပတ်ဆယ်ရက်လောက် စောင့်ကြည့်ပေးပါ။ ပင်လုံးပြန့် ထရိုင်ကလာဇိုးလ်၊ အိုင်ဆိုပရိုသိုင်အိုလိန်း၊ သိုင်အိုဖါနိုတ်မီသိုင်းစသောမှိုသတ်ဆေးလည်းဖျန်းနိုင်ပါတယ်။ ထိရောက်မှု့မရှိရင်တော့ စိုက်ခင်းဖျက်ပြီး ပြောင်း၊ နှံစားပြောင်း၊ ပီလောပီနံ၊ ဟင်းသီးဟင်းရွက်ပင်များကို သီးလှည်းပြောင်းစိုက်ပေးပါဗျ။
ဆက်စပ်မေးခွန်းများ
မျိုးခင်းမှာ ဂုတ်ကျိုး ရောဂါထင်တယ် အတော်အသင့်ပြန့်နေပီ ၂ရက်နေ နုပ်စိုက်ရတော့မှာ စိုက်ပျိုးလို့အဆင်ပြေပါ့မလား...
ဖြေကြားချက် 4 ခု
စပါးခင်းကအရွက်တွေမှာပုံထဲကလိုဖြစ်နေပါတယ် ဘာရောဂါဖြစ်တာပါလဲဗျ
ဖြေကြားချက် 3 ခု
ဘာရောဂါလဲဗျ ဘာဆေးတွေသုံးရမှာလဲ ကူးညီပါဦး
ဖြေကြားချက် 4 ခု
ဘာဖြစ်တာလည်းပြောပြပါအုန်းဘယ်လိုလုပ်ရမလည်းဆရာတို့
ဖြေကြားချက် 14 ခု
စပါးဘားဆေးဖျန်းပေးရမုာလည်းခဗျာ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။