အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အမည်မသိ
လွန်ခဲ့သော ၆ နှစ် က

ဇီးသီးတွေမှာ သီးထိုးပိုးကျနေလို့ အမှည့်မစားရဘူးဖြစ်နေပါတယ် ဘယ်လိုကာကွယ်ရမလဲဆိုတာ အလင်းပြကြပါအုံး ဆရာတို့ရယ်

ရိတ်သိမ်းချိန်လွန်နည်းပညာ ဆီးဖြူသီး
Post image
4

ဖြေကြားချက် ၄ ခု

မဆုမြတ်ခင်
မဆုမြတ်ခင် 100,154 လွန်ခဲ့သော ၆ နှစ် က

တစေးဆိုတာက Yeast ပါ အချဥ်ဖောက်တဲ့ နေရာမှာ အသုံးများ ကြတာပါ ဥပမာ ဝိုင်လုပ်တာတို့ ဘာတို့ပေါ့?

Nant Nant
Nant Nant 696 လွန်ခဲ့သော ၆ နှစ် က

တစေးဆိုတာဘယ်လိုမျိုးလည်းရှင်မသိလို့ပါ

မဆုမြတ်ခင်
မဆုမြတ်ခင် 100,154 လွန်ခဲ့သော ၆ နှစ် က

မီသိုင်း ယူဂျီနော (methyl eugenol) ဆေးနဲ့ ထောင်ဖမ်းပါ မိတဲ့ သီးထိုးယင် အဖိုကောင်တွေကို ဖျက်ဆီးပစ်ပါ methyl eugenol အလွယ်ဝယ်မရရင် လုပ်နိုင်တဲ့ နည်းလမ်းလေးတစ်ခုကို ပြန် မျှဝေပါရစေရှင့် ရေ တစ်ဖန်ခွက်ထဲကို သကြားအညို၂ဇွန်း တစေး ၁ဇွန်း ထည့်မွှေပါ ပြီးရင် ရေသန့်ဗူး ပုလင်းအလွတ်ထဲကို ထည့်ပါ ပုလင်းကို ဟိုဘက်ဒီဘက် ဘေးပေါက်လေး ဖောက်ပေးပါ အရမ်း မကျယ်ပါနဲ့ fruit fly တွေ ဝင်လို့ရရုံသာ ဖောက်ပေးပါ ပြီးရင်တော့ ဆီးပင်ရဲ့ အကိုင်းတွေမှာ ကြိုးနဲ့ တွဲချည်ပေးပါ ဒီနည်းနဲ့ fruit fly တွေကို ထောင်ဖမ်းနိုင်ပါတယ်ရှင့် လေ့လာဖူးတဲ့ နည်းလေးပါ စမ်းကြည့်ပါနော်

မိုးထက်
မိုးထက် 2,441 လွန်ခဲ့သော ၆ နှစ် က

နှစ်တိုင်း ကိုင်းချိုင်ပေး သက်သာတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။