အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
232
လွန်ခဲ့သော ၆ နှစ် က · သနပ်ပင်

စပါး ထဲကမြက်တွေကိုဘာဆေးနဲ့ သတ်ရမလဲဗျ ဖြေပေးပါအုံး

စိုက်ပျိုး ရေ စပါး စပါးပေါင်းသတ်ဆေးများ
1

ဖြေကြားချက် ၁ ခု

100,154 လွန်ခဲ့သော ၆ နှစ် က

1- Bispyribac sodium စပါးရွေးချယ်ပေါင်းသတ်ဆေး အသုံးများသောဆေးဖြစ်သည်။ အရည် 10% 40%နှစ်မျိုး။အမှုန့် 10% 20% နစ်မျိုးထွက်သည်။စပါးစိုက်ပြီး3-5 ရွက်ထွက်သော အရွယ်တွင်ဖျန်းရသည်။၀မ်းဘဲစာ။မြက်သီး။မြက်ခါး။ငသယောင်/တတ်ကွက်။မုံညှင်းစိမ်း။မြက်ကွမ်းသီးလေး။တလိုင်းခေါင်း။ကတောက်ဆက်။လယ်လေးညှင်း။လယ်ပဒူပေါင်းများသတ်နိုင်သည်။ 2- 2-4D စပါးရွေးချယ်ပေါင်းသတ်ဆေးအဖြစ်သာမကပြောင်း။ဆီအုန်း။ရာဘာတို့တွင်လည်းသုံးရသည်။အရည် အမှုန့် နှစ်မျိုးထွက်သည်။မြက်မုံညှင်း ရွက်ပြားပေါင်းအုပ်စုများကိုသတ်နိုင်သည်။ဝက်လာပေါင်းကိုပို၍ထိရောက်သည်။ပေါင်းပင်ပေါက်ပြီးမှဖျန်းရသည်။ 3-Pretilachlor သမန်းအစိုတွင်ပေါင်းပင်မပေါက်မှီဖျန်းရသည်။ အစေ့စိုက် သို့ ပျိုးထောင်စိုက်နှစ်မျိုးသုံးရသည်။မြက်သီး။ဒေါင်းမြီးပျံ။ မြက်မှုံညှင်းအုပ်စု။ရွက်ပြားပေါင်းများသတ်နိုင်သည်။ 5-Fenoxaprop p ethyl စပါးသတ်တမ်း 1လသားထိသုံးနိုင်သည်။ဒေါင်းမြီးပျံ။မြက်သီး ။လက်သဲခွ။မြက်ကြိမ်။ကချေသည်မြက်။မြေဇာမြက်စသောမြက်အုပ်စုများနိုင်သည်။ပဲမျိုးစုံနှင့် နှမ်းခင်း မြက်ပေါင်းများလည်းသုံးရသည်။ 6-Pendimethalin စပါးခင်းအခြောက်ကြဲ ။အစိုကြဲ။စပါးရွ့မစိုက်မှီသုံးရသည်။ကြက်သွန်ဖြူ/နီ။မြေပဲ။ဟင်းသီးဟင်းရွက်။ဝါ။စသောသီးနှံများတွင်လည်းသုံးရသည်။ပေါင်းပင်မပေါက်ခင်သုံးရခြင်းဖြင့့်ဒေါင်းမြီးပျံအပါအဝင်တနှစ်ခံမြက်ပေါင်း။ရွက်ပြားပေါင်းများကိုသတ်နိုင်သည်။မြက်ယားငယ်ပေါင်းပိုနိုင်သည်။ 7-Quinclorac စပါးခင်းပေါင်းပင်ပေါက်ပြီးမှဖျန်းရသည်။မြက်သီး။ဝမ်းဘဲစာ။စသောတနှစ်ခံမြက်ပေါင်းများသတ်နိုင်သည်။ 8- Oxyfluofen ပေါင်းမပေါက်ခင် နှင့်ပေါင်းပင်ပေါက်ပြီး၂မျိုးသုံးလို့ရသည်။တောင်ယာစပါး နှင့်အခြောက်ကြဲခင်းများ၌သုံးသည်။စပါးအပြင်ပြောင်း ဝါ ‌ပဲပုတ်။ ကြက်သွန်နီ။ဖြူတို့တွင်လည်းရသည်။ဆင်ငိုမြက်။လက်သဲခွမြက်ပေါင်းများ။မုံညှင်းအုပ်စုများ။ရွက်ပြားပေါင်းတချို့ နိုငိသည်။ 9-Oxadiazon ပေါင်းမပေါက်မီ ။ပေါင်းပေါက်ပြီး စပါအပြင် ကြက်သွန်ဖြူနီ။မြေပဲ။ကြံ။တို့တွင်လည်းသုံးနိုင်သည်။ကြခင်းစိုက်ခင်းများ၌ မြက်ပေါင်း။မုံညှင်းပေါင်း။ရွက်ပြားပေါင်းများကိုသတ်နိုင်သည်။ 10-Pyrazosulfuron စပါးခင်းပေါင်းပေါက်ပြီးဖျန်းခြင်းဖြင့် မြက်မုံညှင်း။ကတောက်ဆက်။လယ်ပဒူ။ဒေါင်းမြီးပျံ။တို့သတ်နိုင်သည်။မြက်ကွမ်းသီးလေးနိုင်ဖို့အားနည်းသည်။ 11-Bensulfuron methyl ပေါင်းမပေါက်မှီနှင့်ပေါင်းပေါက်ပြီး။ မှိူနတို။ကတောက်ဆက်။လယ်ပဒူ ရွက်ပြားပေါင်းများနှင့် မြက်မုံညှင်းအုပ်စုပေါင်းများသတ်နိုင်သည်။ အခြားသောစပါးရွေးချယ်ပေါင်းသတ်ဆေးများမှာ Propanil Sethoxydim Butachlor Bentazon MCPA စသဖြင့်များစွာရှိပါသေးသည်။ #crd

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။