အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Thiha Htun
Thiha Htun 58
လွန်ခဲ့သော ၆ နှစ် က · ပျဉ်းမနား

EC ဆိုတာဘာလဲ အကိုတို့ လူပိန်းနားလည်အောင် ရှင်းပြပွါဦး

စိုက်ပျိုးနည်း ဘူး
Post image
2

ဖြေကြားချက် ၂ ခု

မဆုမြတ်ခင်
မဆုမြတ်ခင် 100,154 လွန်ခဲ့သော ၆ နှစ် က

ဆေးဗူးတွေ ဆေးထုပ်တွေမှာ ပါတဲ့ Ec ဆိုတာက Emulsifiable concentrate ကို ပြောတာပါ ဘာလို့ ဆေးထုပ်တွေမှာ အဲ့လိုတွေ ရေးထားတာလဲဆိုတော့ တောင်သူတွေ အနေနဲ့ အရည်ကိုရေဖျော်သုံးရမှာ အမှုန့်ကို ရေဖျော်သုံးရမှာလား ဆေးထုပ်ထဲမှာ ဘယ်လိုပုံစံအနေနဲ့ပါလဲ ဆိုတာသိရအောင်လို့ပါ ဥပမာ Chloropyrifos 20 EC ဆိုပါစို့ အဲ့မှာဆိုရင် Chloropyrifos ဆိုတဲ့ ဆေးက ဆေးတစ်ဗူးမှာ ၂၀ရာခိုင်နှုန်းတိတိပါပြီး အရည်အနေနဲ့လာတာလို့ သိရပါမယ် EC နေရာမှာ WPဆိုရင်တော့ အမှုန့်အနေနဲ့ လာတယ်ဆိုတာ သိရပါမယ်

Nyan Lynn Htet
Nyan Lynn Htet 5,291 လွန်ခဲ့သော ၆ နှစ် က

Hello အစ်ကို? EC ဆိုတာ အလွယ်ပြောရရင် လျှပ်စစ်ကူးနှုန်း၊ စီးနှုန်းလို့ မြန်မာလိုပြန်ပါတယ်။ EC စစ်ပေးရမယ်လို့ပြောလေ့ရှိပါတယ် EC ကညွှန်ပြပေးပါတယ် ဥပမာ- EC Level 1100-1500 မိုက်ခရိုS ရှိတယ်တို့ အစရှိသဖြင့် လျှပ်ကူးနှုန်းကို တိုင်းတာပေးတာပါ ခင်ဗျာ?

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။