ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
ထောပတ်သီး ပြည်ပဈေးကွက် ပျောက်သွားသဖြင့် ယခုနှစ် ပြည်တွင်း ထောပတ်သီးဈေးကွက်တွင် ပြည်ပတင်ပို့သည့် Hass အမျိုးအစား ထောပတ်သီး ဈေးကျဆင်းနေကြောင်း ထောပတ်သီး ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။
လက်ရှိ ပြည်တွင်း ထောပတ်သီး လက်ကားဈေးကွက်တွင် Hass ထောပတ်သီး အကြီး/အလတ် အရော တစ်ကီလိုလျှင် ကျပ် ၁,၉၀၀ နှုန်းသာ ဈေးပေါက်နေကြောင်း သိရသည်။
အဆိုပါ ဈေးနှုန်းသည် Hass ထောပတ်သီးကို အနည်းဆုံး ၃၅ ကီလိုမှစ၍ ဝယ်ယူရမည့် ဈေးတန်းဖြစ်ကြောင်း၊ Hass ထောပတ်သီး အကြီးသီးသန့် ဈေးအနေဖြင့် တစ်ကီလိုလျှင် ကျပ် ၂,၅၀၀ မှ ကျပ် ၃,၀၀၀ နှုန်းရှိပြီး ၅ ကီလိုမှ စတင်ဝယ်ယူရမည် ဖြစ်ကြောင်း သိရသည်။
"တောင်သူတွေကို သနားပေမဲ့ ထောပတ်သီးက အဝင်များပြီး စားသုံးမှုနည်းတော့ ဈေးလျှော့ချ ရောင်းနေရတာ။ ဒီနှစ် ဈေးတန်းက အဆိုးဆုံးပဲ။ အရင် ဩဂုတ်လတုန်းကတောင် တစ်ကီလို ကျပ် ၂,၂၀၀ ရှိသေးတယ်။ ဒီလထဲမှာ ထပ်ပြုတ်ကျသွားတာ။ ထောပတ်သီး အသေးတွေဆို ကျပ် ၁,၀၀၀ အောက်ပဲ ရှိမယ်" ဟု ရှမ်းတောင်မှ ထောပတ်သီး လက်လီလက်ကား ရောင်းချသူ တစ်ဦးက ပြောသည်။ယခုရာသီသည် ထောပတ်သီး ခူးဆွတ်ရသည့် ကာလဖြစ်သဖြင့် ပွဲရုံများတွင် ထောပတ်သီးများ ဝင်ရောက်မှုများပြီး ဝယ်လိုအားနှင့် ရောင်းလိုအား မမျှသည့် အခြေအနေများကြောင့် ဈေးနှုန်းလျှော့ချ ရောင်းနေရခြင်း ဖြစ်ကြောင်း သိရသည်။
သစ်သီးဝလံ၏ သဘာဝအရ ခူးဆွတ်ပြီး လတ်လတ်ဆတ်ဆတ် ရှိနေချိန်တွင်သာ ရောင်းအားကောင်းပြီး ရက်ကြာသွားပါက ရောင်းချရမှု နည်းကာ ပို၍ အရှုံးပေါ်နိုင်သည့်အတွက်လည်း အသီးလတ်ဆတ်ချိန်တွင် ရောင်းသူ/ဝယ်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ရောင်းချနေရခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း ထောပတ်သီးဈေး စံချိန်တင် ကျဆင်းသွားသဖြင့် တောင်သူများလည်း အရှုံးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
"ထောပတ်သီးက ပြည်ပက မဝယ်တော့ ဒီနှစ် အတော်လေး ရှုံးကြမှာပေါ့။ ခုတောင် ဈေးက ကျနေတာ။ ပြည်တွင်း စားသုံးမှုက နည်းတယ်လေ။ အခုက ပိုလျှံနေတာက အများကြီးဆိုတော့ အကုန် ထိခိုက်တာပေါ့။ ထောပတ်သီးက ပြည်ပဈေးကွက် အဓိက မှီခိုရတာ" ဟု ထောပတ်သီး ကုန်သည် တစ်ဦးက ပြောသည်။
ပြည်တွင်း ထောပတ်သီး လက်ကားဈေးကွက်တွင် Hass ထောပတ်သီးဈေး ကျဆင်းသော်လည်း လက်လီဈေးကွက်တွင် တစ်ကီလိုလျှင် ကျပ် ၇,၀၀၀ အထိ ရောင်းချမှု ရှိနေသဖြင့် စားသုံးသည့် ပြည်သူများမှာ ဈေးကြီးပေး ဝယ်စားနေရကြောင်း သိရသည်။
ထောပတ်သီးကို ပြည်တွင်း စားသုံးမှုအနေဖြင့် တန်ချိန် ၅,၀၀၀ ဝန်းကျင်သာ ရှိပြီး ပြည်ပ တင်ပို့နိုင်ခြင်း မရှိသဖြင့် ပိုလျှံသည့် တန်ချိန်မှာ ၁၅,၀၀၀ ဝန်းကျင် ရှိကြောင်း သိရသည်။
ယခင် ထောပတ်သီးရာသီတွင် ထိုင်းသို့ နယ်စပ်လမ်းကြောင်းမှ ထောပတ်သီး တင်ပို့ခွင့် ရရှိခဲ့သော်လည်း ယခုရာသီတွင်မူ တင်ပို့ခွင့်ကို ထိုင်းနိုင်ငံက တားမြစ်ခဲ့သဖြင့် မြန်မာ့ထောပတ်သီးသည် ပြည်ပဈေးကွက် ပျောက်ခဲ့ရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဂျီဗာမရုသမ်ဆေးရည်ပြုလုပ်ရာမှာ ၁ဧကစာ ၂၀၀ လီတာဖော်စပ်ရမယ်လို့ သိရပါတယ် အဲဒါက ရေမရောပဲ ဖြန်းရတာလား ကြက်သွန်နီအတွက် လီတာ ၃၀၀ လုပ်ထားပါတယ် မြေခံအတွက် ဖြန်းချင်ပါတယ် ရေရောရမှာလား မရောရဘူးလား သိပါရစေဆရာတို့
Khing Hein • ဖြေကြားချက် 2 ခု
စပါးပင်က အမြစ်ပုတ်တာလားရွက်ခြောက်လားခွဲမရလို့ သိရင် ပြောပြကြပါအုံးဗျ
naymyoaung • ဖြေကြားချက် 0 ခု
နှမ်းစျေး သိချင်ပါတရ်
htoo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ကနေရောင်ခြည်အနည်းငယ်ရတဲ့ အရိပ်အောက်မှာ စိုက်လို့ရပါသလား ?
စောတိုးသူဝင်း • ဖြေကြားချက် 6 ခု
စပါးအပင်တွင်းရှိတဲ့ဆစ်ပိုးကိုသေစေဖို့ဘာဆေးသုံးသင်လည်းဗျဆစ်ပိုးသေပီတော့အပင်ပြန်ပြည့်ဖို့အတွက်ဆစ်ပိုးကျတဲ့နေရာကိုပုလဲသုံးပီပက်ရင်ဆင်ပြေလား
ကိုမျိုး • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from AMIA
အားလုံး
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026