စပါးပင် ဘယ်အချိန်မှာ ရွက်ဖြတ်သင့်လဲ..ဘာကြောင့်ဖြတ်ကြတာလဲ?
စပါးစိုက်တောင်သူများရဲ့ အမေးအဖြေကဏ္ဍမှာ အမေးများနေတဲ့ စပါးကို ဘယ်အချိန် အရွက်ဖျားဖြတ်သင့်သလဲဆိုတဲ့ မေးခွန်းကို ဒီနေ့ ဆွေးနွေးမှာပဲ ဖြစ်ပါတယ်။
စပါးအရွက်ဖျားဖြတ်ခြင်းဆိုတာ အခုမှ ပေါ်လာတဲ့ နည်းပညာအသစ်တော့မဟုတ်ပါဘူး။
ရှေးမြန်မာ့ လယ်သမားကြီးတွေ ခေတ်ကတည်းက ပျိုးနုတ်ပြီးရင် ပျိုးစည်းထိပ်ပိုင်း တထွာကျော်လောက်ကို တံစဉ်နဲ့ ရိတ်ဖြတ်ပြီးမှ ကောက်စိုက်လေ့ရှိခဲ့ကြပြီးသားပါ။
မီဒီယာခေတ်ရောက်တော့ ထိုင်းနိုင်ငံက လယ်သမားများ အရွက်ဖြတ်ဓလေ့ကို အားကျပြီး အရွက်ဖြတ်ချင်လာပုံရပါတယ်။
ဆိုတော့ ဘာကြောင့် စပါးအရွက်ဖျားဖြတ်ရသလဲ?
စပါးပျိုးပင်များ ထောင်မတ် တောင့်တင်းရန် (စပါးပင်ယိုင်လဲမှု သက်သာရန်)
စပါးရွက်အပေါ်ပိုင်း ရှိ ပိုး၊ ပိုးဥ၊ ရောဂါများ ကင်းရှင်းလင်းရန်။
ရေငွေပျံမှုကို လျှော့ချခြင်းဖြင့် ပျိုးပင်အမြစ်စွဲမြန်ရန်။
စပါးခင်းအတွင်း လေဝင်လေထွက်ကောင်းရန် စတဲ့ အချက်တွေကို မျှော်ကိုးပြီး အရွက်ဖျားဖြတ်ကြပါတယ်။
စပါးပင် ဘယ်အရွယ် ဖြတ်သင့်ပါသလဲ?
ဒီအချက်ဟာ စပါးအရွက်ဖျားဖြတ်ခြင်းအတွက် ကောင်းကျိုးနဲ့ ဆိုကျိုးကို ဖြစ်စေနိုင်သော အချက်ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ရာဇမင်္ဂလာ နည်းပညာတက္ကသိုလ်ရဲ့ ၂၀၁၂-၂၀၁၃ စပါးရွက်ဖျားဖြတ်ခြင်း စမ်းသပ်အတည်ပြုချက်အရပြောရရင်
စပါးပင် ၃၅-၅၀ရက်သားအတွင်း စပါးရွက်ရဲ့အဖျားပိုင်း ၁၅-၃၀စင်တီမီတာ ဖြတ်ခြင်းဟာ စပါးစေ့ ၁၀၀၀အလေးချိန်အများဆုံးနဲ့ အရည်အသွေး
အကောင်းဆုံးလို့ အိုးစိုက်စပါးပင် စမ်းသပ်ချက်မှာ သုံးသပ်ဖော်ပြထားတာတွေ့ရပါတယ်။
သို့သော် စပါးမျိုးတွေမှာက အသက် ရက်၉၀၊ ၁၁၀၊ ၁၃၅၊ ၁၅၀ရက်စသဖြင့် အမျိုးမျိုးရှိတော့ကား ၃၅-၅၀ရက်သား အရွက်ဖြတ်ခြင်းသည်သာ အကောင်းဆုံးလို့တသမတ်တည်းပြောလို့မရပြန်ပါဘူး။
အထူးသတိထားစေချင်တာကတော့
မှို့ကပ်ချိန်ကာလ(Panicle initiation period) နောက်ပိုင်းမှာ အရွက် မဖြတ်မိဖို့ ဖြစ်ပါတယ်။
မှို့ကပ်ချိန် =(အသက်ရက် )-(၆၅ရက်)
ဆိုပေမယ့် အသက်ရက်ထက် အရွက်အရေအတွက်နဲ့ သတ်မှတ်တာက ပိုနီးစပ်ပါလိမ့်မယ်။
(စပါးမျိုး/ရာသီဥတု အပေါ်မူတည်ပြီး စပါးတရွက်အပြည့်အဝထွက်ဖို့ ၃-၇ ရက်ကြာတတ်ပါတယ်။
ပျမ်းမျှ ၅ရက်နဲ့ တွက်ကြပါတယ်)
ပင်မပင်စည်ပေါ်မှာ အရွက်(၁၀-၁၁ရွက်)အရွယ်ကို ၊ မှို့စတင်ကပ်ချိန်(အနှံသန္ဓေ ကို အပင်ခြေမှာစတည်ချိန်)လို့ အနီးစပ်ဆုံး သတ်မှတ်ကြပါတယ်။

ဘယ်လိုစပါးခင်းမျိုး အရွက်ဖြတ်သင့်သလဲ?
အရွက်ဖြတ်ခြင်းသည် စပါးအထွက်နှုန်းကို တိုးစေသည်လို့ ယူဆလို့မရတဲ့အတွက်
နိုက်ထရိုဂျင်များပြီးအပင်အရပ်ရှည်လွန်းသောစပါးခင်းများ(ရွာရေသောက်လယ်များ)
စပါးပင်ထက် ပေါင်းပင်တွေ မိုးနေသော စပါးခင်းများ
ပိုး၊ ရောဂါ ကျရောက်နေသော စပါးခင်းများ
အပင်ထူပြီး အရွက်ပြားကာ လေဝင်လေထွက်ပိတ်နေသောစပါးခင်းများစသဖြင့်
ဖော်ပြပါ အခြေအနေမျိုး ရှိသော စပါးခင်းများကိုသာ၊ သတ်မှတ်အရွယ်အတွင်း အရွက်ဖျားဖြတ်သင့်ပါတယ်။
(သာမန် သက်တမ်းတို၊ အပင်ပုစပါးမျိုးများကို စတန့်သဘောမျိုး အဖျားဖြတ်ခြင်း မပြုသင့်ပါ)
အဖျားဖြတ်ရာတွင် သတိထားရမည့်အချက်များ
အဖျားဖြတ်မည့် ပစ္စည်း(မြက်ဖြတ်စက်၊ တံစဉ်၊ ဓား) ကို သေချာစွာသန့်ရှင်းပြုလုပ်သုံးစွဲပါ။
အရွက်ဖြတ်ပြီး ၁-၂ရက်အတွင်း ကော့ပါးသို့မဟုတ် မန်ကိုဇက် ဖျန်းပါ။
(အဖျားဖြတ်ရာမှတဆင့် ဘက်တီးရီးယားရောဂါ၊ မှိုရောဂါများ ဝင်ရောက်နိုင်ပါသည်)
အကြံပြုတင်ပြချက်
စပါးရွက်အဖျားဖြတ်ခြင်းသည် ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲလျက်ရှိပါတယ်။
ပျိုခင်း/ပျိုးစည်းများနှင့် ထိပ်ဖျားဖြတ် စိုက်ခြင်းသည် ဆစ်ပိုးကာကွယ်နိုင်သလို ပျိုးပင်အမြစ်စွဲလွယ်စေပါတယ်။
အရွက်ဖျားဖြတ်ချိန် နောက်ကျလွန်းခြင်း(ဖုံးလုံးကာနီးချိန်)အလံရွက် ထွက်ချိန် အရွက်ဖြတ်မိပါက ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေနိုင်ပါတယ်။
အဖျားဖြတ်ခြင်းရဲ့ ကောင်းကျိုးများရှိသလို
အရွက်ဖြတ်နည်းမမှန်ပါက...
ရောဂါဝင်လွယ်ခြင်း အာဟာရမမီခြင်း အောင်စေ့ရာနှုန်းနည်းခြင်းဟူသော ဆိုးကျိုးများလည်း ရှိနိုင်သဖြင့် အသိသတိဖြင့် စနစ်တကျဆောင်ရွက်နိုင်ပါရန် စေတနာရှေ့ထားပြီး ရေးသားတင်ပြအပ်ပါတယ်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Green Way
လွန်ခဲ့သော ၄ ရက် ကစပါးစိုက်တောင်သူများရဲ့ အမေးအဖြေကဏ္ဍမှာ အမေးများနေတဲ့ စပါးကို ဘယ်အချိန် အရွက်ဖျားဖြတ်သင့်သလဲဆိုတဲ့ မေးခွန်းကို ဒီနေ့ ဆွေးနွေးမှာပဲ ဖြစ်ပါတယ်။ စပါးအရွက်ဖျားဖြတ်ခြင်းဆိုတာ အခုမှ ပေါ်လာတဲ့ နည်းပညာ စပါးပင် ဘယ်အချိန်မှာ ရွက်ဖြတ်သင့်လဲ..ဘာကြောင့်ဖြတ်ကြတာလဲ? testing
Green Way
လွန်ခဲ့သော ၄ ရက် က@ဒို့ဦးလေး
ဆက်စပ်မေးခွန်းများ
အသီးသီးအောင်ဘယ်လို့လုပ်ရမလဲ
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
ပဲစောင်းလျားသီးများအသီးမတင်၍အသီးတင်နိုင်သောဆေးကိုညွှန်ပေးစေလိုပါတယ်။
ဦးခင်မောင်ဝင်း • ဖြေကြားချက် 1 ခု
ဒါ အာဟာရချို့တဲ့တာလား ရောဂါလားဗျ
Htet Lin • ဖြေကြားချက် 4 ခု
ရွှေပန်းပင်က အဖို အမရှိပါသလား အိမ်ကပန်းပင်တွေက သူများပန်းတွေလောက်အပွင့်မပွင့်လို့ပါ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 2 ခု
copper မဟုတ်ဘဲတခြာပိုးသတ်ဆေးအားဆေးတွေနဲ့ရောဖျန်းရလားဗျ
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စိုက်ပျိုးသုတ ...စက်တင်ဘာလ
04/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
More from ဒို့ဦးလေး
အားလုံး