အစိမ်းရောင်လမ်း
511
လွန်ခဲ့သော ၄ နာရီ က · မြိုင်

အခုရက်ပိုင်း မိုးက ရက်ဆက်ရွာနေတယ်။ မြေပဲခင်းတွေမှာ မှိုရောဂါ ကျရောက်မှာ စိုးရိမ်လို့ ဘယ်လိုကြိုတင်ကာကွယ်နိုင်ပါလဲဗျ။ သဘာဝဆေးနည်းများ၊ဓာတုဆေးနည်းများ နဲ့ ကာကွယ်နိုင်မယ့် နည်းများကို အကြံပြုပေးစေလိုပါတယ်ခင်ဗျ။

You
511
လွန်ခဲ့သော ၄ နာရီ က · မြိုင်

နှမ်းသီးနှံဈေးကွက်အခြေအနေ အလားအလာဘယ်လိုရှိလဲဗျ။

You
8
လွန်ခဲ့သော ၈ နာရီ က · ဟင်္သာတ

မိုးတောင့်ငရုပ်မျိုးစပျိုးရင်ဘာတွေလိုအပြီးဘယ်လိုနည်းလမ်းနဲ့ပျိုးရမလည်းဗျ

အတည်ပြုပြီး 315,002 လွန်ခဲ့သော ၈ နာရီ က

ငရုတ်ပျိုးမယ်ဆိုရင် ပျိုးဗန်းနဲ့ ပျိုးဖို့ကို အကြံပြုလိုပါတယ်။ ပျိုးဗန်းက ထိန်းသိမ်းစောင့်ရှောက်ရတာလည်း လွယ်ကူပါတယ်။ ပျိုးမြေစပ်တဲ့အခါမှာလည်း ပျိုးမြေစပ်ဖို့အတွက် နုန်းမြေ (၁)ဆ + နွားချေး (၁)ဆ + စက်ဖွဲပြာ (၁)ဆ တို့ လိုအပ်ပါသည်။ 2️⃣ မြေစေးလွန်းပါက မြေစေး (၁)ဆ + နွားချေး (၁)ဆ + စက်ဖွဲပြာ (၁)ဆ + သဲ (၁)ဆ နှုန်းဖြင့် ပျိုးမြေစပ်ရပါမည်။ မိုးတွင်းကာလမှာ မှိုရောဂါကျနိုင်ခြေများတဲ့အတွက် ထရိုင်ကိုဒါးမားကိုလည်း ထည့်သွင်းပေးပါ။ ငရုတ်မျိုးစေ့ကို ရေကြက်သီးနွေးနွေးအနေထားမှာ ၅နာရီမှ ၈ နာရီထိ စိမ်ထားပေးမယ်ဆိုရင် အပင်ပေါက်လည်း ညီညာစေမှာဖြစ်ပါတယ်။

You
1,560
လွန်ခဲ့သော ၉ နာရီ က · မင်းလှ

ဆေးဖြန်းပီး ဘနနာရီခြား မိုးရွာရင် ဆေးအာနိသင်ပြယ်နိုင်လဲဗျ

အတည်ပြုပြီး 315,002 လွန်ခဲ့သော ၈ နာရီ က

၄ နာရီကနေ ၆ နာရီကြား မိုးလွတ်ဖို့ လိုအပ်ပါတယ်ဗျ။ ဆေးဖျန်းပြီး ၂ နာရီအတွင်း မိုးရွာမယ်ဆိုရင် ဆေးအာနိသင်လုံးဝ ပျယ်သွားနိုင်ပါတယ်။ ၄ နာရီအတွင်းရွာမယ်ဆိုရင် ၅၀ ရာခိုင်နှုန်းလောက် ပျယ်သွားနိုင်ပါတယ်။ မိုးတွင်းကာလမှာ ဆေးဖျန်းမယ်ဆိုရင် စွဲကပ်ဆေး (Sticker) ပါ ထည့်ပြီး ဖျန်းဖို့ အကြံပြုပါတယ်ဗျ။ အစိမ်းရောင်လမ်းရဲ့ စိုက်ပျိုးမိုးလေဝသမှာဆိုရင် နာရီအလိုက် မိုးရွာနိုင်ခြေပြထားတာမို့ တောင်သူတွေအတွက် အများကြီး အထောက်ကူပြုပါလိမ့်မယ်ဗျ။

You
190
လွန်ခဲ့သော ၁၂ နာရီ က · မုံရွာ

ငရုပ်ပင် အရွက်တွေ အခုလို ဖြစ်နေတာ ဘာရောဂါလဲ ဆရာတို့။ အခုလို အပင်အရေတွက် ပိုများလာပါတယ်။ အဟာရဓာတ်ချို့တဲ့တာလား။အရဟာ တမျိုးမျိုး လွန်ကဲလို့လား။ ဒါမှမဟုတ် ‌ပိုးပွားကြောင့် ဖြစ်တဲ့ ရောဂါလား ဆရာတို့

Post image
Post image
190 လွန်ခဲ့သော ၅ နာရီ က

ပုံမြင်ရရင် တခါ ငရုပ်ပုံကို ကြည့်ပြီး ပြန်ဖြေပေးပါအုံး ဆရာ

190 လွန်ခဲ့သော ၁၁ နာရီ က

အရင်ပို့စ်က ပုံမမြင်ရဘူး ဆရာက ပြောလို့ပါ။ ပုံမြင်ရအောင် ပြန်တင်ပေးတာပါ။

You
20
လွန်ခဲ့သော ၁၆ နာရီ က · နွားထိုးကြီး

hi စိုက်ပျိုးရေးပညာရှင်ကြီးများရှင့် မန္တလေးတိုင်း နွားထိုးကြီးနယ်ဘက်မှာ စပျစ်စိုက်လို့အဆင်ပြေလောက်မလားသိချင်လို့‌ အကြောင်းရာနှင့်တကွ ဖြေပေးကြပါအုံးရှင့်

262,508 လွန်ခဲ့သော ၁၂ နာရီ က

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်သည် ပူနွေးခြောက်သွေ့ပြီး မိုးနည်းသော အလယ်ပိုင်းဒေသဖြစ်ခြင်းကြောင့် စပျစ်ပင်၏ သဘာဝနှင့် အလွန်ကိုက်ညီပြီး စီးပွားဖြစ် စိုက်ပျိုးရန် အလားအလာကောင်းပါတယ်။ အောင်မြင်ဖြစ်ထွန်းရန်အတွက် ရေမဝပ်သော သဲနုန်းမြေမျိုးတွင် စိုက်ပျိုးရမည်ဖြစ်ပြီး၊ အပင်ကြီးထွားချိန်နှင့် အသီးတင်ချိန်များအတွက် အဝီစိတွင်းရေကဲ့သို့သော "ရေချို" ရရှိမှု ရှိရပါမည်။ ဒေသရာသီဥတုနှင့် အကိုက်ညီဆုံးဖြစ်သည့် မျိုးကို အဓိကထားရွေးချယ်ပြီး၊ လေဒဏ်ခံနိုင်ရန် စင်တင်စနစ် သို့မဟုတ် Y ကြိုးတန်းစနစ်ဖြင့် စနစ်တကျ စိုက်ပျိုးပါက အဆင်ပြေအောင်မြင်နိုင်ပါတယ်ခင်ဗျာ။

အတည်ပြုပြီး 315,002 လွန်ခဲ့သော ၁၅ နာရီ က

စပျစ်က ပူနွေးပြီး နေရောင်ခြည် ကောင်းကောင်းရတဲ့နေရာတွေမှာ ဖြစ်ထွန်းတာကြောင့် နွားထိုးကြီးလည်း ရနိုင်ပါတယ်။ ရာသီဥတု အမျိုးအစားတူတဲ့ မိတ္ထီလာတို့ ကျောက်ဆည်တို့မှာလည်း အောင်မြင်ဖြစ်ထွန်းတာကို တွေ့နေရပါတယ်။ စပျစ်က ရေဝပ်တာ မကြိုက်ပေမယ့် အစိုဓာတ်လိုအပ်တာကြောင့် အစက်ချစနစ်နဲ့ ရေပေးသွင်းမယ်ဆို ရေလိုအပ်ချက်လည်း နည်းပြီး အပင်ဖြစ်ထွန်းပါတယ်။ နောက် အနီးအနားအတွေ့ကြုံရှိတဲ့ စပျစ်ခြံတွေကနေလည်း ေသချာလေ့လာဖို့ အကြံပြုလိုပါတယ်။ အောင်မြင်ပါစေဗျာ။

You
317
လွန်ခဲ့သော ၁၇ နာရီ က · ညောင်ရွှေ

ဘာဆေးဖျန်းရမလဲဗျ

Post image
262,508 လွန်ခဲ့သော ၁၂ နာရီ က

ဂန္ဓမာရွက်ပြောက်စွန်းရောဂါသည် Septoria မှိုပိုးကြောင့်ဖြစ်ပြီး အစိုဓာတ်များချိန်တွင် အောက်ခြေရွက်ဟောင်းများမှတစ်ဆင့် အပေါ်သို့ ကူးစက်ပြန့်ပွားတတ်ပါတယ်။ ဤရောဂါကို နှိမ်နင်းရန်အတွက်စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ရောဂါရနေသော အရွက်များကို ဆွတ်ခူး၍ စိုက်ခင်းပြင်ပ၌ မီးရှို့ဖျက်ဆီး လေ့ရှိပါတယ်။ ဓာတုဆေးအနေဖြင့် ပင်လုံးပျံ့မှိုသတ်ဆေး ဖြစ်သော အဇိုဆီစထရိုဘင် (Azoxystrobin) သို့မဟုတ် ဒိုဖီနိုကိုနာဇိုလ်း (Difenoconazole) ကို ဖြန်းပေး‌ လေ့ရှိပြီး၊ ဆေးယဉ်ပါးမှုမရှိစေရန် ထိသေဆေးဖြစ်သော မန်ကိုဇက် (Mancozeb) နှင့် (၇-၁၀) ရက်ခြား တစ်လှည့်စီ ပြောင်းလဲပက်ဖြန်းပေးရပါမယ်။ ရေလောင်းသည့်အခါ အရွက်များပေါ် ရေမတင်စေရန် အပင်ခြေကိုသာ လောင်းပေးရမည်ဖြစ်ပြီး လေဝင်လေထွက်ကောင်းအောင် ကိုင်းရှင်းပေးခြင်းဖြင့် မှိုပွားနှုန်းကို လျှော့ချနိုင်ပါတယ်။

အတည်ပြုပြီး 315,002 လွန်ခဲ့သော ၁၄ နာရီ က

ပူနွေးစိုစွတ်ပြီး အစိုဓာတ်များတဲ့အချိန်မှာ မှိုရောဂါတွေ ဝင်ပါတယ်။ ဂန္ဓမာရွက်ပြောက်ရောဂါဖြစ်မယ်ထင်တယ်။ အရွက်ကလည်း ရေစိုနေဆဲဖြစ်နေတယ်။ အပင်ကျပ်ကျပ်စိုက်တာမျိုး မလုပ်ပါနဲ့။ နောက် ရေလောင်းတဲ့အခါမှာလည်း ညနေစောင်းပိုင်း လောင်းတာမျိုး ရှောင်ပါ။ မတက်နိုင်ဆုံး အရွက်ပေါ် ရေမတင်ဘဲ အပင်ခြေသာရေရောက်အောင် လုပ်ပေးပါ။ မှိုသတ်ဆေးအနေနဲ့ Azoxystrobin + Difenoconazole ဒါမှမဟုတ် ဟက်ဆာကိုနဇိုး (Hexaconazole) တို့ကို ဆေးယဉ်ပါးမှုမဖြစ်အောင် အလှည့်ကျဖျန်းပေးပါ။

You
51
လွန်ခဲ့သော ၁၉ နာရီ က · ပုလော

ဥစားကြက်များကို ခြံထဲလွတ်ကျောင်းမွေးလို့ အဆင်ပြေပါ့မလား ဗျာ့ လွတ်ကျောင်းမွေးရင် အားနည်းချက် အားသာချက်များ နှင့် လိုအပ်ချက်များ ရှောင်ရန် ဆောင်ရန်များ ကို အတွေ့အကြုံ ရှိသူများ အကြံပေးကြပါအုံးဗျာ့

30,800 လွန်ခဲ့သော ၁၇ နာရီ က
ဤအဖြေဖြင့် ပြေလည်
အတည်ပြုပြီး 315,002 လွန်ခဲ့သော ၁၀ နာရီ က

၁၅၀,၀၀၀ ကနေ ၁၇၀,၀၀၀ လောက်ရှိပါတယ်။

You
823
လွန်ခဲ့သော ၂၁ နာရီ က · ချောက်

မုန့်ဖုတ်ဆော်ဒါ.5ဇွန်း.ဆပ်ပြာမုန့်.4ဇွန်း.ဆ်ိ.5ဇွန်း.ပတ်တာကမြေပဲခင်းမှာဘာကောင်းလဲဗျ...တချို့ပတ်နေကြလို့...မှိုကာကွယ်တယ်စိုဟုတ်လားဆရာတို့

262,508 လွန်ခဲ့သော ၁၉ နာရီ က

မုန့်ဖုတ်ဆော်ဒါ၊ ဆပ်ပြာရည်နှင့် ဟင်းချက်ဆီ ရောစပ်ထားသော ဆေးရည်သည် မြေပဲပင်များ၏ အရွက်ပေါ်တွင် ကျရောက်တတ်သော မှိုရောဂါအချို့ (အထူးသဖြင့် ဖားဥမှိုရောဂါ) ကို ကြိုတင်ကာကွယ်ရန် ထိရောက်သော သဘာဝဆေးနည်း ဖြစ်ပါတယ်။ မုန့်ဖုတ်ဆော်ဒါက မှိုမပေါက်ပွားအောင် တားဆီးပေးပြီး၊ ဆီနှင့် ဆပ်ပြာက အရွက်ပေါ်တွင် ဆေးရည်ကြာရှည် ကပ်ညှို့ပြန့်နှံ့စေရန် ကူညီပေးတာပါ။ သို့သော် မြေပဲခင်းတွင် ဆိုးရွားစွာ ကျရောက်တတ်သည့် မြေပဲရွက်ပြောက်ရောဂါနှင့် ပင်ခြေပုပ်ရောဂါများအတွက်မူ ကာကွယ်မှု အားနည်းနိုင်ပါသည်။ ဆေးပမာဏ များပါက အရွက်လောင်နိုင်သဖြင့် စိုက်ခင်းတစ်ခုလုံး မဖျန်းမီ အပင်အနည်းငယ်တွင် အရင်စမ်းသပ်ဖျန်းရန်နှင့် နေပူချိန်တွင် ဖျန်းခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်ခင်ဗျာ။

You
406
လွန်ခဲ့သော ၁ ရက် က · မိတ္ထီလာ

စပါး

262,508 လွန်ခဲ့သော ၂၂ နာရီ က

Seeder (မျိုးစေ့ချစက်) ဖြင့် စပါးစိုက်ပျိုးရာတွင် အပင်ပေါက် ထူသွားခြင်းအတွက် အထွက်နှုန်းကို ကြီးကြီးမားမား ထိခိုက်နိုင်ခြေ နည်းပါးသဖြင့် အလွန်အမင်း စိုးရိမ်ရန် မလိုပါဘူး။ သို့သော် လေဝင်လေထွက် မကောင်းခြင်းနှင့် အလင်းရောင် မလုံလောက်ခြင်းတို့ကြောင့် ရောဂါနှင့် ပိုးမွှားဒဏ် ပိုမိုကျရောက်နိုင်ပြီး အပင်လဲနိုင်ခြေ ရှိပါတယ်။ ပြုပြင်ရန်အတွက် စိုက်ပြီး ၁၅ ရက်မှ ၂၀ ရက်အတွင်း အပင်ခွဲနှုတ်ပြီး ကွက်လပ်များတွင် ပြန်ဖာပေးရပါမယ်။ ထို့ပြင် စပါးပင် အလွန်အကျွံ အပင်ပွားခြင်းကို ထိန်းချုပ်ရန် နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာ ကျွေးမှုကို လျှော့ချပြီး အပင်သန်မာစေသော ပိုတက်ရှ် (အနီရောင်) မြေဩဇာကို တိုးကျွေးရပါမယ်။ လယ်ကွက်အတွင်း ရေကို အမြဲလှောင်မထားဘဲ အလှည့်ကျ ရေသွင်းရေထုတ်စနစ်ကို ကျင့်သုံးပေးခြင်းဖြင့် အထွက်နှုန်း မထိခိုက်အောင် ထိရောက်စွာ ကာကွယ်နိုင်ပါတယ်ခင်ဗျာ။

You
21
လွန်ခဲ့သော ၁ ရက် က · မြိုင်

ငါးအမိုင်နိုက ဖော်စပ်ထားပြီး ရေရှည်ထားရလား ခင်ဗျာ

262,508 လွန်ခဲ့သော ၂၁ နာရီ က

ကိုယ်တိုင်ဖော်စပ်ထားသော ငါးအမိုင်နိုအက်ဆစ် (Fish Amino Acid) သည် စနစ်တကျ ပြုလုပ်ပြီး ရေမဝင်အောင် သိမ်းဆည်းထားပါက အနည်းဆုံး ၆ လမှ ၁ နှစ်ခွဲ (၁၈ လ) အထိ အာနိသင်မပျက်ဘဲ ရေရှည်ထားရှိနိုင်ပါတယ်။ ငါးနှင့် သကာရည် (တင်လဲရည်) အချိုးအစား ၁:၁ မှန်ကန်ရန် လိုအပ်ပြီး ဖော်စပ်စဉ်နှင့် သိုလှောင်စဉ်အတွင်း အစိုဓာတ် သို့မဟုတ် ရေဝင်ရောက်ပါက အချဉ်ဖောက်မှု ပျက်ပြားကာ သက်တမ်းတို၍ ပုပ်သိုးသွားတတ်ပါသည်။ ထို့ကြောင့် တိုက်ရိုက်နေရောင်ခြည်မထိသော အေးမြမှောင်မှိုင်သည့်နေရာတွင် လေလုံသော ပလတ်စတစ်ဘူးဖြင့် စနစ်တကျ သိုလှောင်ရန် လိုအပ်ပါတယ်ခင်ဗျာ။

You
ဖြေလည်သော အဖြေရရှိပြီး
1,304
လွန်ခဲ့သော ၁ ရက် က · ပွင့်ဖြူ

စပါး၁၅ပတ်လည်၁အိတ်ပုလဲ၁အိတ်ဂျစ်ပဆန်၁အိတ်ရောပြီး၄ဧကကျွေးပြီးကတည်းကမိုးမပြတ်လို့မြေသြဇာဆုံးရှုံးမှုများနိုင်လားခဗျမြောင်းရေပြတ်နေလို့ဆေးကျွေးပြီးကတည်းကမိုးကနေ့တိုင်းများနေလို့

262,508 လွန်ခဲ့သော ၂၁ နာရီ က
ဤအဖြေဖြင့် ပြေလည်

မြေဩဇာကျွေးပြီးကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေပါက အထူးသဖြင့် ရေပျော်လွယ်သော ပုလဲ (ယူရီးယား) နှင့် ၁၅ ပတ်လည်ထဲမှ နိုက်ထရိုဂျင်ဓာတ်များ ရေနှင့်အတူ မျောပါဆုံးရှုံးနိုင်ခြေ အလွန်များပါတယ်။ ဂျစ်ပဆန်ကတော့ အနယ်ထိုင်မှုနှေးလို့ ဆုံးရှုံးမှုနည်းပါတယ်။ အကယ်၍ လယ်ကွက်ထဲမှ ရေများ ကန်သင်းကျော်ပြီး အပြင်သို့ စီးထွက်သွားပါက မြေဩဇာ အများအပြား ဆုံးရှုံးနိုင်သော်လည်း၊ ကန်သင်းလုံပြီး ရေအိုင်ရုံသာဆိုလျှင် ဆုံးရှုံးမှု သက်သာပါလိမ့်မယ်။ ထို့ပြင် ဦးကြီးကျွေးထားသော မြေဩဇာပမာဏ (၄ ဧကအတွက် ၃ အိတ်) သည် ပုံမှန်ထက် နည်းနေသေးသဖြင့် မိုးစဲသွားပြီး (၅) ရက်ခန့်အကြာတွင် စပါးပင်များ ဝါကြောင်ကြောင်ဖြစ်ကျန်ခဲ့ပါက ၁ ဧကလျှင် ပုလဲမြေဩဇာ (၁၀) ပိဿာနှုန်းခန့် ထပ်မံဖြည့်စွက်ကျွေးပေးရန် လိုအပ်ပါလိမ့်မယ်။အပင်က မလိုရင်တော့ကျွေးစရာမလိုဘူးပေါ့ဗျာ။

1,304 လွန်ခဲ့သော ၁၉ နာရီ က

ကျေးဇူးပါခဗျကန်သင်းကလုံပါတယ်လိုအပ်ရင်ပုလဲထပ်ပြီးကျွေးလိုက်ပါမယ်ခဗျ

You
1,304
လွန်ခဲ့သော ၁ ရက် က · ပွင့်ဖြူ

စပါးခင်းအောက်ဆေးကျွေးချင်လို့အခုဖက်ကမိုးမပြတ်ဖြစ်နေလို့ပုလဲန​ဲ့၁၅ပတ်လည်ကျွေးမှာပါမိုးများရင်အာနိသင်ရော့နိူင်လားခဗျာ

262,508 လွန်ခဲ့သော ၂၁ နာရီ က

မြေဩဇာကျွေးပြီးကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေပါက အထူးသဖြင့် ရေပျော်လွယ်သော ပုလဲ (ယူရီးယား) နှင့် ၁၅ ပတ်လည်ထဲမှ နိုက်ထရိုဂျင်ဓာတ်များ ရေနှင့်အတူ မျောပါဆုံးရှုံးနိုင်ခြေ အလွန်များပါတယ်။ ဂျစ်ပဆန်ကတော့ အနယ်ထိုင်မှုနှေးလို့ ဆုံးရှုံးမှုနည်းပါတယ်။ အကယ်၍ လယ်ကွက်ထဲမှ ရေများ ကန်သင်းကျော်ပြီး အပြင်သို့ စီးထွက်သွားပါက မြေဩဇာ အများအပြား ဆုံးရှုံးနိုင်သော်လည်း၊ ကန်သင်းလုံပြီး ရေအိုင်ရုံသာဆိုလျှင် ဆုံးရှုံးမှု သက်သာပါလိမ့်မယ်။ ထို့ပြင် ဦးကြီးကျွေးထားသော မြေဩဇာပမာဏ (၄ ဧကအတွက် ၃ အိတ်) သည် ပုံမှန်ထက် နည်းနေသေးသဖြင့် မိုးစဲသွားပြီး (၅) ရက်ခန့်အကြာတွင် စပါးပင်များ ဝါကြောင်ကြောင်ဖြစ်ကျန်ခဲ့ပါက ၁ ဧကလျှင် ပုလဲမြေဩဇာ (၁၀) ပိဿာနှုန်းခန့် ထပ်မံဖြည့်စွက်ကျွေးပေးရန် လိုအပ်ပါလိမ့်မယ်။အပင်က မလိုရင်တော့ကျွေးစရာမလိုဘူးပေါ့ဗျာ။

You
ဖြေလည်သော အဖြေရရှိပြီး
3,869
လွန်ခဲ့သော ၁ ရက် က · ပြင်ဦးလွင်

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

262,508 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်
You
11
လွန်ခဲ့သော ၁ ရက် က · မကွေး

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

262,508 လွန်ခဲ့သော ၁ ရက် က
You

မေးခွန်း

462
လွန်ခဲ့သော ၃ လ က · မရမ်းကုန်း

Summer Heat Stress & It's Management in Poultry

အတည်ပြုပြီး 1,098,559 လွန်ခဲ့သော ၃ လ က

ဆောင်းပါးရေးပို့ပြီး၊တင်ပြရင်ပိုကောင်းမယ်ဗျ။

462 လွန်ခဲ့သော ၃ လ က

ကြက်မျိုးနွယ်ဝင်များ အပူဒဏ်မှ ကျော်လွှားနိုင်ကြပါစေ

462 လွန်ခဲ့သော ၃ လ က

နှစ်သက်သလို သုံးနိုင်ပါတယ် ၊ ကြက်များ မြန်မြန် အပူဒဏ်မှ သက်သာ နိုင်ပါစေ

462 လွန်ခဲ့သော ၃ လ က

အခြားအကြံပြုချက်များ •Vitamin K: ကြက်နှုတ်သီးဖြတ်ချိန်နဲ့ သွေးဝမ်းရောဂါဆိုးဝါးချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။ •Toxin Binders: စိုစွတ်တဲ့နွေရာသီမှာ အစာထဲမှာ မှိုဆိပ်ဖြစ်ပေါ်မှု မြန်ဆန်တာကြောင့် မှိုဆိပ်ဖြေဆေးတွေကို အညွှန်းအတိုင်း အပြည့်အဝ ထည့်သွင်းအသုံးပြုပါ။ •ကြက်သောက်ရေ သန့်ရှင်းရေး: အချိန်အပိုင်းအခြားအလိုက် ရေစဉ်နဲ့ ရေပိုက်လိုင်းတွေကို သန့်ရှင်းရေးလုပ်ပါ။ •အခင်းသန့်ရှင်းရေး: အခင်းစိုစွတ်မှုမရှိအောင် Conditioner တွေ အသုံးပြုပြီး အမြဲခြောက်သွေ့အောင်ထားပါ။ •ကာကွယ်ဆေးပေးခြင်း: ကာကွယ်ဆေးထားသိုမှု၊ သယ်ဆောင်မှုနဲ့ တိုက်ကျွေးတဲ့ရေ အေးမြစေဖို့ အထူးဂရုပြုပါ။ ကာကွယ်ဆေးပြုလုပ်ခြင်းကို အေးမြတဲ့အချိန် (နံနက်စောစော/ညပိုင်း) မှာ ပြုလုပ်ပါ။ •ခုခံအားလှုံ့ဆော်သော ဆေးဝါးများ: ကာကွယ်ဆေးပေးပြီး ၃ ရက်ဆက်တိုက် Vitamin A, D3, E နဲ့ C ပါဝင်တဲ့ ဆေးဝါးတွေကို တိုက်ကျွေးပါ။

462 လွန်ခဲ့သော ၃ လ က

နွေရာသီအစာစပ်ပုံ (Formula) •အာဟာရဓာတ်ပြည့်ဝစေခြင်း နွေရာသီမှာ အစာစားနှုန်းလျော့နည်းတဲ့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာရရှိစေဖို့ အစာဖော်မြူလာမှာ ဗီတာမင်နဲ့ ဓာတ်သတ္တုတွေရဲ့ သိပ်သည်းဆကို ပိုမိုထည့်သွင်းပေးပါ။ •Protein ရွေးချယ်မှု: Crude Protein % ကို မတိုးမြှင့်သင့်ဘဲ သီးနှံမှရတဲ့ Protein (ဥပမာ- ပဲပုပ်၊ နေကြာဖတ်) ကိုသာ အသုံးပြုသင့်ပါတယ်။ ဒါက ခန္ဓာကိုယ်တွင်း အပူထုတ်လုပ်မှုကို လျော့ကျစေပါတယ်။ •အဆီ (Fats): အဆီကို အစာထဲမှာ 2-3% အထိ တိုးမြှင့်ထည့်သွင်းနိုင်ပါတယ်။ အဆီဟာ heat increment value အနိမ့်ဆုံးဖြစ်ပြီး ခန္ဓာကိုယ်ကို ပိုမိုအေးမြစေပါတယ်။ •Vitamin C: အပူဒဏ်ခံနေရချိန်မှာ Vitamin C လိုအပ်ချက်များပြားတဲ့အတွက် နွေရာသီမှာ Vitamin C ထည့်သွင်းကျွေးမွေးရပါမယ်။ •Sodium Bicarbonate (ဆားဆော်ဒါ): ရေသောက်နှုန်းမြင့်မားစေပြီး Systemic Acidosis ကို လျော့ကျစေပါတယ်။ အစာနဲ့ ရေနှစ်မျိုးလုံးမှာ ထည့်သွင်းနိုင်ပါတယ်။ •Betain (Osmolyte): ခန္ဓာကိုယ်တွင်း Water Balance ကို ထိန်းသိမ်းပေးပါတယ်။ •Anti-oxidant: Vitamin E နဲ့ Vitamin C တို့လို Anti-oxidant တွေဟာ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ Free Radicals တွေကို ဖမ်းစားဖျက်ဆီးပေးနိုင်ပါတယ်။

462 လွန်ခဲ့သော ၃ လ က

အပူဒဏ်ကာကွယ်ဆေးနှင့် ကုသဆေးများ: Electrolytes, Amino Acids, Probiotics နှင့် Vitamin C တို့ ပါဝင်တဲ့ ဆေးဝါးတွေကို အသုံးပြုပြီး ကာကွယ်ကုသပါ။ •Supportive Care: Eucalyptus Oil, Menthol နှင့် Emulsifiers ပါဝင်တဲ့ ဆေးမျိုးတွေကို အသုံးပြုပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ အပူဒဏ်ကို သက်သာစေနိုင်ပါတယ်။

462 လွန်ခဲ့သော ၃ လ က

ရောဂါရှာဖွေခြင်း (Diagnosis) အပူဒဏ်ခံစားရမှုမှာ ဆဲလ်တွင်း Calcium Concentration မြင့်တက်မှုကြောင့် Creatinine Kinase အင်ဇိုင်းကို ဆဲလ်တွင်းမှ Plasma ထဲသို့ ထုတ်လွှတ်မှု မြင့်တက်လေ့ရှိပါတယ်။ Plasma ထဲမှာ Creatinine Kinase မြင့်တက်ခြင်းဟာ အပူဒဏ်ခံစားရမှုကို ပြသခြင်းဖြစ်ပါတယ်။

462 လွန်ခဲ့သော ၃ လ က

A) ကိုယ်တွင်းအင်္ဂါများဆီသို့ သွေးထောက်ပံ့မှု လျော့ကျခြင်း ၊ •အစာခြေဖျက်မှု မကောင်းခြင်းကြောင့် ကြီးထွားနှုန်းနှေးခြင်း နှင့် FCR (အစာမှ ဥ/အသား ဖြစ်နှုန်း အချိုး) မြင့်တက်ခြင်း၊ •အူလမ်းကြောင်းရောင်ယမ်းခြင်းနှင့် ဘက်တီးရီးယား ပေါက်ဖွားမှု ပိုမိုလာခြင်းကြောင့် ခန္ဓာကိုယ်အလေးချိန် လျော့ကျခြင်း၊ B) ခန္ဓာကိုယ်တွင်း အက်ဆစ်-ဘေ့စ် မျှခြေ မရှိခြင်း•ပါးစပ်ဟပြီး အသက်ရှူနှုန်းမြန်ခြင်း (Panting) ကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ဆုံးရှုံးပြီး သွေးတွင်း pH မြင့်တက်ကာ Alkalosis ဖြစ်စေပါတယ်။•နောက်ပိုင်းမှာ ကျောက်ကပ်ရဲ့ တုံ့ပြန်မှုကြောင့် Systemic Acidosis ဖြစ်ပေါ်လာပြီး Acid Shock နဲ့ သေဆုံးနိုင်ပါတယ်။ •ကာကွယ်ရန်: အစာထဲတွင် Ammonium Chloride ( 0.3 – 1% ) ၊ Sodium Bicarbonate ( 1 - 2 % ) ၊ Sodium chloride (အိမ်သုံးဆား) 0.25% ( 2.5 Kg/Ton of Feed )ထည့်သွင်းပေးနိုင်ပါတယ်။ C) ခန္ဓာကိုယ်တွင်း ရေဓာတ် မညီမျှမှု •အပူဒဏ်ခံနေရချိန်မှာ ဆီးနဲ့ အသက်ရှူနှုန်းမြန်မှုကြောင့် ရေဓာတ်ဆုံးရှုံးမှု 60% ထက် ပိုမိုများပြားပါတယ်။ •Dehydration ဖြစ်စေပြီး သွေးပမာဏ လျော့ကျကာ Blood Pressure ကျစေပါတယ်။ •ရေပိုသောက်ပေမယ့် Electrolytes နဲ့ Organic Osmolytes (Betain, Sorbitol, Inositol) များ ဆုံးရှုံးမှုကြောင့် ဆဲလ်တွေမှာ ရေထိန်းထားနိုင်မှု လျော့ကျပြီး ခန္ဓာကိုယ်အပူချိန် ထပ်မံမြင့်တက်စေပါတယ်။ •ကာကွယ်ရန်: အစာထဲတွင် Betain (Osmolytes) နှင့် Electrolytes (Betamint) ထည့်သွင်းကျွေးခြင်းဖြင့် Water Balance ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ D) ခုခံအား ဖိနှိပ်ခြင်း •ပူပြင်းတဲ့ရာသီဥတုမှာ Adrenals မှ Corticosteroid ထွက်ရှိပြီး Plasma Vitamin C ကို လျော့ကျစေတာကြောင့် Lymphocyte Count နည်းစေပြီး ခုခံအားကျဆင်းစေပါတယ်။

462 လွန်ခဲ့သော ၃ လ က

ကြက်တွေရဲ့ ပထမဆုံးတုံ့ပြန်မှုများ အပူဒဏ်ခံစားရတဲ့အခါ ကြက်တွေဟာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိဖို့အတွက် အောက်ပါတုံ့ပြန်မှုတွေကို ပြသတတ်ပါတယ်။ 1.သွေးလှည့်ပတ်မှု မြင့်တက်ခြင်း: အရေပြားနှင့် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းသို့ သွေးစီးဆင်းမှု ၂ ဆမှ ၄ ဆအထိ ပိုမိုမြင့်တက်လာပါတယ်။ 2.အသက်ရှူနှုန်းမြန်ခြင်း (Panting): ပါးစပ်ဟပြီး အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်း မြန်ဆန်လာပါတယ်။ 3.ရေသောက်နှုန်း မြင့်တက်ခြင်း: ပုံမှန်ထက် ၁.၂ ဆမှ ၃.၂ ဆအထိ ရေသောက်နှုန်း များလာပါတယ်။ 4.လဲလျောင်းနေထိုင်ခြင်း: ခန္ဓာကိုယ်ကို အခင်းပေါ်မှာ ဆန့်တန်းလဲလျောင်းပြီး ရေခွက်အနီးမှာ နေလေ့ရှိပါတယ်။

462 လွန်ခဲ့သော ၃ လ က

အပူဒဏ်ဆိုတာဘာလဲ? ကြက်တွေဟာ ပတ်ဝန်းကျင်အပူချိန် 18-24°C (65-75°F) အတွင်းမှာ အသက်သာဆုံးနေထိုင်နိုင်ပြီး ဒါကို Zone of Thermoneutrality လို့ခေါ်ပါတယ်။ ဒီအပူချိန်ထက် ကျော်လွန်လာတာနဲ့အမျှ ကြက်တွေရဲ့ ခန္ဓာကိုယ်ဟာ အပူဒဏ်ကို စတင်ခံစားရပါတယ်။ အပူဒဏ်ရဲ့ဆိုးကျိုးများနွေရာသီအပူဒဏ်ဟာ ကြက်တွေရဲ့ ကျန်းမာရေးနဲ့ ထုတ်လုပ်မှုအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိပါတယ်။ •အသားတိုးနှုန်းနှင့် FCR ကျဆင်းခြင်း •ကြက်ဥထုတ်လုပ်မှုနှင့် ဥခွံအရည်အသွေး ထိခိုက်ခြင်း •ဥဖောက်စက်ပေါက်နှုန်း လျော့ကျခြင်း •သေဆုံးနှုန်း မြင့်တက်ခြင်း •ခုခံအားကျဆင်းခြင်း •ရောဂါကျရောက်နိုင်ခြေ ပိုများလာခြင်း

462 လွန်ခဲ့သော ၃ လ က

နေ့စဉ်စီမံဆောင်ရွက်မှုများ •အစာကျွေးချိန်: နံနက် 9:30 မှ ညနေ 4:30 အတွင်း အစာလုံးဝမကျွေးပါနဲ့။ အပူဆုံးအချိန် (ညနေ 2:00 – 3:00) ကိုရှောင်ပြီး ညဘက်အေးချိန်မှာ အစာကျွေးပါ။

462 လွန်ခဲ့သော ၃ လ က

ရေစနစ်ကာကွယ်ခြင်း: ရေစဉ် (Overhead tank) နဲ့ ရေပိုက်လိုင်းတွေကို နေပူမထိုးအောင် ကောင်းစွာ ဖုံးအုပ်စီမံပါ။ .ကြက်သောက်ရေ ပိုက်လိုင်းများတွင်းရှိ ရေချိုးများတွင် Bacteria များပေါက်ပွား မှု မှ ကာကွယ်ရန် ရေပိုက်လိုင်း ကို ပုံမှန် ( Mechanical / Chemical Flush ) သန့်ရှင်းရေး ပြုလုပ်ပါ။

462 လွန်ခဲ့သော ၃ လ က

ရေအေးပေးခြင်း: ကြက်သောက်ရေကို အေးမြသော (10-12°C) အပူချိန်မှာ အမြဲရရှိနိုင်စေပြီး ရေသောက်ရန်နေရာကိုလည်း နှစ်ဆပေးထားပါ။

462 လွန်ခဲ့သော ၃ လ က

အအေးပေးစနစ်များ: အပူဒဏ်ပြင်းထန်ချိန်မှာ အငွေ့ပျံအအေးပေးစနစ် (Evaporative Cooling)၊ ရေပန်း (Sprinklers)၊ ရေမွှားပန်းများ (Foggers) နဲ့ အခင်းအအေးပေးခြင်း (Pad-Cooling) စနစ်တွေကို အသုံးပြုနိုင်ပါတယ်။

462 လွန်ခဲ့သော ၃ လ က

အကြံပြုချက် ကတော့ Screenshot ရိုက်ထားတာ ကိုတင်ခွင့်ပြုရင် ပိုမိုပြီး လွယ်ကူထိရောက်မှာပါ

462 လွန်ခဲ့သော ၃ လ က

ကြက်ရဲ့ Stocking Density ( ၁ စတုရန်း မီတာမှာထားတဲ့ ကြက်ကောင်ရေ ကို လျှော့ချ ရမှာ ဖြစ်ပြီး Drinker အရေ အတွက်လည်း တိုးပေးရ မှာပါ

462 လွန်ခဲ့သော ၃ လ က

အဲဒီ Bacteria တွေ ခိုအောက်းနေတဲ့ ရေချိုးတွေ ကို ပုံမှန် ( Mechanical Flush - ခရုပါတ် ပုံ ပါသော Brush ဖြင့် ပိုက်လိုင်းတွင်း ထိုးသွင်း သန့်ရှင်းခြင်း ) ၊ ကြက်များအိပ်ချိန်တွင် Chemical - အက်စစ်ပျော့ ကို ပိုက်လိုက်း အတွင်း ထည့်သွင်းထားပြီး မနက် ကြက်ရေ မသော်ခင် Mechanical Flush လုပ်ခြင်းဖြင့် Bio Film များ ကို ပုံမှန် သန့်ရှင်းရေး လုးပ်ရန် လိုအပ်ပါတယ်

462 လွန်ခဲ့သော ၃ လ က

ကြက်သောက်ရေ ပိုက် လိုင်းတွေမှာ ‌တွေ့ရှိရတဲ့ ရေချိုး ( Microfilm ) တွေမှာ Bacteria တွေ ပိုမို ခိုအောင်း နိုင်ပါတယ်၊

462 လွန်ခဲ့သော ၃ လ က

ဒီနေရာမှာ နွေရာသီ မှာ မြေ အောက်ရေ နိမ့်ကျ လာခြင်းကြောင့် ကြက်ခြံသုံးရေ မှာ Bacteria ပါဝက်မှု များပြားနေတာ ကို တွေ့ ရတတ်ပါတယ်

462 လွန်ခဲ့သော ၃ လ က

ကြက်သောက်ရေ စီမံ ခန့် ခွဲ မှု အလွန် အရေးကြီးပါတယ် ၊ Overhead Tank ကနေ ဆင်းလာတဲ့ ပိုက်လိုင်း အားလုံး ကို မြေပြင် မှာ မြှုပ် ထားမဲ့ အစား ( Mechanical Flush - အဆုံးသတ်မှာ ဖွင့် ထုတ် ပေးခြင်း ) ဖြင့် သောက်ရေလိုင်း မှာ ရှိတဲ့ အပူချိန် ကို ချက်ချင်း လျှော့ချ နိုင်ပါတယ်

462 လွန်ခဲ့သော ၃ လ က

ကြက် ရေသောက်ရန် နေရာ ပို မိုပေးနိုင်ပါတယ် ၊ Drinker တွေ တိုးပေးခြင်း

262,508 လွန်ခဲ့သော ၃ လ က

ရေအေးအေးပေး၊ အစာကျွေးချိန်ရွှေ့၊ လေတိုးအောင်လုပ်ပြီး၊ အပူဆုံးအချိန်မှာ အနှောက်အယှက်မပေးဘဲ ထားပါ

462 လွန်ခဲ့သော ၃ လ က

1) ကြက်ခြံ တည်ဆောက်စဉ် ကစပြီး လေဝင်လေထွက် ကောင်းမွန်ပြီး ၊ ခြံ 2 ခု ကြားတွင် အရိပ်ရ ပင်များ နှင့် စိမ်းစိုသော မျက်ခင်းပြင်များ ရှိအောင် ၊ ကြက်ခြံ အလျား ကို အရှေ့ မှ အနောက်သို့ အရှည်ယူရန် ( နေထိုးမှု မှ ကာကွယ်ရန် )

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။