အခုရက်ပိုင်း မိုးက ရက်ဆက်ရွာနေတယ်။ မြေပဲခင်းတွေမှာ မှိုရောဂါ ကျရောက်မှာ စိုးရိမ်လို့ ဘယ်လိုကြိုတင်ကာကွယ်နိုင်ပါလဲဗျ။ သဘာဝဆေးနည်းများ၊ဓာတုဆေးနည်းများ နဲ့ ကာကွယ်နိုင်မယ့် နည်းများကို အကြံပြုပေးစေလိုပါတယ်ခင်ဗျ။
နှမ်းသီးနှံဈေးကွက်အခြေအနေ အလားအလာဘယ်လိုရှိလဲဗျ။
မိုးတောင့်ငရုပ်မျိုးစပျိုးရင်ဘာတွေလိုအပြီးဘယ်လိုနည်းလမ်းနဲ့ပျိုးရမလည်းဗျ
ငရုတ်ပျိုးမယ်ဆိုရင် ပျိုးဗန်းနဲ့ ပျိုးဖို့ကို အကြံပြုလိုပါတယ်။ ပျိုးဗန်းက ထိန်းသိမ်းစောင့်ရှောက်ရတာလည်း လွယ်ကူပါတယ်။ ပျိုးမြေစပ်တဲ့အခါမှာလည်း ပျိုးမြေစပ်ဖို့အတွက် နုန်းမြေ (၁)ဆ + နွားချေး (၁)ဆ + စက်ဖွဲပြာ (၁)ဆ တို့ လိုအပ်ပါသည်။ 2️⃣ မြေစေးလွန်းပါက မြေစေး (၁)ဆ + နွားချေး (၁)ဆ + စက်ဖွဲပြာ (၁)ဆ + သဲ (၁)ဆ နှုန်းဖြင့် ပျိုးမြေစပ်ရပါမည်။ မိုးတွင်းကာလမှာ မှိုရောဂါကျနိုင်ခြေများတဲ့အတွက် ထရိုင်ကိုဒါးမားကိုလည်း ထည့်သွင်းပေးပါ။ ငရုတ်မျိုးစေ့ကို ရေကြက်သီးနွေးနွေးအနေထားမှာ ၅နာရီမှ ၈ နာရီထိ စိမ်ထားပေးမယ်ဆိုရင် အပင်ပေါက်လည်း ညီညာစေမှာဖြစ်ပါတယ်။
ဆေးဖြန်းပီး ဘနနာရီခြား မိုးရွာရင် ဆေးအာနိသင်ပြယ်နိုင်လဲဗျ
၄ နာရီကနေ ၆ နာရီကြား မိုးလွတ်ဖို့ လိုအပ်ပါတယ်ဗျ။ ဆေးဖျန်းပြီး ၂ နာရီအတွင်း မိုးရွာမယ်ဆိုရင် ဆေးအာနိသင်လုံးဝ ပျယ်သွားနိုင်ပါတယ်။ ၄ နာရီအတွင်းရွာမယ်ဆိုရင် ၅၀ ရာခိုင်နှုန်းလောက် ပျယ်သွားနိုင်ပါတယ်။ မိုးတွင်းကာလမှာ ဆေးဖျန်းမယ်ဆိုရင် စွဲကပ်ဆေး (Sticker) ပါ ထည့်ပြီး ဖျန်းဖို့ အကြံပြုပါတယ်ဗျ။ အစိမ်းရောင်လမ်းရဲ့ စိုက်ပျိုးမိုးလေဝသမှာဆိုရင် နာရီအလိုက် မိုးရွာနိုင်ခြေပြထားတာမို့ တောင်သူတွေအတွက် အများကြီး အထောက်ကူပြုပါလိမ့်မယ်ဗျ။
ငရုပ်ပင် အရွက်တွေ အခုလို ဖြစ်နေတာ ဘာရောဂါလဲ ဆရာတို့။ အခုလို အပင်အရေတွက် ပိုများလာပါတယ်။ အဟာရဓာတ်ချို့တဲ့တာလား။အရဟာ တမျိုးမျိုး လွန်ကဲလို့လား။ ဒါမှမဟုတ် ပိုးပွားကြောင့် ဖြစ်တဲ့ ရောဂါလား ဆရာတို့
ပုံမြင်ရရင် တခါ ငရုပ်ပုံကို ကြည့်ပြီး ပြန်ဖြေပေးပါအုံး ဆရာ
အရင်ပို့စ်က ပုံမမြင်ရဘူး ဆရာက ပြောလို့ပါ။ ပုံမြင်ရအောင် ပြန်တင်ပေးတာပါ။
hi စိုက်ပျိုးရေးပညာရှင်ကြီးများရှင့် မန္တလေးတိုင်း နွားထိုးကြီးနယ်ဘက်မှာ စပျစ်စိုက်လို့အဆင်ပြေလောက်မလားသိချင်လို့ အကြောင်းရာနှင့်တကွ ဖြေပေးကြပါအုံးရှင့်
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်သည် ပူနွေးခြောက်သွေ့ပြီး မိုးနည်းသော အလယ်ပိုင်းဒေသဖြစ်ခြင်းကြောင့် စပျစ်ပင်၏ သဘာဝနှင့် အလွန်ကိုက်ညီပြီး စီးပွားဖြစ် စိုက်ပျိုးရန် အလားအလာကောင်းပါတယ်။ အောင်မြင်ဖြစ်ထွန်းရန်အတွက် ရေမဝပ်သော သဲနုန်းမြေမျိုးတွင် စိုက်ပျိုးရမည်ဖြစ်ပြီး၊ အပင်ကြီးထွားချိန်နှင့် အသီးတင်ချိန်များအတွက် အဝီစိတွင်းရေကဲ့သို့သော "ရေချို" ရရှိမှု ရှိရပါမည်။ ဒေသရာသီဥတုနှင့် အကိုက်ညီဆုံးဖြစ်သည့် မျိုးကို အဓိကထားရွေးချယ်ပြီး၊ လေဒဏ်ခံနိုင်ရန် စင်တင်စနစ် သို့မဟုတ် Y ကြိုးတန်းစနစ်ဖြင့် စနစ်တကျ စိုက်ပျိုးပါက အဆင်ပြေအောင်မြင်နိုင်ပါတယ်ခင်ဗျာ။
စပျစ်က ပူနွေးပြီး နေရောင်ခြည် ကောင်းကောင်းရတဲ့နေရာတွေမှာ ဖြစ်ထွန်းတာကြောင့် နွားထိုးကြီးလည်း ရနိုင်ပါတယ်။ ရာသီဥတု အမျိုးအစားတူတဲ့ မိတ္ထီလာတို့ ကျောက်ဆည်တို့မှာလည်း အောင်မြင်ဖြစ်ထွန်းတာကို တွေ့နေရပါတယ်။ စပျစ်က ရေဝပ်တာ မကြိုက်ပေမယ့် အစိုဓာတ်လိုအပ်တာကြောင့် အစက်ချစနစ်နဲ့ ရေပေးသွင်းမယ်ဆို ရေလိုအပ်ချက်လည်း နည်းပြီး အပင်ဖြစ်ထွန်းပါတယ်။ နောက် အနီးအနားအတွေ့ကြုံရှိတဲ့ စပျစ်ခြံတွေကနေလည်း ေသချာလေ့လာဖို့ အကြံပြုလိုပါတယ်။ အောင်မြင်ပါစေဗျာ။
ဘာဆေးဖျန်းရမလဲဗျ
ဂန္ဓမာရွက်ပြောက်စွန်းရောဂါသည် Septoria မှိုပိုးကြောင့်ဖြစ်ပြီး အစိုဓာတ်များချိန်တွင် အောက်ခြေရွက်ဟောင်းများမှတစ်ဆင့် အပေါ်သို့ ကူးစက်ပြန့်ပွားတတ်ပါတယ်။ ဤရောဂါကို နှိမ်နင်းရန်အတွက်စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ရောဂါရနေသော အရွက်များကို ဆွတ်ခူး၍ စိုက်ခင်းပြင်ပ၌ မီးရှို့ဖျက်ဆီး လေ့ရှိပါတယ်။ ဓာတုဆေးအနေဖြင့် ပင်လုံးပျံ့မှိုသတ်ဆေး ဖြစ်သော အဇိုဆီစထရိုဘင် (Azoxystrobin) သို့မဟုတ် ဒိုဖီနိုကိုနာဇိုလ်း (Difenoconazole) ကို ဖြန်းပေး လေ့ရှိပြီး၊ ဆေးယဉ်ပါးမှုမရှိစေရန် ထိသေဆေးဖြစ်သော မန်ကိုဇက် (Mancozeb) နှင့် (၇-၁၀) ရက်ခြား တစ်လှည့်စီ ပြောင်းလဲပက်ဖြန်းပေးရပါမယ်။ ရေလောင်းသည့်အခါ အရွက်များပေါ် ရေမတင်စေရန် အပင်ခြေကိုသာ လောင်းပေးရမည်ဖြစ်ပြီး လေဝင်လေထွက်ကောင်းအောင် ကိုင်းရှင်းပေးခြင်းဖြင့် မှိုပွားနှုန်းကို လျှော့ချနိုင်ပါတယ်။
ပူနွေးစိုစွတ်ပြီး အစိုဓာတ်များတဲ့အချိန်မှာ မှိုရောဂါတွေ ဝင်ပါတယ်။ ဂန္ဓမာရွက်ပြောက်ရောဂါဖြစ်မယ်ထင်တယ်။ အရွက်ကလည်း ရေစိုနေဆဲဖြစ်နေတယ်။ အပင်ကျပ်ကျပ်စိုက်တာမျိုး မလုပ်ပါနဲ့။ နောက် ရေလောင်းတဲ့အခါမှာလည်း ညနေစောင်းပိုင်း လောင်းတာမျိုး ရှောင်ပါ။ မတက်နိုင်ဆုံး အရွက်ပေါ် ရေမတင်ဘဲ အပင်ခြေသာရေရောက်အောင် လုပ်ပေးပါ။ မှိုသတ်ဆေးအနေနဲ့ Azoxystrobin + Difenoconazole ဒါမှမဟုတ် ဟက်ဆာကိုနဇိုး (Hexaconazole) တို့ကို ဆေးယဉ်ပါးမှုမဖြစ်အောင် အလှည့်ကျဖျန်းပေးပါ။
ဥစားကြက်များကို ခြံထဲလွတ်ကျောင်းမွေးလို့ အဆင်ပြေပါ့မလား ဗျာ့ လွတ်ကျောင်းမွေးရင် အားနည်းချက် အားသာချက်များ နှင့် လိုအပ်ချက်များ ရှောင်ရန် ဆောင်ရန်များ ကို အတွေ့အကြုံ ရှိသူများ အကြံပေးကြပါအုံးဗျာ့
ဥစားကြက်မွေးမြူသူများ သိထားသင့်သည့်အချက်များနှင့် ဥစားကြက်အစာစပ်နည်း စာတန်းလေးကို နှိပ်ပြီး လေ့လာလို့ရပါတယ်။
၁၅၀,၀၀၀ ကနေ ၁၇၀,၀၀၀ လောက်ရှိပါတယ်။
မုန့်ဖုတ်ဆော်ဒါ.5ဇွန်း.ဆပ်ပြာမုန့်.4ဇွန်း.ဆ်ိ.5ဇွန်း.ပတ်တာကမြေပဲခင်းမှာဘာကောင်းလဲဗျ...တချို့ပတ်နေကြလို့...မှိုကာကွယ်တယ်စိုဟုတ်လားဆရာတို့
မုန့်ဖုတ်ဆော်ဒါ၊ ဆပ်ပြာရည်နှင့် ဟင်းချက်ဆီ ရောစပ်ထားသော ဆေးရည်သည် မြေပဲပင်များ၏ အရွက်ပေါ်တွင် ကျရောက်တတ်သော မှိုရောဂါအချို့ (အထူးသဖြင့် ဖားဥမှိုရောဂါ) ကို ကြိုတင်ကာကွယ်ရန် ထိရောက်သော သဘာဝဆေးနည်း ဖြစ်ပါတယ်။ မုန့်ဖုတ်ဆော်ဒါက မှိုမပေါက်ပွားအောင် တားဆီးပေးပြီး၊ ဆီနှင့် ဆပ်ပြာက အရွက်ပေါ်တွင် ဆေးရည်ကြာရှည် ကပ်ညှို့ပြန့်နှံ့စေရန် ကူညီပေးတာပါ။ သို့သော် မြေပဲခင်းတွင် ဆိုးရွားစွာ ကျရောက်တတ်သည့် မြေပဲရွက်ပြောက်ရောဂါနှင့် ပင်ခြေပုပ်ရောဂါများအတွက်မူ ကာကွယ်မှု အားနည်းနိုင်ပါသည်။ ဆေးပမာဏ များပါက အရွက်လောင်နိုင်သဖြင့် စိုက်ခင်းတစ်ခုလုံး မဖျန်းမီ အပင်အနည်းငယ်တွင် အရင်စမ်းသပ်ဖျန်းရန်နှင့် နေပူချိန်တွင် ဖျန်းခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်ခင်ဗျာ။
စပါး
Seeder (မျိုးစေ့ချစက်) ဖြင့် စပါးစိုက်ပျိုးရာတွင် အပင်ပေါက် ထူသွားခြင်းအတွက် အထွက်နှုန်းကို ကြီးကြီးမားမား ထိခိုက်နိုင်ခြေ နည်းပါးသဖြင့် အလွန်အမင်း စိုးရိမ်ရန် မလိုပါဘူး။ သို့သော် လေဝင်လေထွက် မကောင်းခြင်းနှင့် အလင်းရောင် မလုံလောက်ခြင်းတို့ကြောင့် ရောဂါနှင့် ပိုးမွှားဒဏ် ပိုမိုကျရောက်နိုင်ပြီး အပင်လဲနိုင်ခြေ ရှိပါတယ်။ ပြုပြင်ရန်အတွက် စိုက်ပြီး ၁၅ ရက်မှ ၂၀ ရက်အတွင်း အပင်ခွဲနှုတ်ပြီး ကွက်လပ်များတွင် ပြန်ဖာပေးရပါမယ်။ ထို့ပြင် စပါးပင် အလွန်အကျွံ အပင်ပွားခြင်းကို ထိန်းချုပ်ရန် နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာ ကျွေးမှုကို လျှော့ချပြီး အပင်သန်မာစေသော ပိုတက်ရှ် (အနီရောင်) မြေဩဇာကို တိုးကျွေးရပါမယ်။ လယ်ကွက်အတွင်း ရေကို အမြဲလှောင်မထားဘဲ အလှည့်ကျ ရေသွင်းရေထုတ်စနစ်ကို ကျင့်သုံးပေးခြင်းဖြင့် အထွက်နှုန်း မထိခိုက်အောင် ထိရောက်စွာ ကာကွယ်နိုင်ပါတယ်ခင်ဗျာ။
ငါးအမိုင်နိုက ဖော်စပ်ထားပြီး ရေရှည်ထားရလား ခင်ဗျာ
ကိုယ်တိုင်ဖော်စပ်ထားသော ငါးအမိုင်နိုအက်ဆစ် (Fish Amino Acid) သည် စနစ်တကျ ပြုလုပ်ပြီး ရေမဝင်အောင် သိမ်းဆည်းထားပါက အနည်းဆုံး ၆ လမှ ၁ နှစ်ခွဲ (၁၈ လ) အထိ အာနိသင်မပျက်ဘဲ ရေရှည်ထားရှိနိုင်ပါတယ်။ ငါးနှင့် သကာရည် (တင်လဲရည်) အချိုးအစား ၁:၁ မှန်ကန်ရန် လိုအပ်ပြီး ဖော်စပ်စဉ်နှင့် သိုလှောင်စဉ်အတွင်း အစိုဓာတ် သို့မဟုတ် ရေဝင်ရောက်ပါက အချဉ်ဖောက်မှု ပျက်ပြားကာ သက်တမ်းတို၍ ပုပ်သိုးသွားတတ်ပါသည်။ ထို့ကြောင့် တိုက်ရိုက်နေရောင်ခြည်မထိသော အေးမြမှောင်မှိုင်သည့်နေရာတွင် လေလုံသော ပလတ်စတစ်ဘူးဖြင့် စနစ်တကျ သိုလှောင်ရန် လိုအပ်ပါတယ်ခင်ဗျာ။
စပါး၁၅ပတ်လည်၁အိတ်ပုလဲ၁အိတ်ဂျစ်ပဆန်၁အိတ်ရောပြီး၄ဧကကျွေးပြီးကတည်းကမိုးမပြတ်လို့မြေသြဇာဆုံးရှုံးမှုများနိုင်လားခဗျမြောင်းရေပြတ်နေလို့ဆေးကျွေးပြီးကတည်းကမိုးကနေ့တိုင်းများနေလို့
မြေဩဇာကျွေးပြီးကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေပါက အထူးသဖြင့် ရေပျော်လွယ်သော ပုလဲ (ယူရီးယား) နှင့် ၁၅ ပတ်လည်ထဲမှ နိုက်ထရိုဂျင်ဓာတ်များ ရေနှင့်အတူ မျောပါဆုံးရှုံးနိုင်ခြေ အလွန်များပါတယ်။ ဂျစ်ပဆန်ကတော့ အနယ်ထိုင်မှုနှေးလို့ ဆုံးရှုံးမှုနည်းပါတယ်။ အကယ်၍ လယ်ကွက်ထဲမှ ရေများ ကန်သင်းကျော်ပြီး အပြင်သို့ စီးထွက်သွားပါက မြေဩဇာ အများအပြား ဆုံးရှုံးနိုင်သော်လည်း၊ ကန်သင်းလုံပြီး ရေအိုင်ရုံသာဆိုလျှင် ဆုံးရှုံးမှု သက်သာပါလိမ့်မယ်။ ထို့ပြင် ဦးကြီးကျွေးထားသော မြေဩဇာပမာဏ (၄ ဧကအတွက် ၃ အိတ်) သည် ပုံမှန်ထက် နည်းနေသေးသဖြင့် မိုးစဲသွားပြီး (၅) ရက်ခန့်အကြာတွင် စပါးပင်များ ဝါကြောင်ကြောင်ဖြစ်ကျန်ခဲ့ပါက ၁ ဧကလျှင် ပုလဲမြေဩဇာ (၁၀) ပိဿာနှုန်းခန့် ထပ်မံဖြည့်စွက်ကျွေးပေးရန် လိုအပ်ပါလိမ့်မယ်။အပင်က မလိုရင်တော့ကျွေးစရာမလိုဘူးပေါ့ဗျာ။
ကျေးဇူးပါခဗျကန်သင်းကလုံပါတယ်လိုအပ်ရင်ပုလဲထပ်ပြီးကျွေးလိုက်ပါမယ်ခဗျ
စပါးခင်းအောက်ဆေးကျွေးချင်လို့အခုဖက်ကမိုးမပြတ်ဖြစ်နေလို့ပုလဲနဲ့၁၅ပတ်လည်ကျွေးမှာပါမိုးများရင်အာနိသင်ရော့နိူင်လားခဗျာ
မြေဩဇာကျွေးပြီးကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေပါက အထူးသဖြင့် ရေပျော်လွယ်သော ပုလဲ (ယူရီးယား) နှင့် ၁၅ ပတ်လည်ထဲမှ နိုက်ထရိုဂျင်ဓာတ်များ ရေနှင့်အတူ မျောပါဆုံးရှုံးနိုင်ခြေ အလွန်များပါတယ်။ ဂျစ်ပဆန်ကတော့ အနယ်ထိုင်မှုနှေးလို့ ဆုံးရှုံးမှုနည်းပါတယ်။ အကယ်၍ လယ်ကွက်ထဲမှ ရေများ ကန်သင်းကျော်ပြီး အပြင်သို့ စီးထွက်သွားပါက မြေဩဇာ အများအပြား ဆုံးရှုံးနိုင်သော်လည်း၊ ကန်သင်းလုံပြီး ရေအိုင်ရုံသာဆိုလျှင် ဆုံးရှုံးမှု သက်သာပါလိမ့်မယ်။ ထို့ပြင် ဦးကြီးကျွေးထားသော မြေဩဇာပမာဏ (၄ ဧကအတွက် ၃ အိတ်) သည် ပုံမှန်ထက် နည်းနေသေးသဖြင့် မိုးစဲသွားပြီး (၅) ရက်ခန့်အကြာတွင် စပါးပင်များ ဝါကြောင်ကြောင်ဖြစ်ကျန်ခဲ့ပါက ၁ ဧကလျှင် ပုလဲမြေဩဇာ (၁၀) ပိဿာနှုန်းခန့် ထပ်မံဖြည့်စွက်ကျွေးပေးရန် လိုအပ်ပါလိမ့်မယ်။အပင်က မလိုရင်တော့ကျွေးစရာမလိုဘူးပေါ့ဗျာ။
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
မေးခွန်း
စိုက်ပျိုးရေးပညာရှင်များ ခင်မျာ့ သိချင်တာလေးမေးပါရစေ။ယခုစပါးမျိုးသစ် ငွေတိုး ဟုခေါ်သောစပါးသည် စျေးကွက်ရှိလားမရှိလားသိချင်ပါသည် ။ပြီးတော့ နောင်တွင် စိုက်ပျိုးရန် သင့်မသင့်လေးပါ ဖြေကြားပေးပါခင်မျာ။
သယ်ယူဖို့ကားတွေဘာတွေနဲ့ အဆင်ပြေမှ ပဲရမှာလေ။ အဲဒါထက် လယ်သမားတွေက အဲဒီဆန် စက်တွေနဲ့ ချိတ်ဆက်တာက နည်းတယ်လေ။ ကုန်သည်ကိုပဲရောင်းတာများတယ်။ အလုပ်မပို တော့ဘူးလေ။ ပွဲစားတွေထိုးရောင်းလိုက်တာပေါ့။ အစိုဓာတ်နဲ့ဆိုရင်လည်း အစိုဓာတ် (၁၅) ရာခိုင်နှုန်း ပဲကျန်တယ်ဆို ရောင်းပစ်လိုက်တယ်။ ပွဲစားတွေက စပါးကို တချို့အဖျင်းနည်းနည်းပါးပါးပါရင်တောင် ဈေးနှိမ်ခံရတယ်"ဟု ဧရာဝတီတိုင်းဒေသကြီးမှ လယ်သမားတစ်ဦးက ပြောသည်။ (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ် ပထမ (၆) လပတ်အတွင်း ဆန်/ ဆန်ကွဲ တန်ချိန် (၁၂) သိန်း တင်ပို့ရန် လျာထားသည့်အနက် စက်တင်ဘာ ၃၀ ရက် အထိ ဆန်/ ဆန်ကွဲတန်ချိန် (၁ယ၂၀၆,၄၀၈) တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ (၄၀၈) သန်း ဝန်းကျင်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထား သည်။
ကထိန်ခင်းချင်တာတို့ အလှူလေးလုပ်ချင် တာတို့တောင်မလုပ်နိုင်တဲ့အပြင် အရှုံးကိုဘယ်လို ပြန်ဖာရမလဲစဉ်းစားရတာနဲ့တင် လုံးလည် ချာလည် လိုက်နေကြတယ်။ အခုနှစ်က ကျွန်တော်တို့ဘက်ကမှ မြေပဲစိုက်တဲ့လူတွေကလည်း တိုင်ပတ်တယ်။ နောက်ပြီး ဒီစပါးကလည်း အရှုံးပဲ။ မတ်ပဲကလည်း စပါးရိတ်ပြီးတော့ မိုးများပြီးရေတွေနဲ့ဆိုတော့ လုပ်မရ ဘူး။ ဒီနှစ်ကတော့ အဆိုးဆုံးနှစ်ပေါ့။ ငယ်တဲ့လူတွေ ကတော့ ဒီလယ်ကိုလုပ်လည်းဘာမှမရမယ့်အတူ နိုင် ငံခြားထွက်တဲ့လူကလည်းထွက်ကုန်ပြီ။ ရွာတစ်ရွာမှာ လူငယ်က (၂၅) ရာခိုင်နှုန်း လောက် ပဲရှိတော့မယ်"ဟု အထက်ပါလယ်သမားက ပြောသည်။ ယခုနှစ် (၂၀၂၅) နှစ်ဆန်းပိုင်းမှစတင်၍ နိုင်ငံတကာဈေးကွက်တွင် ဆန်ဈေးနှုန်းများ ကျဆင်း နေသည့်အတွက် ပြည်ပသို့ တင်ပို့သည့် ဧည့်မထ၊ ငစိန် စပါးမျိုးများမှာ အမျိုးအစား၊ အရည်အသွေးပေါ် အခြေခံ၍ ဈေးနှုန်းကွာခြားမှုရှိသဖြင့် ပြည်တွင်းပြည်ပ ဈေးကွက်မှ လိုအပ်သော စပါးမျိုးများကို ရွေးချယ် စိုက်ပျိုးခြင်း၊ မြို့နယ်အသီးသီးရှိ ဆန်စက်များထံသို့ တိုက်ရိုက် တင်ပို့ရောင်းချခြင်း၊ တောင်သူများ အနေဖြင့် တစ်ဦး တစ်ယောက်ချင်း ကွင်းဝယ်လက် များ၊ အကျိုးဆောင်များကို ရောင်းချခြင်းထက် တောင်သူများ စုပေါင်း၍ ဆန်စက်များ၊ ကုမ္ပဏီများထံ တိုက်ရိုက်ညှိနှိုင်း တင်ပို့ရောင်းချခြင်းတို့ကို ဆောင် ရွက်ခြင်းဖြင့် ဈေးနှုန်း ပိုမိုရရှိနိုင်ခြင်း၊ မိမိတို့ ဒေသ အသီးသီးရှိ ဆန်စက်များ၊ ဆန်/ ဆန်ကွဲ ပြည်ပ တင်ပို့သည့် ကုမ္ပဏီများနှင့်ပူးပေါင်း၍ ကန်ထရိုက် လယ်ယာစနစ်/ အာမခံဈေးနှုန်း စနစ်ဖြင့် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က အကြံပြု တိုက်တွန်း ထားသည်။ " ပြီးခဲ့တဲ့ စက်တင်ဘာမှာကောက်စောတွေပေါ့။ တကယ်မိုးစပါးက ဒီဇင်ဘာ၊ နိုဝင်ဘာမှ အများဆုံးပေါ် တာပေါ့။ ဒါပေမဲ့ သက်တမ်းတို ဧည့်မထတို့ သက် တမ်းတိုတဲ့စပါးတွေက စက်တင်ဘာမှာပေါ်တယ်ပေါ့။ စပါးပေါ်တဲ့အချိန်မှာ မိုးတွေကရွာ ရေကလည်းတော် တော် စိုတာပေါ့။ စပါးအစိုဓာတ်ကတော်တော်မြင့် တာပေါ့။ ဒါကြောင့်မို့လို့ အစိုဓာတ်မြင့်တဲ့ စပါးတွေ ကျတော့ အရည်အသွေးအားနည်းတဲ့ အခါကျတော့ ဈေးကောင်းမရတာလည်းဖြစ်နိုင်တယ်ပေါ့။ ဒါကြောင့် မို့လို့ အစိုဓာတ်လျှော့ချနိုင်ဖို့ အခြောက်ခံပြီးမှ ရောင်းနိုင်မယ်ဆိုရင်လည်း ဈေးကောင်းရနိုင်မယ်။ ဆန် စက်တွေ၊ ကုမ္ပဏီတွေကို တိုက်ရိုက်ချိတ်ဆက်ပြီးတော့ ရောင်းသင့်တယ်ပေါ့နော်။ ဒါမျိုးကိုဆောင်ရွက်သင့် တယ်လို့ အကြံပြုချင်တာပါ" ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။ သို့သော်လည်း လယ်သမားများအနေဖြင့် အထက်ပါဈေးနှုန်းမျိုးရရှိရန် လုပ်ဆောင်ရာတွင် အချိန်မပေး နိုင်သဖြင့် စက်ကျစပါးကိုသာအားပြု ရောင်းချရသည့်အခါ ပွဲစားများ၏ ဈေးနှိမ်ဝယ်ခြင်းကိုလည်း ခံရကြောင်း သိရသည်။
ဒီနှစ်မှာ စပါးစိုက်တဲ့ လယ်သမားတွေက ပိုရှုံးတယ်။ ဘာလို့ပိုရှုံးလဲဆိုရင် စပါးဈေးက တင်း (၁၀ဝ)မှာ (၉)သိန်း (၁၀) သိန်းပဲရှိတယ်။ အဲဒီ (၁)ဧက တင်း (၁၀ဝ)ထွက်ဖို့လုပ်နေတာတောင် တင်း(၈၀)လောက်ပဲထွက်တယ်။ (၁)ဧက လုပ်ရင်တောင် တချို့ဆို သွင်းအားစု ဘာညာနဲ့ (၁၂) သိန်းဝန်းကျင် လောက်ကုန်တယ်။ အစိုးရက ချေးငွေထုတ်ပေးတာက တစ်ဧကကို (၂)သိန်းပဲချေးပေးတာလေ။ ကျန်တဲ့ (၁၀)သိန်း လောက်က အပြင်ငွေတိုး (၅) ကျပ်တိုးနဲ့ ချေးရတာကိုး။ (၁၀)သိန်းချေးရင် (၅)ကျပ်တိုးက (၆)လမှာ (၃)သိန်းလောက်သွားကျတယ်။ အဲဒါက အရင်းရဲ့ တစ်ဝက်နီးပါးလောက်ဖြစ်နေပြီလေ။ အဲဒါ (၆)လနော်။ အဲဒီတော့ စပါးဈေးက (၁၀)သိန်းပဲရှိပြီး။ (၁)ဧက တင်း(၈၀)ထွက်တော့ (၈)သိန်းပဲရတယ်။ စောစောက သွင်းအားစုဘာညာက အတိုးတွေနဲ့ (၁၅)လောက်ဆိုတော့ တစ်ဝက်လောက်ရှုံးနေပြီ" ဟု ဧရာဝတီတိုင်းမှ လယ်သမားအရေးဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။ လက်ရှိ စပါးဈေးကျဆင်းခြင်းသည် နိုင်ငံတကာ ဈေးကွက်အပြောင်းအလဲကြောင့်ဖြစ်ပြီး အဆိုပါ ဒဏ်ကို လယ်သမား အားလုံးခံစားနေရခြင်း မဟုတ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆိုသည်။ " လွန်ခဲ့တဲ့(၅)နှစ်အတွင်း ဈေးအကျဆုံးဆို တော့ မဟုတ်ဘူး။ ခုနကပြောသလို အဓိကကတော့မှန် တယ်။ စပါးဈေး ဧည့်မထစပါးတို့ ၊ ငစိန်စပါး တို့က တင်း (၁၀ဝ)ကို (၁၀)သိန်းဝန်းကျင်လောက်ပဲရှိတယ်။ တစ်ချို့တောင်သူလယ်သမားတွေဟာအခက်အခဲ ဖြစ်တယ်။ တောင်သူ လယ်သမားအားလုံးတော့ မဟုတ်ဘူးပေါ့။ တော်ကြာကျရင် နိုင်ငံတော်ကလည်း တစ်နည်းအားဖြင့်ပြောရင် ရွေးကောက်ပွဲကိုဦး တည်ပြီးတော့ ပြင်ဆင်ဆောင်ရွက်နေတဲ့အချိန်မှာ ဒီခုနကပြောတဲ့ စပါးဈေးကျတယ်ဆိုတာ စပါးအားလုံး မဟုတ်ဘူးဆိုတာကိုလည်း သတင်းမှန်ကိုလည်း ဖော်ပြစေချင်တယ်။ အဓိကတော့ စပါးကျရတဲ့ဟာ တွေက ဘာကြောင့်ဖြစ်တာလဲဆိုရင် နိုင်ငံခြားကိုပို့တဲ့ ဆန်တွေက မနှစ်ကဆို တစ်တန် ကို ဒေါ်လာကို ၅၀ဝ လောက်ဈေးရှိတာပေါ့။ အခုကတော့ ဒေါ်လာ (၃)ရာလောက်ပဲရှိတယ်။ တစ်တန်ကို ဒေါ်လာ (၂) ရာလောက် ၊ နိုင်ငံတကာဈေးကလည်းကျတယ်လေ။ အဓိကတော့ နိုင်ငံတကာဈေးကွက်ဈေးနှုန်းပြောင်းလဲမှုပါပဲ" ဟု ၎င်းကပြောသည်။ လက်ရှိဖြစ်ပေါ်နေသာ စပါးဈေးကြောင့် ယခင်နှစ်များကထက်ကျပ်တည်း လာသည့် လယ်သမားများသည် လယ်စိုက်ရန်ပင်စိတ် ကုန်လာနေပြီဖြစ်ကြောင်း ပဲခူးတိုင်းမှ လယ်သမား တစ်ဦးက ဆိုသည်။
စပါးဈေးကျဆင်းခြင်းကြောင့် လယ်သမားများ အရှုံးနှင့်ရင်ဆိုင်နေရပြီး လာမည့်နှစ်တွင် စပါးစိုက်ရန် ပင် စိတ်ကုန်သူများရှိနေကြောင်း လယ်သမားများထံ NP News က ဆက်သွယ်မေးမြန်းထားသည့်အချက် အလက်များ အရ သိရသည်။ လက်ရှိတွင် ဆန်ကြမ်းအုပ်စုဝင်စပါးဈေးများ သည် တင်း(၁၀ဝ)လျှင် ကျပ် (၁၀) သိန်းဝန်းကျင်သာ ပေါက်ဈေးရှိနေချိန် သွင်းအားစုဈေးနှုန်းများကြီးမြင့်ခြင်း၊ ထွန်ယက်စိုက်ပျိုးခကြီးမြင့်ခြင်းနှင့် လယ်ယာ လုပ်သားနည်းပါးပြီး လုပ်ခဈေးမြင့်တက်နေသောကြောင့် လယ်သမားများစွာ အရှုံးပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ စပါးဈေးနှုန်းအရ လယ်တစ်ဧက စပါးတင်း (၇၀)ထွက်လျှင်ပင် အရင်းကျေသည့်အဆင့် သာရှိပြီး အကယ်၍ တင်း(၇၀)အောက်လျော့ ထွက်ပါက ရှုံးကြောင်း သိရသည်။ " အများဆုံးကောက်စောစိုက်တာက ရက်(၉၀)နဲ့ ရတနာတိုးစိုက်တယ်။ ပုလဲသွယ်ကတော့ မစိုက် ပါဘူး။ အခုမှထွက်နေတာ ရတနာတိုးတွေ။ ဒီမှာက တစ်ဧကကို (၇၀)လောက်ထွက်ကြတယ်။ ငွေတိုးတွေ ဆိုရင်တော့ တင်း(၈၀)နဲ့ (၉၀)ထွက်တဲ့လယ်တွေ တော့ရှိတယ်။ နည်းပါတယ်။ အဲဒါတောင် ဓာတ်မြေ ဩဇာ တင်းတင်း ထည့်မှထွက်တာ။ အဲဒီမြေဩဇာဈေး ကလည်း (၂)သိန်းလောက်ရှိတယ်။ အဲဒီတော့ ကျွန်တော် တို့ဘက်က တစ်ဧကကို (၆၀)ကနေ (၈၀)အထိပဲထွက်တယ်။ အသွယ် (အလယ်အလတ်အဆင့် စပါး) ကတော့ (၁၂)သိန်းဈေးရောင်းရသေးတယ်။ ရက်(၉၀)လောက်စိုက်တဲ့ လူတွေကတော့ ရှုံးတယ်။ တစ်ဧကကို မြေဩဇာ (၂)သိန်းဖိုးလောက်သုံးမှ ထွက်တာ}}ဟု ပဲခူးတိုင်းမှလယ်သမားတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန် ချက်တွင်မူ စပါးအစိုဓာတ်၊ အရည်အသွေးနှင့် အမျိုးအစားပေါ်လိုက်၍ တင်း(၁၀ဝ)လျှင် ကောက် စောဧည့်မထ စပါးသစ်များသည် ကျပ်(၁၁)သိန်းမှ (၁၂)သိန်းအတွင်း ရောင်းဝယ်မှုရှိနေကြောင်း သိရ သည်။ ထို့ပြင် အထူးဧည့်မထအုပ်စု စပါးမျိုးများသည် ကျပ် (၁၄)သိန်းမှ (၁၅) သိန်းအတွင်း၊ ရက် ၉၀၊ မနောသုခ၊ ဧရာမင်း၊ ဧရာပဒေသာ စပါးမျိုးများသည် ကျပ် (၂၂) သိန်း မှ (၂၃) သိန်းအတွင်းနှင့် ဆင်းသုခ စပါး ဖြစ်ပါက အစိုပင်လျှင် ကျပ် (၁၃) သိန်းဈေးဖြင့် ရောင်းဝယ်မှု ရှိနေကြောင်း ထုတ်ပြန်ထားသည်။ အလားတူ မြန်မာနိုင်ငံတွင် စပါးအများဆုံးစိုက် သည့် ဧရာဝတီတိုင်းတွင် တစ်ဧကအထွက်နှုန်း တင်း (၈၀) ထွက်သည့်လယ်သမားများသည့် လက်ရှိ စပါးဈေးတွင် အဆိုးဆုံးအရှုံးအပေါ်သူများဖြစ်ကြောင်း သိရသည်။ ယင်းလယ်သမားများသည် အစိုးရမှထုတ် ပေးသည့် စိုက်ပျိုးချေးငွေကိုတစ်ဧက (၂)သိန်းကျပ် သာအများဆုံးရရှိကြပြီး မလောက်ငသည့်အတွက် ပြင်ပမှ အတိုးနှုန်းဖြင့်ငွေချေးရာတွင် အတိုးများ ကြောင့် အရှုံးမှာ ကြီးမားသထက်ကြီးမားနေကြောင်း ဧရာဝတီတိုင်းမှ လယ်သမားအရေးဆောင်ရွက်နေသူ တစ်ဦးက ဆိုသည်။
လွန်ခဲ့သော၁၀ရက်ခန့်ကဆောင်းပါးအရ ငွေတိုးစပါးသည်ကျပ်၁၀သိန်းဝန်းကျင်ပေါက်ဈေးရှိကြောင်းသိရပါသည်၊ ဆောင်းပါးအပြည့်အစုံကို အောက်တွင်ဖတ်နိုင်ပါသည်။ အမြတ်ရရှိတယ်၊ မရှုံးဘူးဆိုရင်တော့စိုက်ပျိုးသင့်မသင့်မိမိဘာသာချင့်ချိန်သင့်ပါတယ်၊ မိမိအတွက်အရင်းနည်းပြီးအမြတ်ရရှိမယ့်အဆင်ပြေမယ့်မျိုးစပါးကိုသာရွေးချယ်ဖို့အကြံပြုချင်ပါတယ်။အောက်ကဆောင်းပါးမှာတော့ စပါးဈေးမကောင်းလို့ စိညစ်ရတဲ့ဆောင်းပါးပါဗျ၊
မေးခွန်းမေးရန်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။