အစိမ်းရောင်လမ်း
511
လွန်ခဲ့သော ၃ နာရီ က · မြိုင်

အခုရက်ပိုင်း မိုးက ရက်ဆက်ရွာနေတယ်။ မြေပဲခင်းတွေမှာ မှိုရောဂါ ကျရောက်မှာ စိုးရိမ်လို့ ဘယ်လိုကြိုတင်ကာကွယ်နိုင်ပါလဲဗျ။ သဘာဝဆေးနည်းများ၊ဓာတုဆေးနည်းများ နဲ့ ကာကွယ်နိုင်မယ့် နည်းများကို အကြံပြုပေးစေလိုပါတယ်ခင်ဗျ။

You
511
လွန်ခဲ့သော ၃ နာရီ က · မြိုင်

နှမ်းသီးနှံဈေးကွက်အခြေအနေ အလားအလာဘယ်လိုရှိလဲဗျ။

You
8
လွန်ခဲ့သော ၇ နာရီ က · ဟင်္သာတ

မိုးတောင့်ငရုပ်မျိုးစပျိုးရင်ဘာတွေလိုအပြီးဘယ်လိုနည်းလမ်းနဲ့ပျိုးရမလည်းဗျ

အတည်ပြုပြီး 314,998 လွန်ခဲ့သော ၇ နာရီ က

ငရုတ်ပျိုးမယ်ဆိုရင် ပျိုးဗန်းနဲ့ ပျိုးဖို့ကို အကြံပြုလိုပါတယ်။ ပျိုးဗန်းက ထိန်းသိမ်းစောင့်ရှောက်ရတာလည်း လွယ်ကူပါတယ်။ ပျိုးမြေစပ်တဲ့အခါမှာလည်း ပျိုးမြေစပ်ဖို့အတွက် နုန်းမြေ (၁)ဆ + နွားချေး (၁)ဆ + စက်ဖွဲပြာ (၁)ဆ တို့ လိုအပ်ပါသည်။ 2️⃣ မြေစေးလွန်းပါက မြေစေး (၁)ဆ + နွားချေး (၁)ဆ + စက်ဖွဲပြာ (၁)ဆ + သဲ (၁)ဆ နှုန်းဖြင့် ပျိုးမြေစပ်ရပါမည်။ မိုးတွင်းကာလမှာ မှိုရောဂါကျနိုင်ခြေများတဲ့အတွက် ထရိုင်ကိုဒါးမားကိုလည်း ထည့်သွင်းပေးပါ။ ငရုတ်မျိုးစေ့ကို ရေကြက်သီးနွေးနွေးအနေထားမှာ ၅နာရီမှ ၈ နာရီထိ စိမ်ထားပေးမယ်ဆိုရင် အပင်ပေါက်လည်း ညီညာစေမှာဖြစ်ပါတယ်။

You
1,560
လွန်ခဲ့သော ၈ နာရီ က · မင်းလှ

ဆေးဖြန်းပီး ဘနနာရီခြား မိုးရွာရင် ဆေးအာနိသင်ပြယ်နိုင်လဲဗျ

အတည်ပြုပြီး 314,998 လွန်ခဲ့သော ၇ နာရီ က

၄ နာရီကနေ ၆ နာရီကြား မိုးလွတ်ဖို့ လိုအပ်ပါတယ်ဗျ။ ဆေးဖျန်းပြီး ၂ နာရီအတွင်း မိုးရွာမယ်ဆိုရင် ဆေးအာနိသင်လုံးဝ ပျယ်သွားနိုင်ပါတယ်။ ၄ နာရီအတွင်းရွာမယ်ဆိုရင် ၅၀ ရာခိုင်နှုန်းလောက် ပျယ်သွားနိုင်ပါတယ်။ မိုးတွင်းကာလမှာ ဆေးဖျန်းမယ်ဆိုရင် စွဲကပ်ဆေး (Sticker) ပါ ထည့်ပြီး ဖျန်းဖို့ အကြံပြုပါတယ်ဗျ။ အစိမ်းရောင်လမ်းရဲ့ စိုက်ပျိုးမိုးလေဝသမှာဆိုရင် နာရီအလိုက် မိုးရွာနိုင်ခြေပြထားတာမို့ တောင်သူတွေအတွက် အများကြီး အထောက်ကူပြုပါလိမ့်မယ်ဗျ။

You
187
လွန်ခဲ့သော ၁၁ နာရီ က · မုံရွာ

ငရုပ်ပင် အရွက်တွေ အခုလို ဖြစ်နေတာ ဘာရောဂါလဲ ဆရာတို့။ အခုလို အပင်အရေတွက် ပိုများလာပါတယ်။ အဟာရဓာတ်ချို့တဲ့တာလား။အရဟာ တမျိုးမျိုး လွန်ကဲလို့လား။ ဒါမှမဟုတ် ‌ပိုးပွားကြောင့် ဖြစ်တဲ့ ရောဂါလား ဆရာတို့

Post image
Post image
187 လွန်ခဲ့သော ၄ နာရီ က

ပုံမြင်ရရင် တခါ ငရုပ်ပုံကို ကြည့်ပြီး ပြန်ဖြေပေးပါအုံး ဆရာ

187 လွန်ခဲ့သော ၁၀ နာရီ က

အရင်ပို့စ်က ပုံမမြင်ရဘူး ဆရာက ပြောလို့ပါ။ ပုံမြင်ရအောင် ပြန်တင်ပေးတာပါ။

You
20
လွန်ခဲ့သော ၁၄ နာရီ က · နွားထိုးကြီး

hi စိုက်ပျိုးရေးပညာရှင်ကြီးများရှင့် မန္တလေးတိုင်း နွားထိုးကြီးနယ်ဘက်မှာ စပျစ်စိုက်လို့အဆင်ပြေလောက်မလားသိချင်လို့‌ အကြောင်းရာနှင့်တကွ ဖြေပေးကြပါအုံးရှင့်

262,505 လွန်ခဲ့သော ၁၁ နာရီ က

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်သည် ပူနွေးခြောက်သွေ့ပြီး မိုးနည်းသော အလယ်ပိုင်းဒေသဖြစ်ခြင်းကြောင့် စပျစ်ပင်၏ သဘာဝနှင့် အလွန်ကိုက်ညီပြီး စီးပွားဖြစ် စိုက်ပျိုးရန် အလားအလာကောင်းပါတယ်။ အောင်မြင်ဖြစ်ထွန်းရန်အတွက် ရေမဝပ်သော သဲနုန်းမြေမျိုးတွင် စိုက်ပျိုးရမည်ဖြစ်ပြီး၊ အပင်ကြီးထွားချိန်နှင့် အသီးတင်ချိန်များအတွက် အဝီစိတွင်းရေကဲ့သို့သော "ရေချို" ရရှိမှု ရှိရပါမည်။ ဒေသရာသီဥတုနှင့် အကိုက်ညီဆုံးဖြစ်သည့် မျိုးကို အဓိကထားရွေးချယ်ပြီး၊ လေဒဏ်ခံနိုင်ရန် စင်တင်စနစ် သို့မဟုတ် Y ကြိုးတန်းစနစ်ဖြင့် စနစ်တကျ စိုက်ပျိုးပါက အဆင်ပြေအောင်မြင်နိုင်ပါတယ်ခင်ဗျာ။

အတည်ပြုပြီး 314,998 လွန်ခဲ့သော ၁၄ နာရီ က

စပျစ်က ပူနွေးပြီး နေရောင်ခြည် ကောင်းကောင်းရတဲ့နေရာတွေမှာ ဖြစ်ထွန်းတာကြောင့် နွားထိုးကြီးလည်း ရနိုင်ပါတယ်။ ရာသီဥတု အမျိုးအစားတူတဲ့ မိတ္ထီလာတို့ ကျောက်ဆည်တို့မှာလည်း အောင်မြင်ဖြစ်ထွန်းတာကို တွေ့နေရပါတယ်။ စပျစ်က ရေဝပ်တာ မကြိုက်ပေမယ့် အစိုဓာတ်လိုအပ်တာကြောင့် အစက်ချစနစ်နဲ့ ရေပေးသွင်းမယ်ဆို ရေလိုအပ်ချက်လည်း နည်းပြီး အပင်ဖြစ်ထွန်းပါတယ်။ နောက် အနီးအနားအတွေ့ကြုံရှိတဲ့ စပျစ်ခြံတွေကနေလည်း ေသချာလေ့လာဖို့ အကြံပြုလိုပါတယ်။ အောင်မြင်ပါစေဗျာ။

You
315
လွန်ခဲ့သော ၁၆ နာရီ က · ညောင်ရွှေ

ဘာဆေးဖျန်းရမလဲဗျ

Post image
262,505 လွန်ခဲ့သော ၁၁ နာရီ က

ဂန္ဓမာရွက်ပြောက်စွန်းရောဂါသည် Septoria မှိုပိုးကြောင့်ဖြစ်ပြီး အစိုဓာတ်များချိန်တွင် အောက်ခြေရွက်ဟောင်းများမှတစ်ဆင့် အပေါ်သို့ ကူးစက်ပြန့်ပွားတတ်ပါတယ်။ ဤရောဂါကို နှိမ်နင်းရန်အတွက်စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ရောဂါရနေသော အရွက်များကို ဆွတ်ခူး၍ စိုက်ခင်းပြင်ပ၌ မီးရှို့ဖျက်ဆီး လေ့ရှိပါတယ်။ ဓာတုဆေးအနေဖြင့် ပင်လုံးပျံ့မှိုသတ်ဆေး ဖြစ်သော အဇိုဆီစထရိုဘင် (Azoxystrobin) သို့မဟုတ် ဒိုဖီနိုကိုနာဇိုလ်း (Difenoconazole) ကို ဖြန်းပေး‌ လေ့ရှိပြီး၊ ဆေးယဉ်ပါးမှုမရှိစေရန် ထိသေဆေးဖြစ်သော မန်ကိုဇက် (Mancozeb) နှင့် (၇-၁၀) ရက်ခြား တစ်လှည့်စီ ပြောင်းလဲပက်ဖြန်းပေးရပါမယ်။ ရေလောင်းသည့်အခါ အရွက်များပေါ် ရေမတင်စေရန် အပင်ခြေကိုသာ လောင်းပေးရမည်ဖြစ်ပြီး လေဝင်လေထွက်ကောင်းအောင် ကိုင်းရှင်းပေးခြင်းဖြင့် မှိုပွားနှုန်းကို လျှော့ချနိုင်ပါတယ်။

အတည်ပြုပြီး 314,998 လွန်ခဲ့သော ၁၃ နာရီ က

ပူနွေးစိုစွတ်ပြီး အစိုဓာတ်များတဲ့အချိန်မှာ မှိုရောဂါတွေ ဝင်ပါတယ်။ ဂန္ဓမာရွက်ပြောက်ရောဂါဖြစ်မယ်ထင်တယ်။ အရွက်ကလည်း ရေစိုနေဆဲဖြစ်နေတယ်။ အပင်ကျပ်ကျပ်စိုက်တာမျိုး မလုပ်ပါနဲ့။ နောက် ရေလောင်းတဲ့အခါမှာလည်း ညနေစောင်းပိုင်း လောင်းတာမျိုး ရှောင်ပါ။ မတက်နိုင်ဆုံး အရွက်ပေါ် ရေမတင်ဘဲ အပင်ခြေသာရေရောက်အောင် လုပ်ပေးပါ။ မှိုသတ်ဆေးအနေနဲ့ Azoxystrobin + Difenoconazole ဒါမှမဟုတ် ဟက်ဆာကိုနဇိုး (Hexaconazole) တို့ကို ဆေးယဉ်ပါးမှုမဖြစ်အောင် အလှည့်ကျဖျန်းပေးပါ။

You
51
လွန်ခဲ့သော ၁၇ နာရီ က · ပုလော

ဥစားကြက်များကို ခြံထဲလွတ်ကျောင်းမွေးလို့ အဆင်ပြေပါ့မလား ဗျာ့ လွတ်ကျောင်းမွေးရင် အားနည်းချက် အားသာချက်များ နှင့် လိုအပ်ချက်များ ရှောင်ရန် ဆောင်ရန်များ ကို အတွေ့အကြုံ ရှိသူများ အကြံပေးကြပါအုံးဗျာ့

30,800 လွန်ခဲ့သော ၁၆ နာရီ က
ဤအဖြေဖြင့် ပြေလည်
အတည်ပြုပြီး 314,998 လွန်ခဲ့သော ၉ နာရီ က

၁၅၀,၀၀၀ ကနေ ၁၇၀,၀၀၀ လောက်ရှိပါတယ်။

You
823
လွန်ခဲ့သော ၂၀ နာရီ က · ချောက်

မုန့်ဖုတ်ဆော်ဒါ.5ဇွန်း.ဆပ်ပြာမုန့်.4ဇွန်း.ဆ်ိ.5ဇွန်း.ပတ်တာကမြေပဲခင်းမှာဘာကောင်းလဲဗျ...တချို့ပတ်နေကြလို့...မှိုကာကွယ်တယ်စိုဟုတ်လားဆရာတို့

262,505 လွန်ခဲ့သော ၁၈ နာရီ က

မုန့်ဖုတ်ဆော်ဒါ၊ ဆပ်ပြာရည်နှင့် ဟင်းချက်ဆီ ရောစပ်ထားသော ဆေးရည်သည် မြေပဲပင်များ၏ အရွက်ပေါ်တွင် ကျရောက်တတ်သော မှိုရောဂါအချို့ (အထူးသဖြင့် ဖားဥမှိုရောဂါ) ကို ကြိုတင်ကာကွယ်ရန် ထိရောက်သော သဘာဝဆေးနည်း ဖြစ်ပါတယ်။ မုန့်ဖုတ်ဆော်ဒါက မှိုမပေါက်ပွားအောင် တားဆီးပေးပြီး၊ ဆီနှင့် ဆပ်ပြာက အရွက်ပေါ်တွင် ဆေးရည်ကြာရှည် ကပ်ညှို့ပြန့်နှံ့စေရန် ကူညီပေးတာပါ။ သို့သော် မြေပဲခင်းတွင် ဆိုးရွားစွာ ကျရောက်တတ်သည့် မြေပဲရွက်ပြောက်ရောဂါနှင့် ပင်ခြေပုပ်ရောဂါများအတွက်မူ ကာကွယ်မှု အားနည်းနိုင်ပါသည်။ ဆေးပမာဏ များပါက အရွက်လောင်နိုင်သဖြင့် စိုက်ခင်းတစ်ခုလုံး မဖျန်းမီ အပင်အနည်းငယ်တွင် အရင်စမ်းသပ်ဖျန်းရန်နှင့် နေပူချိန်တွင် ဖျန်းခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်ခင်ဗျာ။

You
406
လွန်ခဲ့သော ၁ ရက် က · မိတ္ထီလာ

စပါး

262,505 လွန်ခဲ့သော ၂၀ နာရီ က

Seeder (မျိုးစေ့ချစက်) ဖြင့် စပါးစိုက်ပျိုးရာတွင် အပင်ပေါက် ထူသွားခြင်းအတွက် အထွက်နှုန်းကို ကြီးကြီးမားမား ထိခိုက်နိုင်ခြေ နည်းပါးသဖြင့် အလွန်အမင်း စိုးရိမ်ရန် မလိုပါဘူး။ သို့သော် လေဝင်လေထွက် မကောင်းခြင်းနှင့် အလင်းရောင် မလုံလောက်ခြင်းတို့ကြောင့် ရောဂါနှင့် ပိုးမွှားဒဏ် ပိုမိုကျရောက်နိုင်ပြီး အပင်လဲနိုင်ခြေ ရှိပါတယ်။ ပြုပြင်ရန်အတွက် စိုက်ပြီး ၁၅ ရက်မှ ၂၀ ရက်အတွင်း အပင်ခွဲနှုတ်ပြီး ကွက်လပ်များတွင် ပြန်ဖာပေးရပါမယ်။ ထို့ပြင် စပါးပင် အလွန်အကျွံ အပင်ပွားခြင်းကို ထိန်းချုပ်ရန် နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာ ကျွေးမှုကို လျှော့ချပြီး အပင်သန်မာစေသော ပိုတက်ရှ် (အနီရောင်) မြေဩဇာကို တိုးကျွေးရပါမယ်။ လယ်ကွက်အတွင်း ရေကို အမြဲလှောင်မထားဘဲ အလှည့်ကျ ရေသွင်းရေထုတ်စနစ်ကို ကျင့်သုံးပေးခြင်းဖြင့် အထွက်နှုန်း မထိခိုက်အောင် ထိရောက်စွာ ကာကွယ်နိုင်ပါတယ်ခင်ဗျာ။

You
21
လွန်ခဲ့သော ၁ ရက် က · မြိုင်

ငါးအမိုင်နိုက ဖော်စပ်ထားပြီး ရေရှည်ထားရလား ခင်ဗျာ

262,505 လွန်ခဲ့သော ၂၀ နာရီ က

ကိုယ်တိုင်ဖော်စပ်ထားသော ငါးအမိုင်နိုအက်ဆစ် (Fish Amino Acid) သည် စနစ်တကျ ပြုလုပ်ပြီး ရေမဝင်အောင် သိမ်းဆည်းထားပါက အနည်းဆုံး ၆ လမှ ၁ နှစ်ခွဲ (၁၈ လ) အထိ အာနိသင်မပျက်ဘဲ ရေရှည်ထားရှိနိုင်ပါတယ်။ ငါးနှင့် သကာရည် (တင်လဲရည်) အချိုးအစား ၁:၁ မှန်ကန်ရန် လိုအပ်ပြီး ဖော်စပ်စဉ်နှင့် သိုလှောင်စဉ်အတွင်း အစိုဓာတ် သို့မဟုတ် ရေဝင်ရောက်ပါက အချဉ်ဖောက်မှု ပျက်ပြားကာ သက်တမ်းတို၍ ပုပ်သိုးသွားတတ်ပါသည်။ ထို့ကြောင့် တိုက်ရိုက်နေရောင်ခြည်မထိသော အေးမြမှောင်မှိုင်သည့်နေရာတွင် လေလုံသော ပလတ်စတစ်ဘူးဖြင့် စနစ်တကျ သိုလှောင်ရန် လိုအပ်ပါတယ်ခင်ဗျာ။

You
ဖြေလည်သော အဖြေရရှိပြီး
1,304
လွန်ခဲ့သော ၁ ရက် က · ပွင့်ဖြူ

စပါး၁၅ပတ်လည်၁အိတ်ပုလဲ၁အိတ်ဂျစ်ပဆန်၁အိတ်ရောပြီး၄ဧကကျွေးပြီးကတည်းကမိုးမပြတ်လို့မြေသြဇာဆုံးရှုံးမှုများနိုင်လားခဗျမြောင်းရေပြတ်နေလို့ဆေးကျွေးပြီးကတည်းကမိုးကနေ့တိုင်းများနေလို့

262,505 လွန်ခဲ့သော ၂၀ နာရီ က
ဤအဖြေဖြင့် ပြေလည်

မြေဩဇာကျွေးပြီးကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေပါက အထူးသဖြင့် ရေပျော်လွယ်သော ပုလဲ (ယူရီးယား) နှင့် ၁၅ ပတ်လည်ထဲမှ နိုက်ထရိုဂျင်ဓာတ်များ ရေနှင့်အတူ မျောပါဆုံးရှုံးနိုင်ခြေ အလွန်များပါတယ်။ ဂျစ်ပဆန်ကတော့ အနယ်ထိုင်မှုနှေးလို့ ဆုံးရှုံးမှုနည်းပါတယ်။ အကယ်၍ လယ်ကွက်ထဲမှ ရေများ ကန်သင်းကျော်ပြီး အပြင်သို့ စီးထွက်သွားပါက မြေဩဇာ အများအပြား ဆုံးရှုံးနိုင်သော်လည်း၊ ကန်သင်းလုံပြီး ရေအိုင်ရုံသာဆိုလျှင် ဆုံးရှုံးမှု သက်သာပါလိမ့်မယ်။ ထို့ပြင် ဦးကြီးကျွေးထားသော မြေဩဇာပမာဏ (၄ ဧကအတွက် ၃ အိတ်) သည် ပုံမှန်ထက် နည်းနေသေးသဖြင့် မိုးစဲသွားပြီး (၅) ရက်ခန့်အကြာတွင် စပါးပင်များ ဝါကြောင်ကြောင်ဖြစ်ကျန်ခဲ့ပါက ၁ ဧကလျှင် ပုလဲမြေဩဇာ (၁၀) ပိဿာနှုန်းခန့် ထပ်မံဖြည့်စွက်ကျွေးပေးရန် လိုအပ်ပါလိမ့်မယ်။အပင်က မလိုရင်တော့ကျွေးစရာမလိုဘူးပေါ့ဗျာ။

1,304 လွန်ခဲ့သော ၁၈ နာရီ က

ကျေးဇူးပါခဗျကန်သင်းကလုံပါတယ်လိုအပ်ရင်ပုလဲထပ်ပြီးကျွေးလိုက်ပါမယ်ခဗျ

You
1,304
လွန်ခဲ့သော ၁ ရက် က · ပွင့်ဖြူ

စပါးခင်းအောက်ဆေးကျွေးချင်လို့အခုဖက်ကမိုးမပြတ်ဖြစ်နေလို့ပုလဲန​ဲ့၁၅ပတ်လည်ကျွေးမှာပါမိုးများရင်အာနိသင်ရော့နိူင်လားခဗျာ

262,505 လွန်ခဲ့သော ၂၀ နာရီ က

မြေဩဇာကျွေးပြီးကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေပါက အထူးသဖြင့် ရေပျော်လွယ်သော ပုလဲ (ယူရီးယား) နှင့် ၁၅ ပတ်လည်ထဲမှ နိုက်ထရိုဂျင်ဓာတ်များ ရေနှင့်အတူ မျောပါဆုံးရှုံးနိုင်ခြေ အလွန်များပါတယ်။ ဂျစ်ပဆန်ကတော့ အနယ်ထိုင်မှုနှေးလို့ ဆုံးရှုံးမှုနည်းပါတယ်။ အကယ်၍ လယ်ကွက်ထဲမှ ရေများ ကန်သင်းကျော်ပြီး အပြင်သို့ စီးထွက်သွားပါက မြေဩဇာ အများအပြား ဆုံးရှုံးနိုင်သော်လည်း၊ ကန်သင်းလုံပြီး ရေအိုင်ရုံသာဆိုလျှင် ဆုံးရှုံးမှု သက်သာပါလိမ့်မယ်။ ထို့ပြင် ဦးကြီးကျွေးထားသော မြေဩဇာပမာဏ (၄ ဧကအတွက် ၃ အိတ်) သည် ပုံမှန်ထက် နည်းနေသေးသဖြင့် မိုးစဲသွားပြီး (၅) ရက်ခန့်အကြာတွင် စပါးပင်များ ဝါကြောင်ကြောင်ဖြစ်ကျန်ခဲ့ပါက ၁ ဧကလျှင် ပုလဲမြေဩဇာ (၁၀) ပိဿာနှုန်းခန့် ထပ်မံဖြည့်စွက်ကျွေးပေးရန် လိုအပ်ပါလိမ့်မယ်။အပင်က မလိုရင်တော့ကျွေးစရာမလိုဘူးပေါ့ဗျာ။

You
ဖြေလည်သော အဖြေရရှိပြီး
3,869
လွန်ခဲ့သော ၁ ရက် က · ပြင်ဦးလွင်

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

262,505 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်
You
11
လွန်ခဲ့သော ၁ ရက် က · မကွေး

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

262,505 လွန်ခဲ့သော ၁ ရက် က
You

မေးခွန်း

232
လွန်ခဲ့သော ၇ နှစ် က · ဇေယျာသီရိ

ပဲတီစိမ်း

ပဲတီစိမ်း ယင်ဖြူ
လွန်ခဲ့သော ၇ နှစ် က

#ယင်ဖြူ ????? မြန်မာအမည် - ယင်ဖြူ အင်္ဂလိပ်အမည် - Whiteflies သိပံ္ပအမည် - မျိုးစိတ်များစွာရှိ မျိုးရင်း - Aleyrodidae မျိုးစဉ် - Hemiptera မြန်မာလို ယင်ဖြူ ( Whiteflies )ဟု ခေါ်သော်ငြား ယင်ကောင် အစစ် မဟုတ်ဘဲ အကြေးပိုး ( Scales insects), ပိုးစေးနဲ( Mealy bugs ), ပျပိုး( Aphids ) တို့နှင့် နှီးနွယ်သော ဟီမီတယ်ရာ ( Hemiptera ) မျိုးစဉ်ထဲမှ စုပ်စားပိုးတစ်မျိုး ဖြစ်သည်။ အပင်မျိုးစုံတွင် ကျရောက် ဖျက်ဆီးသော အင်းဆက်ဖြစ်၍ အရွက်အောက် မျက်နှာပြင်တွင် နေထိုင်စားသောက်သည်။ ကမ္ဘာ့နေရာအနှံ့အပြားတွင် တွေ့ရှိရပြီး မျိုးစိတ်ပေါင်း ၁၅၅၀ အထက်တွင် ရှိသည်။ မျိုးရင်း Aleyrodidae ဖြစ်၍ Superfamily Aleyrodoidea တစ်ခုထဲသာ ရှိသည်။ ၎င်း မျိုးရင်းဝင်များသည် သေးငယ်သော အင်းဆက်များဖြစ်၍ မျိုးစိတ် အများစုက အတောင်ပံ ၃ မီလီမီတာ ခန့်ရှိပြီး ခန္ဓာကိုယ်အရှည် ၁ မီလီမီတာ မှ ၂ မီလီမီတာ ခန့်ရှိသည်။ တချို့သော ယင်ဖြူ တို့သည် အရွယ်အစား အလွန်ကြီး၍ ၅ မီလီမီတာ အထိပင် တွေ့ရသည်။ တခါတရံ လိင် ၂ မျိုးတွင် တစ်မျိုးက အခြား အကောင်ထက် သိသိသာသာ ပိုကြီးသည်။ များသောအားဖြင့် အထီးသည် အမထက် အရွယ်အစား သေးငယ်လေ့ရှိသည်။ ယင်း ပုံစံအား ပျပိုးနှင့် အကြေးပိုးများတွင်လည်း တွေ့ရလေ့ရှိပြီး ထူးထူးခြားခြား အပူပိုင်းဒေသတွင် တွေ့ရသော ယင်ဖြူ များတွင် အမထက် အထီးက ပိုကြီးသည်။ အရွယ်ရောက် ယင်ဖြူများတွင် ဦးမှင် တစ်စုံရှိ၍ အမများ၏ ဦးမှင်သည် အထီးများထက် ရှည်သည်။ Ocelli ဟုခေါ်သော ရိုးရိုး မျက်စိ နှစ်လုံးနှင့် စုပေါင်း မျက်လုံးတစ်စုံ ရှိသည်။ နားနေစဉ် အတောင်အား ဖြန့်ထားသောကြောင့် တချို့က ဖလံ( Moth ) ဟု ထင်မှတ်ကြသည်။ အတောင်တွင် ဂျုံမှုန့်နှင့်တူသော အဖြူရောင် ဖယောင်းမှုန့်များဖြင့် ဖုံးကာထားသည်။ သူတို့ကို ရေ သို့မဟုတ် လက်ဖြင့် ဖယ်ရှား သန့်ရှင်းလိုက်ပါက ထပျံသည့်အခိုက် အမှုန်များသည် ဖုန်ထသကဲ့သို့ ပျံံ့လွင့်သဖြင့် တကယ့်ကို အနှောက်အယှက်ဖြစ်စေသည်။ နွေဦးရာသီတွင် ယင်ဖြူအမသည် ဖိုမဲ့ သန္ဓေအောင်ခြင်း( Parthenogenic ) နည်းဖြင့် မျိုးပွားပြီး နောက်ပိုင်းတွင် အဖိုအမ မိတ်လိုက်၍ မျိုးပွားကြသည်။ အရွယ်ရောက် ယင်ဖြူအမများသည် အစာနှင့် နီးသော အရွက်၏ အောက်မျက်နှာပြင်များတွင် ဥများကို တစ်ဥချင်းစီ ဒေါင်လိုက် ဥချသည်။ ဥများကို တစ်နေရာထဲတွင် စုဝေး၍ ရစ်ဝဲပုံစံ( Spiral patterns ) ဥချပြီးနောက် ဖယောင်းမှုန့်များဖြင့် ဖုံးအုပ်ထားခဲ့သည်။ ဥ ပုံသဏ္ဌာန် ရှည်မျောမျော ဖြစ်၍ ၁၀၀ မှ ၁၅၀ အထိ ဥချနိုင်သည်။ ဥများကို အပင်၏ အထက်ပိုင်းကျသော ရွက်နုများတွင် အများဆုံး တွေ့ရသည်။ ယေဘုယျအားဖြင့် ဥမှ အကောင်ပေါက်ရန် ၁၀ ရက်ခန့် ကြာမြင့်သည်။ သားလောင်း ဘဝတွင် ၁ ပါတ်ခန့် ပင်ရည်များကို စားသုံးပြီးနောက် ရုပ်ဖုံး ဘဝ အဆင့်သို့ ကူးပြောင်းသည်။ ပိုးရုပ်ဖုံး ဘဝတွင် အစာစားခြင်း ရပ်နားနေပြီး ၅ ရက်အကြာတွင် ရုပ်ဖုံးထဲမှ ထွက်လာပြီး မကြာမီ အရွယ်ရောက် အကောင်ကြီးဖြစ်လာသည်။ ၎င်းတို့၏ ဘဝစက်ဝန်းသည် မျိုးစိတ်အရ သော်လည်းကောင်း ရာသီဥတု အခြေအနေအရ သော်လည်းကောင်း ပုံသေကားကျ တွက်မရပဲ အနဲငယ် ခြားနားမှုရှိသည်။ အမှန်စင်စစ် ရုပ်ဖုံးအဆင့်ဟု ဆိုသော်ငြားလည်း ပိုးရုပ်ဖုံး အစစ်မဟုတ်ပဲ ပုစဉ်းကြီး၊ ပုစဉ်းရင်ကွဲ များကဲ့သို့ ရုပ်ဖုံးအဆင့်(Pupal stage) မရှိသော ( Hemimetabolous) ရုပ်သွင်ကူးပြောင်းသည့် ( Metamorphosis ) ရုပ်သွင်ပြင် ပြောင်းခြင်းကို ပိုင်ဆိုင်ထားသော ပြီးပြည့်စုံစွာ ရုပ်သွင် ကူးပြောင်းလေ့ရှိသော အင်းဆက်မျိုး ( Holometabolous insects ) ဖြစ်သည်။ ယင်ဖြူတို့သည် အရေးကြီးသော ဖျက်ပိုးမျိုးစိတ်တွင်ပါဝင်၍ ဘဝအဆင့် အားလုံးတွင် နားနေသည့် ရုပ်ဖုံးအဆင့်မှ အပ သားလောင်း အဆင့်ရော အရွယ်ရောက် အဆင့်မှာပါ စုပ်တံပါသော ပါးစပ်အစိတ်အပိုင်းဖြင့် ပင်ရည်တို့ကို စားသောက်ကြသည်။ သီးနှံပင်များ၏ ပင်ရည်ကို စုပ်ယူစားသုံးသဖြင့် စီးပွားရေးအရ ဆုံးရှုံးမှုများကို ဖြစ်စေသည်။ နွေးသော ရာသီဥတုရှိသည့် အပူပိုင်းဒေသများတွင် ယင်ဖြူကျရောက်ခြင်းကြောင့် စီးပွားရေးအရ ထိခိုက် ဆုံးရှုံးမှု ခန့်မှန်း တန်ဖိုးသည် နှစ်စဉ် ဒေါ်လာ သန်းချီ ရှိသည်ဟု သိရသည်။ ပင်ရည်တို့ကို စားသောက်ပြီးနောက် အချိုရည်များကို စွန့်ထုတ်သောကြောင့် အပင်တွင် ကြပ်ခိုးမှို( Sooty mold )များ ဖြစ်စေသည့် အပြင် ပင်ရည်စုပ်ယူရာတွင် တံတွေးရည်(Saliva)များကို အပင်၏ အစာကြောထဲသို့ ထိုးသွင်းသောကြောင့် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများနှင့် ရောဂါများကို ဖြစ်စေသည့်အပြင် ပြန့်တင်းအား( Turgor pressure )ကိုလည်း လျော့ကျသွားစေသည်။ အရွက်တွင် ယင်းတို့ စုပြုံကျရောက်ပါက အဝါရောင် အစက်အပြောက်များဖြစ်ပေါ်လာပြီး အပင်၏ ရောဂါကို လက်ခံနိုင်စွမ်း မြန်မြန် တိုးစေ၍ ကြံ့ခိုင်မှုကို လျော့နည်းစေသည်။ ၎င်းတို့ စွန့်ထုတ်သော အချိုရည်သည်လည်း အပင်ကို ဒုက္ခပေးရန် အားပေးသကဲ့သို့ ဖြစ်စေသည်။ ယင်ဖြူကျရောက်ခြင်းကြောင့် လက်ခံပင် သေဆုံးသည်အထိ မဖြစ်နိုင်သော်လည်း ၎င်းတို့ သယ်ဆောင်သော ဗိုင်းရပ်စ်( Virus )ကြောင့် အထွက်နှုန်းကို များစွာ ထိခိုက်စေနိုင်သည်။ Aleyrodidae မျိုးရင်းဝင် ယင်ဖြူ မျိုးစိတ်ဖြစ်သည့် Silverleaf whitefly (Bemisia argentifolii)နှင့် (Bemisia tabaci) တို့သည် African cassava mosaic, Bean golden mosaic, Bean dwarf mosaic, Bean calico mosaic, Tomato yellow leaf curl, Tomato mottle နှင့် မျိုးရင်း Geminiviridae မှ Begomoviruses ရောဂါများကို အဓိက သယ်ဆောင်ကောင်အဖြစ် ထင်ရှားသည်။ ခရမ်းချဉ်၊ ပဲမျိုးစုံ၊ ပီလောပီနံ၊ ဝါ၊ ဖရဲသခွား၊ အာလူး၊ ကန်ဇွန်းဥနှင့် သီးနှံပင် အများအပြားတွင် ကျရောက်သည်။ ထိန်းကျောင်းရန်နည်းလမ်း - ယင်ဖြူတို့သည် ဓာတုပိုးသတ်ဆေးဒဏ်အား ခုခံနိုင်သည့် ပုံစံများ လျင်မြန်စွာ တိုးတက် ပြောင်းလည်းလာသဖြင့် ထိန်းကျောင်းရန် ခက်ခဲလာသည်။ ထို့ကြောင့် ယင်ဖြူတို့အား ထိန်းကျောင်းရန် ဇီဝနည်း( Biological )တွင် သားရဲများ ( Predators )၊ ကပ်ပါးများ( Parasitoids )၊ အဏုဇီဝပိုးများ( Microbial ) အခြားသော ဓာတုမဟုတ်တဲ့ နည်းလမ်းများ( Nonchemical means )ဖြစ်သည့် ယင်ဖြူ ကျရောက်နေသော အရွက်များကို ဖယ်ရှားပစ်ခြင်း၊ ဖျက်ဆီးခြင်း၊ ရေအားဖြင့် ဆေးကြောခြင်း၊ အဝါရောင် ကပ်ပြား ထောင်ချောက်(Yellow sticky paper) များဖြင့် ဖမ်းဆီး သုတ်သင်ခြင်းများကို ဟန်ချက်ညီညီ ဆောင်ရွက်၍ နှိမ်နင်းသွားရမည်။ ဓာတုနည်း မဟုတ်သော ထိန်းချုပ်နည်းများဖြင့် ဦးစွာ ဆောင်ရွက်ရမည်ဖြစ်၍ လိုအပ်မှသာ ဓာတုဆေးများဖြစ်သည့် Clothianidin လို့ခေါ်တဲ့ နီယိုနီကိုတီနွိုက်( Neonicotinoid ) အုပ်စုဝင် ဆေး တစ်မျိုးမျိုးကို အသုံးပြု၍ ဖြစ်စေ ဒိုင်နိုတီဖျူရန် ( Dinotefuran ) အင်မီဒါကလိုပရစ်( Imidacloprid ) သိုင်ယာမီသိုဇမ် ( Thiamethoxam ) ပါရာမီသရင်း( Permethrin ) ပါရာသရင်း( Pyrethrins ) အစရှိသည့် ဆေးများနှင့် ဆပ်ပြာရည် ရောစပ်ကာ ပက်ဖျန်း၍ အသုံးပြု နှိမ်နင်းနိုင်သည်။ ဆေးဖျန်းရာတွင် အနည်းဆုံး ၅ ရက်လျှင် တစ်ကြိမ်နှုန်းဖြင့် ၃ ကြိမ် ပက်ဖျန်းပေးရမည်။ Neem oils နှင့် plant extract oil များကိုလည်း အသုံးပြုနိုင်သည်။ သဘာဝ သားရဲများဖြစ်သည့် အစိမ်းရောင် ဇာတောင်ပိုး( Green lacewings )၊ လိပ်ခုံးကျိုင်း( Ladybirds )၊ သားရဲ ဘက်ပိုး ( Minute pirate bugs )၊ လုံမပျို ဘက်ပိုး ( Damsel bugs ) တို့သည် ယင်ဖြူ အရေအတွက်ကို ထိန်းချုပ်ပေးသောကြောင့် ၎င်း သားရဲများကို စောင့်ရှောင့်ခြင်းဖြင့် သွယ်ဝိုက်သောနည်းဖြင့် နှိမ်နင်းရာရောက်သည်။ #NyanMyint 25.12.218

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။